[Zawgyi]

ဗုဒၶဟူးေန႔ ေဘာလံုးသတင္းတိုမ်ားစုစည္းေဖာ္ျပမႈ

အာဆင္နယ္ – အာဆင္နယ္ဂႏၳ၀င္ နည္းျပ အာစင္၀င္းဂါး Arsene Wenger က ေအစီမီလန္နည္းျပရာထူးနဲ႔ ပတ္သက္ျပီး ထြက္ေပၚေနတဲ႔ သတင္းေတြဟာ သတင္းအမွားေတြျဖစ္တယ္လို႔ ျငင္းဆန္ခဲ႔ပါတယ္။

မန္စီးတီး – မန္စီးတီးအသင္းဟာ ခရစၥတယ္ပဲေလ႔စ္အသင္းရဲ႕ ညာေနာက္ခံလူ Bissaka ကိုေခၚယူဖို႔ ေစာင္႔ၾကည္႔ေနပါတယ္။

ခ်ယ္လ္ဆီး – ခ်ယ္လ္ဆီးနည္းျပ ဆာရီ Sarri ဟာ လာမယ္႔ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ ၀က္စ္ဟမ္းအသင္းကို ေျပာင္းေရႊ႕ဖို႔ရိွေနတဲ႔ ကြင္းလယ္လူ ေလာဖ္႔တပ္ခ်ိခ္  Loftus-Cheek ရဲ႕ အေျပာင္းအေရႊ႕ကို တားဆီးပိတ္ပင္ခဲ႔ပါတယ္။

ရီးယဲလ္မက္ဒရစ္ – ရီးယဲလ္မက္ဒရစ္အသင္းဟာ ေရးဗားပလိပ္အသင္းရဲ႕ အသက္(၂၀)အရြယ္ အာဂ်င္တီးနား လူငယ္ကြင္းလယ္လူ Exequiel Palacios ကိုေခၚယူဖို႔ သေဘာတူညီမႈ ရရိွခဲ႔ပါတယ္။

Welbeck

Welbeck

ခရစၥတယ္ပဲေလ႔စ္ – ခရစၥတယ္ပဲေလ႔စ္အသင္းဟာ လာမယ္႔ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ အာဆင္နယ္အသင္းတိုက္စစ္မွဴး ၀ဲလ္ဘတ္ Welbeck ကို ေပါင္(၁၀)သန္းနဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ စဥ္းစားေနပါတယ္။

စပါး – စပါးအသင္းဟာ အသင္းရဲ႕ ကစားသမားေဟာင္း လက္ရိွ ရီးယဲလ္ေတာင္ပံတိုက္စစ္ကစားသမား ေဘးလ္ Bale ကို ျပန္လည္ေခၚယူဖို႔ စိတ္မ၀င္စားဘူး လို႔သိရပါတယ္။

ေလဗာကူဆင္ – ေလဗာကူဆင္ ေတာင္ပံကစားသမား Bailey ကိုေခၚယူဖို႔အတြက္ မန္ယူနဲ႔ မန္စီးတီးအသင္းေတြက ေစာင္႔ၾကည္႔ေနၾကပါတယ္။

ခ်ယ္လ္ဆီး – ခ်ယ္လ္ဆီးအသင္း ေခၚယူဖုိ႔ ခ်ိန္ရြယ္ေနတဲ႔ တိုက္စစ္မွဴးေတြထဲမွာ ဘုန္းေမာက္အသင္းတိုက္စစ္မွဴး Wilson လည္းပါ၀င္လာခဲ႔တယ္လုိ႔ သိရပါတယ္။

၀က္ဖို႔ဒ္ – ၀က္ဖို႔ဒ္အသင္းဟာ ႐ုရွားကလပ္ Akhmat Grozny အသင္းရဲ႕ အီရန္ေတာင္ပံကစားသမား Mohammadi ကိုေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။

Ref: BBC Sport , Goal.com
Photo: The Week UK
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

အာဆင်နယ် – အာဆင်နယ်ဂန္ထဝင် နည်းပြ အာစင်ဝင်းဂါး Arsene Wenger က အေစီမီလန်နည်းပြရာထူးနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ သတင်းအမှားတွေဖြစ်တယ်လို့ ငြင်းဆန်ခဲ့ပါတယ်။

မန်စီးတီး – မန်စီးတီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ညာနောက်ခံလူ Bissaka ကိုခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးနည်းပြ ဆာရီ Sarri ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ဖို့ရှိနေတဲ့ ကွင်းလယ်လူ လောဖ့်တပ်ချိခ်  Loftus-Cheek ရဲ့ အပြောင်းအရွှေ့ကို တားဆီးပိတ်ပင်ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ ရေးဗားပလိပ်အသင်းရဲ့ အသက်(၂၀)အရွယ် အာဂျင်တီးနား လူငယ်ကွင်းလယ်လူ Exequiel Palacios ကိုခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

Welbeck

Welbeck

ခရစ္စတယ်ပဲလေ့စ် – ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းတိုက်စစ်မှူး ဝဲလ်ဘတ် Welbeck ကို ပေါင်(၁၀)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ စဉ်းစားနေပါတယ်။

စပါး – စပါးအသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း လက်ရှိ ရီးယဲလ်တောင်ပံတိုက်စစ်ကစားသမား ဘေးလ် Bale ကို ပြန်လည်ခေါ်ယူဖို့ စိတ်မဝင်စားဘူး လို့သိရပါတယ်။

လေဗာကူဆင် – လေဗာကူဆင် တောင်ပံကစားသမား Bailey ကိုခေါ်ယူဖို့အတွက် မန်ယူနဲ့ မန်စီးတီးအသင်းတွေက စောင့်ကြည့်နေကြပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်း ခေါ်ယူဖို့ ချိန်ရွယ်နေတဲ့ တိုက်စစ်မှူးတွေထဲမှာ ဘုန်းမောက်အသင်းတိုက်စစ်မှူး Wilson လည်းပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

ဝက်ဖို့ဒ် – ဝက်ဖို့ဒ်အသင်းဟာ ရုရှားကလပ် Akhmat Grozny အသင်းရဲ့ အီရန်တောင်ပံကစားသမား Mohammadi ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Ref: BBC Sport , Goal.com
Photo: The Week UK
Ko Kyue(Akhayar)
www.akhayar.com