[Zawgyi]

ဗုဒၶဟူးေန႔ ေဘာလံုးသတင္းတိုမ်ားစုစည္းေဖာ္ျပမႈ

ဘရာဇီးလ္ – ဘရာဇီးလ္အသင္းက ကင္မရြန္းကို ( ၁ – ၀ )နဲ႔ အႏိုင္ရရိွခဲ႔တဲ႔ ေျခစမ္းပြဲမွာ ေနမာ Neymar ဟာ ေပါင္ျခံဒဏ္ရာရရိွခဲ႔ေပမယ္႔ သိပ္ျပီးစိုးရိမ္စရာမရိွဘူးလို႔ သိရပါတယ္။

မန္စီးတီး – မန္စီးတီးအသင္းဟာ ေအဂ်က္စ္လူငယ္ ကြင္းလယ္ကစားသမား ဒီယြန္း De Jong ကို ကလပ္အသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ႔ ေပါင္(၇၅)သန္းနဲ႔ ေခၚယူဖို႔ရိွေနပါတယ္။ ဒီယြန္း ကို ဘာစီလိုနာအသင္းကလည္း ေခၚယူလိုေနျပီး ဒီကစားသမားဟာ မန္စီးတီးနည္းျပ ဂြါဒီယိုလာ Guardiola ရဲ႕ ထိပ္တန္းပစ္မွတ္ ကစားသမားလည္းျဖစ္ပါတယ္။

ခ်ယ္လ္ဆီး – ခ်ယ္လ္ဆီး ကြင္းလယ္ကစားသမား ကြန္ေတ Kante ဟာ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အသင္႔ရိွေနျပီး စာခ်ဳပ္သစ္မွာ တစ္ပတ္လုပ္ခေပါင္(၃)သိန္းခန္႔ ရရိွသြားဖို႔ ရိွေနပါတယ္။

လက္စတာ – လက္စတာအသင္းဟာ အာဆင္နယ္ကြင္းလယ္လူ အယ္နန္နီ Elneny ကိုေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။

Perisic

Perisic

အင္တာမီလန္ – အင္တာမီလန္အသင္းဟာ ပါရီဆစ္ Perisic ကို မန္ယူအသင္းဆီေရာင္းခ်ဖို႔ စဥ္းစားေနျပီး အနည္းဆံုးေပါင္(၃၁)သန္းရရိွမွ ေရာင္းခ်သြားမွာျဖစ္ပါတယ္။

ႏိုက္စ္ – ႏိုက္စ္အသင္းဟာ လီဗာပူးလ္ဂိုးသမား မစ္ဂႏိုလတ္ Mignolet ကုိ လာမယ္႔ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ ေခၚယူလိုေနပါတယ္။

ျပင္သစ္ – ျပင္သစ္အသင္းက ဥ႐ုေဂြးအသင္းကို ( ၁ – ၀ )နဲ႔ အႏိုင္ရရိွခဲ႔တဲ႔ ေျခစမ္းပြဲမွာ ျပင္သစ္တိုက္စစ္ကစားသမား ဘာေပ Mbappe ဟာ ပခံုးဒဏ္ရာရရိွခဲ႔ပါတယ္။

ဆီဗီလာ – ဆီဗီလာအသင္းဟာ အသင္းရဲ႕ကစားသမားေဟာင္း လက္ရွိ လက္စတာကြင္းလယ္လူ Iborra ကိုျပန္လည္ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။

Ref: BBC Sports
Photo: from the South Wales Guardian , The Samford Crimson
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ဘရာဇီးလ် – ဘရာဇီးလ်အသင်းက ကင်မရွန်းကို ( ၁ – ၀ )နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲမှာ နေမာ Neymar ဟာ ပေါင်ခြံဒဏ်ရာရရှိခဲ့ပေမယ့် သိပ်ပြီးစိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

မန်စီးတီး – မန်စီးတီးအသင်းဟာ အေဂျက်စ်လူငယ် ကွင်းလယ်ကစားသမား ဒီယွန်း De Jong ကို ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၇၅)သန်းနဲ့ ခေါ်ယူဖို့ရှိနေပါတယ်။ ဒီယွန်း ကို ဘာစီလိုနာအသင်းကလည်း ခေါ်ယူလိုနေပြီး ဒီကစားသမားဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာ Guardiola ရဲ့ ထိပ်တန်းပစ်မှတ် ကစားသမားလည်းဖြစ်ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးကွင်းလယ်ကစားသမား ကွန်တေ Kante ဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အသင့်ရှိနေပြီး စာချုပ်သစ်မှာ တစ်ပတ်လုပ်ခပေါင်(၃)သိန်းခန့် ရရှိသွားဖို့ ရှိနေပါတယ်။

လက်စတာ – လက်စတာအသင်းဟာ အာဆင်နယ်ကွင်းလယ်လူ အယ်နန်နီ Elneny ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Perisic

Perisic

အင်တာမီလန် – အင်တာမီလန်အသင်းဟာ ပါရီဆစ် Perisic ကို မန်ယူအသင်းဆီရောင်းချဖို့ စဉ်းစားနေပြီး အနည်းဆုံးပေါင်(၃၁)သန်းရရှိမှ ရောင်းချသွားမှာဖြစ်ပါတယ်။

နိုက်စ် – နိုက်စ်အသင်းဟာ လီဗာပူးလ်ဂိုးသမား မစ်ဂနိုလတ် Mignolet ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူလိုနေပါတယ်။

ပြင်သစ် – ပြင်သစ်အသင်းက ဥရုဂွေးအသင်းကို ( ၁ – ၀ )နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲမှာ ပြင်သစ်တိုက်စစ်ကစားသမား ဘာပေ Mbappe ဟာ ပခုံးဒဏ်ရာရရှိခဲ့ပါတယ်။

ဆီဗီလာ – ဆီဗီလာအသင်းဟာ အသင်းရဲ့ကစားသမားဟောင်း လက်ရှိ လက်စတာကွင်းလယ်လူ Iborra ကိုပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Ref: BBC Sports
Photo: from the South Wales Guardian , The Samford Crimson
Ko Kyue(Akhayar)
www.akhayar.com