[Zawgyi]







Mbappe

Mbappe





Ref: BBC Sport , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

လီဗာပူးလ် – လီဗာပူးလ်အသင်းဟာ ဘာစီလိုနာလူငယ်တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီ Dembele ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၈၅)သန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေပါတယ်။

မန်ယူ – မန်ယူအသင်းဟာ ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ မာတာ Mata ၊ ဟာရဲရား Herrera တို့နဲ့ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးနေပါတယ်။

စပါး – စပါးအသင်းဟာ ကာဂလီယာရီအသင်းရဲ့ လူငယ်ကွင်းလယ်လူ Nicolo Barella ကို ပေါင်(၃၅)သန်းနဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

လိုက်ပ်ဇစ် – လိုက်ပ်ဇစ်အသင်းဟာ ဝီဂန်ကွင်းလယ် တိုက်စစ်ကစားသမား ပါဝဲလ် Powell ကို ကမ်းလှမ်းဖို့အဆင့်သင့်ရှိနေပါတယ်။

မန်ယူ – မန်ယူနည်းပြ မော်ရင်ဟို Mourinho ဟာ နောက်ခံလူတွေဖြစ်ကြတဲ့ ဘာယီ Bailly နဲ့ ရိုဟို Rojo တို့ကို ရောင်းချဖို့ အသင့်ရှိနေပါတယ်။

Mbappe

Mbappe

PSG – PSG အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ အဆင့်သင့်မဖြစ်သေးပါဘူးလို့ ဘာပေ Mbappe ကပြောကြားခဲ့ပါတယ်။

အင်တာမီလန် – မန်ယူအသင်းက ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ အင်တာမီလန်နောက်ခံလူ Skriniar ဟာ အသင်းနဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးနေပါတယ်။

PSG – PSG အသင်းဟာ မန်ယူတောင်ပံတိုက်စစ်ကစားသမား ဆန်းချက်ဇ် Sanchez ကိုခေါ်ယူဖို့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။

ဖီနာဘာချီ – ဖီနာဘာချီအသင်းရဲ့ ကွင်းလယ်ကစားသမား Ozan Tufan ကို ခရစ္စတယ်ပဲလေ့စ်နဲ့ ဖူလ်ဟမ်အသင်းတွေဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Ref: BBC Sport , Goal.com
Photo:Evening Standard
Ko Kyue(Akhayar)
www.akhayar.com