မန်ယူ – မန်ယူအသင်းရဲ့ အာဂျင်တီးနားကစားသမားတွေဖြစ်ကြတဲ့ ရိုမဲရိုး Romero နဲ့ ရိုဟို Rojo တို့ဟာ မန်ယူအသင်းက ၀ုလ်ဗ်ကို ( ၁ – ၂ )နဲ့ ရှုံးနိမ့်နေခဲ့တဲ့ ပွဲစဉ်မှာ အရန်ခုံကနေ ရယ်မောနေကြတာကြောင့် လက်ရှိမှာ ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အသင်းရလဒ်ဆိုးနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားများနေချိန်မှာ သူ့တို့နှစ်ဦးရဲ့ လုပ်ရပ်က စိတ်ပျက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးတောင်ပံတိုက်စစ်ကစားသမား ပတ်ဒရို Pedro ကိုခေါ်ယူဖို့အတွက် မီလန်မြို့ခံအသင်းတွေဖြစ်ကြတဲ့ အင်တာမီလန် နဲ့ အေစီမီလန်အသင်းတွေက အပြိုင်ဖြစ်နေကြပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ပတ်ဒရို ဟာ ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအတွက် လက်ရှိအချိန်ထိပွဲပေါင်း (၄၂)ပွဲကစား (၉)ဂိုးသွင်းယူထားပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်း နည်းပြ ဇီဒန်း Zidane ဟာ လာမယ့်နွေမှာ ဂိုးသမား ကော်တိုအာ Courtois ကို ရောင်းချနိုင်တယ.်လို့ စကားရိပ်သန်းခဲ့ပါတယ်။ ကော်တိုအာ ဟာ လက်ရှိမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဦးစားပေးဂိုးသမားအဖြစ်ရပ်တည်နေပေမယ့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူပဲဖြစ်ပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာကွင်းလယ်လူ ဗီဒယ်လ် Vidal ကိုခေါ်ယူဖို့အတွက် ဘိုကာဂျူနီယာအသင်းက စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဗီဒယ်လ် ဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းကို ရောက်ရှိလာခဲ့ပြီး အရန်ကစားသမားအဖြစ်နဲ့သာ ဖြတ်သန်းနေရသူဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဗီဒယ်လ် ဟာ ဘာစီလိုနာအသင်းအတွက် လက်ရှိအချိန်ထိ ပွဲပေါင်း(၄၀)ကစား (၂)ဂိုးသွင်းယူထားပါတယ်။

မန်ယူ – မန်ယူနောက်ခံလူ လုခ်ရှော Luke Shaw ဟာ ၀ုလ်ဗ်နဲ့ ပွဲမှာ အ၀ါကတ်ပြသခံခဲ့ရတာကြောင့် ပရီးမီးယားလိဂ်(၁၀)၀ါပြည့်သွားခဲ့သလို ဒီအနေအထားကြောင့် မန်ယူအသင်းရဲ့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေဖြစ်တဲ့ ၀က်စ်ဟမ်း ၊ အဲဗာတန်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။ ၀ုလ်ဗ်နဲ့ ပွဲမှာ (၂)၀ါ (၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ အက်ရှ်လေယန်း Young ဟာလည်း အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

Ref: BBC Sports , Goal.com
Photo: Daily Mail , Goal.com , Chicago Tribune , We Ain’t Got No History , News ITN
Ko Kyue(Akhayar)
www.akhayar.com