[Zawgyi]






Griezmann

Griezmann






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်း ဘယ်နောက်ခံလူ မားကို့စ်အလွန်ဆို Marcos Alonso ဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ စာချုပ်သစ်အရ မားကို့စ်အလွန်ဆိုဟာ ချယ်လ်ဆီးအသင်းမှာ ၂၀၂၃ ခုနှစ်အထိရှိနေမှာဖြစ်ပါတယ်။

အင်တာမီလန် – အင်တာမီလန်တိုက်စစ်မှူး အီကာဒီ Icardi ဟာ အသင်းကနေ ထွက်ခွာဖို့ ရည်ရွယ်ချက်မရှိပါဘူးလို့ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးတောင်ပံကစားသမား မိုဆက်စ် Moses ဟာ နည်းပြဆာရီ Sarri လက်ထက်မှာရုန်းကန်နေရတာကြောင့် အသင်းကနေထွက်ခွာဖို့ အသင့်ရှိနေပါတယ်။

ဒေါ့မွန် – ဒေါ့မွန်အသင်းဟာ မိုချန်ဂလာဘတ်ကစားသမား သော်ဂန်ဟာဇက် Thorgan Hazard ကိုခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

Griezmann

Griezmann

PSG – PSG အသင်းဟာ အက်သလက်တီကို တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း Griezmann ကိုခေါ်ယူဖို့အတွက် မြင့်မားတဲ့ ကမ်းလှမ်းမှုတစ်ခုပြုလုပ်ဖို့ ရှိနေပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ နောက်ခံလူ ရူဒီဂါ Rudiger ကို စာချုပ်သစ်ကိစ္စ ကမ်းလှမ်းထားပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ အိုးထရက်ဖို့ဒ်အပြန်လမ်းမှာ နွေးထွေးစွာကြိုဆိုခဲ့ကြတဲ့ မန်ယူပရိသတ်တွေကို ကျေးဇူးတင်နေပါတယ်။

ဘာစီလိုနာ -ဘာစီလိုနာ ဘယ်နောက်ခံလူ အယ်လ်ဘာ Alba ဟာ လိုပယ်တက်ဂီ Lopetegui ကို ရီးယဲလ်နည်းပြရာထူးမှာပဲရှိနေဖို့ မျှော်လင့်နေပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီ Valverde က အသင်းဟာ မက်ဆီ Messi မပါဘဲ ကစားဖို့အဆင့်သင့်ဖြစ်နေပြီလို့ပြောကြားခဲ့ပါတယ်။

Ref: BBC Sport , Goal.com , Sportskeeda , Ronaldo.com
Photo: rfi.fr , Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com