လစဉ်အသုံးပြုသူ ၁ ဘီလီယံရှိသွားပြီဖြစ်တဲ့ WeChat





Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

WeChat Application ဟာ မြန်မာနိုင်ငံအပါအဝင်အခြားသောနိုင်ငံတွေမှာ အသုံးပြုမှုနည်းပါးပေမယ့် မိခင်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာတော့ အသုံးပြုမှုအများဆုံး Messaging & Social App တစ်ခုဖြစ်ပါတယ်။ အခု WeChat ရဲ့ မူရင်းကုမ္ပဏီဖြစ်တဲ့ Tencent ကနေ Beijing မှာ ပြုလုပ်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်အရ WeChat ဟာ အခုဆိုရင် လစဉ်အသုံးပြုသူ ၁ ဘီလီယံအထိရှိနေပြီလို့ သိရပါတယ်။

WeChat Application ဟာ အခုလိုမျိုး အသုံးပြုသူတွေများပြားလာတာဟာ Social Media တစ်ခုထက်ပိုတဲ့စွမ်းဆောင်ရည်တွေကြောင့်ဖြစ်နိုင်ပြီးတော့ WeChat ဟာ အခုဆိုရင် ငွေကြေးပေးချေမှုတွေကိုပါ ပြုလုပ်နိုင်နေတာဖြစ်ပါတယ်။ WeChat နဲ့ပဲ အစားအစားမှာယူတာ၊ ကားငှားတာ၊ ဘဏ်ပိုင်းဆိုင်ရာဆောင်ရွက်နိုင်တာအပါအဝင် အရာတော်တော်များများကိုလည်း WeChat နဲ့ပဲ ပေးချေနိုင်တာဖြစ်ပါတယ်။

အခု WeChat Application ဟာ တရုတ်အပါအဝင် အရှေ့တောင်အာရှ၊ ဥရောပ နဲ့ အမေရိကန် နိုင်ငံတွေမှာ အသုံးပြုမှုများပြားလာတာကို တွေ့ရပြီးတော့ များသောအားဖြင့် တရုတ်နိုင်ငံကနေ ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေအသုံးပြုတာဖြစ်တယ်လို့ သိရပါတယ်။

အခု Tencent က ထုတ်ပြန်လိုက်တဲ့ ပမာဏက WeChat ကို လစဉ်ပုံမှန်အသုံးပြုနေတဲ့သူတွေကိုပဲ ရည်ရွယ်တာဖြစ်ပြီး WeChat ကို အသုံးပြုနေတဲ့ Account တွေကို ရည်ရွယ်တာမဟုတ်သေးပါဘူး။ အဲ့ဒီအတွက် WeChat ရဲ့ လက်ရှိအသုံးပြုမှုပမာဏဟာ အခုထက်ပိုပြီးများပြားတယ်လို့ ယူဆရမှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com