ကိုယ္ေန႔စဥ္သံုးေနရတဲ႔ ပစၥည္းေလးေတြမွာ အမွတ္တမဲ႔ျဖစ္ေနခဲ႔တဲ႔ အရာေလးေတြရွိပါတယ္။ သူတို႔ေတြရဲ႕ အသံုးဝင္ပံုကလည္း အ႔ံမခန္းပါပဲ။ ဘာေၾကာင္႔ ဘယ္လိုသံုးၾကတယ္ဆိုတာကို မွ်ေဝေပးလိုက္ပါတယ္။

Cap

သိုးေမြးဦးထုပ္ထိပ္ကပန္းပြားေလးေတြ

ကၽြန္မတို႔ေဆာင္းေနၾကတဲ႔ သိုးေမြးဦးထုပ္ထိပ္ကပန္းပြားေလးေတြက အလိုလိုအလွထည္႔ၾကတာမဟုတ္ပါဘူး။ သူ႔ရဲ႕သမိုင္းေၾကာင္းရွိပါသတဲ႔။ အဲဒါကေတာ႔ ၁၈ ရာစုက ျပင္သစ္စစ္သားေတြဟာ ေခါင္းမိုးနိမ္႔တဲ႔ေနရာေတြကို သြားမယ္ဆိုရင္ဦးေခါင္းထိပ္နဲ႔တိုက္မိျပီး နာက်င္ရတာမ်ိဳးမျဖစ္ရေအာင္ ဦးထုပ္အေပၚမွာခုလိုပန္းပြားေလး တပ္ခဲ႔ၾကတာျဖစ္ပါတယ္။

Candy

စုပ္လုံုးပိုက္တံကအခ်ိဳင္႔ရာေလး

ပိုက္တံနဲ႔သၾကားလံုးေတြကိုၾကည္႔ရင္ သူတို႔ရဲ႕ပိုက္တံထိပ္ဖ်ားမွာ အခ်ိဳင္႔ရာေလး ပါတာကိုေတြ႔ရမွာပါ။ ဒါဟာ သၾကားလံုးစားမယ္႔ကေလးေတြအတြက္ ရည္ရြယ္တာျဖစ္ပါတယ္။ ဒီအခ်ိဳင္႔ရာေလးဟာ သၾကားလံုးကိုျမဲေအာင္ထိန္းထားေပးတဲ႔အတြက္ ပါးစပ္ထဲကၽြတ္ထြက္ျပီး အလံုးလိုက္ဝင္သြားတာမ်ိဳး မျဖစ္ေစေတာ႔ပါဘူး။

Backpack

ေက်ာပိုးအိတ္ေနာက္က ေလးေထာင္႔အေပါက္ေလး

ေက်ာပိုးအိတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ အေနာက္မွာ ေလးေထာင္႔အေပါက္ေလးႏွစ္ခုပါဝင္ပါတယ္။ ဒါဟာ Camp သြားတဲ႔အခ်ိန္မ်ိဳးမွာ ၾကိဳးနဲ႔အျခားေသာ အရာေလးေတြခ်ိတ္ဆြဲဖို႔ပါ။ ခုေခတ္မွာေတာ႔ ေသာ႔ခ်ိတ္လိုမ်ိဳး Accessories ေလးေတြ ခ်ိတ္ဆြဲလာၾကပါျပီ။

i phone

iPhone မွာပါတဲ႔ကင္မရာနဲ႔ ဖလက္ရွ္မီးၾကားကအေပါက္ကေလး

iPhone မွာပါတဲ႔ ဒီအေပါက္ေလးဟာ အရန္မိုက္ကရိုဖုန္းေလးျဖစ္ပါတယ္။ သူက အဓိက မိုက္ကရိုဖုန္းက ဖမး္လိုက္တဲ႔အသံေတြထဲကေန မလိုအပ္တဲ႔အသံေတြ ၊ Noise ေတြကို စစ္ထုတ္ေပးတာျဖစ္ပါတယ္။ ဖမ္းလိုက္တဲ႔စကားသံရဲ႕ေလယူေလသိမ္းကို ပိျုပတ္သားေအာင္လုပ္ေဆာင္ႏိုင္ပါတယ္။

tomato ketchup

Heinz Tomato Ketchup ေပၚကနံပါတ္

ဒီခရမ္းခ်ဥ္သီးေဆာ႔စ္ဘူးေပၚက နံပါတ္ေလးကေတာ႔ ဒီေဆာ႔စ္ထဲမွာပါဝင္တဲ႔ ပါဝင္ပစၥည္းအေရအတြက္ကို ေျပာခ်င္တာပါ။ ေဆာ႔စ္ကုန္ခါနီးေနလို႔ လက္ေပၚခါခ်ရတဲ႔အခ်ိန္မ်ိဳးမွာ ဒီနံပါတ္ေနရာကို ႏွိပ္ျပီးခါခ်ေပးရင္ အလြယ္တကူက်လာတတ္တာကို အံ႔ၾသဖြယ္ေတြ႔ရမွာပါတဲ႔။

cosmetics

အလွကုန္ပစၥည္းေတြေပၚက အမွတ္အသား

အလွကုန္ပစၥည္းဘူးေတြေပၚမွာေတြ႔ရေလ႔ရွိတဲ႔  6M ၊ 12M ဆိုတာေတြဟာ ဒီပစၥည္းေတြရဲ႕သက္တမ္းကိုေျပာတာျဖစ္ပါတယ္။ ဒီသက္တမ္းဟာ ပါကင္ေဖာက္လို႔စျပီး အသံုးျပဳခ်ိန္ကေနစတင္ ေရတြက္ရမွာပါ။

box cutter

ေမာင္းခ်ဓား

ဒီဓားေလးေတြမွာ ဓားဆစ္ေလးေတြပါတာေတြ႔ရမွာပါ။ ဒါဟာ ဓားသြားကိုအသစ္လဲဖို႔ျဖစ္ပါတယ္။ ဓားရဲ႕ဖင္ပိတ္ေလးကို အသံုးခ်ရမွာပါ။ ဒီဖင္ပိတ္ေလးနဲ႔ ဓားသြားကိုညွပ္ျပီး အလြယ္တကူခ်ိဳးဖဲ႔လိုက္ရံုပါပဲ။

Ref#Brightside

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

Unicode

ကိုယ်နေ့စဉ်သုံးနေရတဲ့ ပစ္စည်းလေးတွေမှာ အမှတ်တမဲ့ဖြစ်နေခဲ့တဲ့ အရာလေးတွေရှိပါတယ်။ သူတို့တွေရဲ့ အသုံးဝင်ပုံကလည်း အံ့မခန်းပါပဲ။ ဘာကြောင့် ဘယ်လိုသုံးကြတယ်ဆိုတာကို မျှဝေပေးလိုက်ပါတယ်။

သိုးမွေးဦးထုပ်ထိပ်ကပန်းပွားလေးတွေ

ကျွန်မတို့ဆောင်းနေကြတဲ့ သိုးမွေးဦးထုပ်ထိပ်ကပန်းပွားလေးတွေက အလိုလိုအလှထည့်ကြတာမဟုတ်ပါဘူး။ သူ့ရဲ့သမိုင်းကြောင်းရှိပါသတဲ့။ အဲဒါကတော့ ၁၈ ရာစုက ပြင်သစ်စစ်သားတွေဟာ ခေါင်းမိုးနိမ့်တဲ့နေရာတွေကို သွားမယ်ဆိုရင်ဦးခေါင်းထိပ်နဲ့တိုက်မိပြီး နာကျင်ရတာမျိုးမဖြစ်ရအောင် ဦးထုပ်အပေါ်မှာခုလိုပန်းပွားလေး တပ်ခဲ့ကြတာဖြစ်ပါတယ်။

စုပ်လုံးပိုက်တံကအချိုင့်ရာလေး

ပိုက်တံနဲ့သကြားလုံးတွေကိုကြည့်ရင် သူတို့ရဲ့ပိုက်တံထိပ်ဖျားမှာ အချိုင့်ရာလေး ပါတာကိုတွေ့ရမှာပါ။ ဒါဟာ သကြားလုံးစားမယ့်ကလေးတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ဒီအချိုင့်ရာလေးဟာ သကြားလုံးကိုမြဲအောင်ထိန်းထားပေးတဲ့အတွက် ပါးစပ်ထဲကျွတ်ထွက်ပြီး အလုံးလိုက်ဝင်သွားတာမျိုး မဖြစ်စေတော့ပါဘူး။

ကျောပိုးအိတ်နောက်ကလေးထောင့်အပေါက်လေး

ကျောပိုးအိတ်တော်တော်များများရဲ့ အနောက်မှာ လေးထောင့်အပေါက်လေးနှစ်ခုပါဝင်ပါတယ်။ ဒါဟာ Camp သွားတဲ့အချိန်မျိုးမှာ ကြိုးနဲ့အခြားသော အရာလေးတွေချိတ်ဆွဲဖို့ပါ။ ခုခေတ်မှာတော့ သော့ချိတ်လိုမျိုး Accessories လေးတွေ ချိတ်ဆွဲလာကြပါပြီ။

iPhone မှာပါတဲ့ကင်မရာနဲ့ ဖလက်ရှ်မီးကြားကအပေါက်ကလေး

iPhone မှာပါတဲ့ ဒီအပေါက်လေးဟာ အရန်မိုက်ကရိုဖုန်းလေးဖြစ်ပါတယ်။ သူက အဓိက မိုက်ကရိုဖုန်းက ဖမ်းလိုက်တဲ့အသံတွေထဲကနေ မလိုအပ်တဲ့အသံတွေ ၊ Noise တွေကို စစ်ထုတ်ပေးတာဖြစ်ပါတယ်။ ဖမ်းလိုက်တဲ့စကားသံရဲ့လေယူလေသိမ်းကို ပိြုပတ်သားအောင်လုပ်ဆောင်နိုင်ပါတယ်။

Heinz Tomato Ketchup ပေါ်ကနံပါတ်

ဒီခရမ်းချဉ်သီးဆော့စ်ဘူးပေါ်က နံပါတ်လေးကတော့ ဒီဆော့စ်ထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းအရေအတွက်ကို ပြောချင်တာပါ။ ဆော့စ်ကုန်ခါနီးနေလို့ လက်ပေါ်ခါချရတဲ့အချိန်မျိုးမှာ ဒီနံပါတ်နေရာကို နှိပ်ပြီးခါချပေးရင် အလွယ်တကူကျလာတတ်တာကို အံ့သြဖွယ်တွေ့ရမှာပါတဲ့။

အလှကုန်ပစ္စည်းတွေပေါ်က အမှတ်အသား

အလှကုန်ပစ္စည်းဘူးတွေပေါ်မှာတွေ့ရလေ့ရှိတဲ့  6M ၊ 12M ဆိုတာတွေဟာ ဒီပစ္စည်းတွေရဲ့သက်တမ်းကိုပြောတာဖြစ်ပါတယ်။ ဒီသက်တမ်းဟာ ပါကင်ဖောက်လို့စပြီး အသုံးပြုချိန်ကနေစတင် ရေတွက်ရမှာပါ။

မောင်းချဓား

ဒီဓားလေးတွေမှာ ဓားဆစ်လေးတွေပါတာတွေ့ရမှာပါ။ ဒါဟာ ဓားသွားကိုအသစ်လဲဖို့ဖြစ်ပါတယ်။ ဓားရဲ့ဖင်ပိတ်လေးကို အသုံးချရမှာပါ။ ဒီဖင်ပိတ်လေးနဲ့ ဓားသွားကိုညှပ်ပြီး အလွယ်တကူချိုးဖဲ့လိုက်ရုံပါပဲ။
Ref# Brightside

ဂျူဂျူး(အခရာ)

www.akhayar.com