[Zawgyi]
Invasion Stage Map
Invasion Stage Map
Invasion
Invasion
We Are Connected
Alan Walker
Alan Walker
Don Diablo
Don Diablo
We Are Connected
We Are Connected
Su Yi Htet (Akhayar)
[Unicode]
ချိတ်ဆက်ကြမှာလား …Invader တွေ လုပ်ကြမှာလား
ကဲ ..Festival Season လည်း စပြီဆိုတော့ မကြာခင်မှာ ပွဲတွေ ဆက်တိုက်လာတော့မှာပါ။ ဒီလရဲ့ ဒုတိယပတ်စနေနေ့မှာဆိုရင်လည်း နာမည်ကျော် Music Festival ပွဲက နှစ်ပွဲတောင် ရှိနေတာ လူငယ်တွေ သတိထားမိကြမှာဖြစ်သလို ဒီနှစ်ပွဲကြား ခေါင်းစားနေရတဲ့သူတွေလည်း ရှိကောင်း ရှိမှာပါ။
နှစ်ပွဲလုံးကတော့ အသေအချာကို ပြင်ဆင်ထားပြီး ရှယ်ဖြုတ်လို့ရမယ့် ပွဲကြီးပွဲကောင်းတွေချည်းပါပဲ။ ကဲ သင်ရော..ချိတ်ဆက်မှာလား Invader လုပ်မှာလား။
Invasion Music Festival
Warface ၊ Ran-D နဲ့ Salvatore Ganacci တို့က Headliner တွေအနေနဲ့ ပါဝင်မယ့် ဒီ Invasion Music Festival ဟာဆိုရင် The One Entertainment Park မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အကြမ်းတကာ့ အကြမ်းဆုံး သံစဉ်တွေနဲ့အတူ အမိုက်စား စတိတ်စင်တွေကိုလည်း မြင်ရမယ့်ပွဲပါ။ Stage တွေအနေနဲ့ ..
Invasion Stage Map
Invasion Stage Map
Invasion Main Stage – International Acts အများဆုံးဖြေဖျော်မှာဖြစ်ပြီး ညနေ ၃ နာရီကနေ ည ၁၂ နာရီအထိ ရှိမှာပါ။ဒါ့အပြင် Power Hour လုပ်မယ့် Stage ပါ။
Welcome Stage – ဒီ Stage ကတော့ Entrance ဝင်ဝင်ချင်း ညာဘက်မှာ ရှိပါတယ်။ YGN Pro DJ က ပြုလုပ်တာဖြစ်ပြီးတော့ Local က Talented DJ Artists တွေနဲ့ Pro DJ က Resident DJ တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
Aliens Side Stage – သူကတော့ Indoor Tent ထဲမှာပါ။ Door Open ၂နာရီစလိုက်ပြီးတာနဲ့ Free Hydration Station ကနေ ရေဗူးတွေဝေပြီးတဲ့အချိန် ၂း၁၅ မှာ စတင်မှာဖြစ်ပါတယ်။ Local Act တွေနဲ့အတူ B2B Setတွေလည်း အများကြီးပါဝင်မှာပါ။
Laser Stage – ဒီ Stage ကတော့ အထူးခြားဆုံးပါ။ Alien Side Stage ကနေ ညပိုင်းမှာ ပြောင်းလဲဖြစ်ပေါ်လာတဲ့ Stage ဖြစ်သလို Laser ၁၂ လုံး တပ်ဆင်ထားတဲ့အတွက် အမိုက်ဆုံး Laser Experience တွေကို ခံစားရမှာပါ။ Laser Stage ကို အပြင် Outdoor Main Stage ရဲ့ Firework မီးရှှုးမီးပန်းတွေ ဖောက်အပြီးမှာ ဆက်ကြည့်လို့ရနိုင်သလို International Headliner “JETFIRE” နဲ့အတူ “AJOHN B2B OUJ” Set ဖျော်ဖြေမှုကိုလည်း ကြည့်ရမှာဖြစ်ပါတယ်။ဒါ့အပြင် Wristband (GA,VIP,VVIP) လက်ပတ် အားလုံးက ညပိုင်းမှာ Laser Stage ရဲ့ GA Area ကို Free ဝင်ခွင့်ရဦးမှာပါတဲ့။Local Acts တွေတော်တော်များများ အားဖြည့်ထားတဲ့ ပွဲဖြစ်သလို စတိတ်စင်က လေးခုတောင်ဆိုတော့ အရမ်းကို မိုက်နေပါပြီ။
Headliner တွေအပြင် ပါဝင်တင်ဆက်ပေးမယ့် Suppoting တွေ၊ Local Acts တွေကတော့ ဒီမှာပါ။ Local Acts တွေ တော်တော်များများ ပါဝင်အားဖြည့်ထားတာ တွေ့ရပါလိမ့်မယ်။
Invasion
Invasion
We Are Connected
ကမ္ဘာ့အကောင်းဆုံး DJ တွေဖြစ်တဲ့ Alan Walker နဲ့ Don Diablo တို့နှစ်ယောက်က Headliner တွေအနေနဲ့ ပါဝင်မယ့် We Are Connected ပွဲကို Thuwunnabhumi Event Park မျာ ကျင်းပသွားမှာပါ။
Alan Walker
Alan Walker
Don Diablo
Don Diablo
ဒါ့အပြင် တခြား နာမည်ကြီး DJ တွေဖြစ်တဲ့ Sander Van Doorn ၊ Cash Cash နဲ့ The Him တို့လည်း ပါဝင်မှာဖြစ်သလို Local Acts တွေဖြစ်တဲ့ Hane၊ S – LOGIC နဲ့ The Bugbears တို့က ပါဝင်အားဖြည့်ပေးထားပါတယ်။ H-Life Entertainment နဲ့အတူ ALDA Events တို့က ပူးပေါင်းတင်ဆက်ထားတာ ဖြစ်တဲ့အတွက် စတိတ်အပြင်အဆင်ပိုင်းမှာလည်း ကောင်းမွန်ဆန်းပြားမယ်လို့ မျှော်လင့်ရတဲ့ပွဲတစ်ပွဲပါ။ Local Acts နည်းပေမယ့် Headliner တွေနဲ့ Suppoting တွေလည်း သေချာအားဖြည့်ထားတာ တွေ့ရပါတယ်။
We Are Connected
We Are Connected
မြန်မာ Raver တွေအချင်းချင်း ပိုပြီး ချစ်ခင်ရင်းနှီးသွားအောင် “Connect” လုပ်ပေးချင်တဲ့ Concept လေးကလည်း အင်မတန်ချစ်စရာကောင်းပါတယ်။ ဒါ့အပြင် Alan Walker ၊ Don Diablo တို့နဲ့ အတူ Meet & Greet အစီအစဉ်လည်း ရှိတယ်လို့လည်း ဆိုပါတယ်။ WAC လက်မှတ်ထားသူတိုင်း ဘယ်သူမဆို ပါဝင်နိုင်မှာဖြစ်သလို ကံထူးသူတွေက သူတို့နှစ်ယောက်နဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကူးခွင့်ရဦးမှာပါ။ ကဲ ဘယ်လိုလဲ ချိတ်ဆက်သွားချင်ပြီဟုတ်။
နာမည်ကျော်ပွဲကြီးနှစ်ပွဲဖြစ်တဲ့ Invasion Music Festival နဲ့ We Are Connected ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်း တစ်ရက်တည်းဆိုတော့ ဟိုလည်းသွားချင်၊ ဒီလည်းသွားချင်ဖြစ်နေမှာ အမှန်ပါပဲ။ အချိန်ရှိတုန်း ချိတ်ဆက်မှာလား Invader လုပ်မှာလား မြန်မြန်ရွေးချယ်စဉ်းစားလိုက်တော့နော်။
Su Yi Htet (Akhayar)