အခုေခတ္မွာ ကြန္ပ်ဴတာေတြအကုန္လံုးနီးပါးက Hard Drive ေတြအစား Speed ပိုျမန္ဆန္တဲ့ SSD ေတြကို ေျပာင္းလဲအသံုးျပဳလာၾကျပီျဖစ္ပါတယ္။ အခုလုိမ်ိဳး SSD ေတြကိုအသံုးျပဳလာတဲ့အဓိကအခ်က္ကေတာ့ Storage ပမာဏထက္ SSD ေတြရဲ႕ အျမန္ႏႈန္းကြာျခားမႈက အရမ္းကို သိသာလာတာေၾကာင့္ျဖစ္ျပီးေတာ့ အခုအခ်ိန္မွာ SSD ေတြရဲ႕ ေစ်းႏႈန္းကလည္း အရင္ကေလာက္ ေစ်းမၾကီးေတာ့တာေၾကာင့္ျဖစ္ပါတယ္။

အခုအခ်ိန္မွာ Storage Devices ေတြထုတ္လုပ္တဲ့ေနရာမွာ ဆရာတစ္ဆူျဖစ္တဲ့ WD လုိ႔ လူသိမ်ားတဲ့ Western Digital ကေနလည္း 4K Gaming အတြက္ ရည္ရြယ္ျပီး Speed အလြန္ျမန္ဆန္တဲ့ Black 3D NVMe SSD ကို ထုတ္ေပးလုိက္ပါတယ္။ အခု Black 3D NVMe SSD ဟာ 4K နဲ႔ Ultra HD Graphic ေတြကို အျပတ္အေတာက္မရွိပဲ အလွ်င္အျမန္အသံုးျပဳႏုိင္ဖုိ႔အတြက္ အဓိကျဖစ္ျပီးေတာ့ High-end Video Editor ေတြနဲ႔ Gamers ေတြအတြက္ ရည္ရြယ္ထားတာျဖစ္ပါတယ္။

WD Black 3D NVMe SSD ေတြကို Storage အေနနဲ႔ 250GB ၊ 500GB နဲ႔ 1TB Storage အမ်ိဳးအစား ၃ မ်ိဳး ထုတ္လုပ္ထားတာျဖစ္ျပီးေတာ့ အျမန္ႏႈန္းအေနနဲ႔ကေတာ့ 1TB SSD မွာ 2,800 MB/s ပဲရွိမွာျဖစ္ေပမယ့္ 250GB နဲ႔ 500GB Model ေတြကေတာ့ 3,400 MB/s အထိ ရွိမွာျဖစ္ျပီး လက္ရွိမွာ အျမန္ဆံုးေသာ NVMe SSD တစ္ခုျဖစ္လာျပီပဲျဖစ္ပါတယ္။

Western Digital ဟာ အခု Black 3D NVMe SSD ေတြကို Storage အနည္းကေန အမ်ားဆံုးကို ေဒၚလာ ၁၂၀ ၊ ၂၃၀ နဲ႔ ၄၅၀ ႏႈန္းနဲ႔ ေရာင္းခ်သြားမွာျဖစ္ျပီးေတာ့ လာမယ့္ ဧျပီရယ္လကုန္ပိုင္းမွာ စတင္ဝယ္ယူလုိ႔ရမွာျဖစ္ပါတယ္။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

အခုခေတ်မှာ ကွန်ပျူတာတွေအကုန်လုံးနီးပါးက Hard Drive တွေအစား Speed ပိုမြန်ဆန်တဲ့ SSD တွေကို ပြောင်းလဲအသုံးပြုလာကြပြီဖြစ်ပါတယ်။ အခုလိုမျိုး SSD တွေကိုအသုံးပြုလာတဲ့အဓိကအချက်ကတော့ Storage ပမာဏထက် SSD တွေရဲ့ အမြန်နှုန်းကွာခြားမှုက အရမ်းကို သိသာလာတာကြောင့်ဖြစ်ပြီးတော့ အခုအချိန်မှာ SSD တွေရဲ့ ဈေးနှုန်းကလည်း အရင်ကလောက် ဈေးမကြီးတော့တာကြောင့်ဖြစ်ပါတယ်။

အခုအချိန်မှာ Storage Devices တွေထုတ်လုပ်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ WD လို့ လူသိများတဲ့ Western Digital ကနေလည်း 4K Gaming အတွက် ရည်ရွယ်ပြီး Speed အလွန်မြန်ဆန်တဲ့ Black 3D NVMe SSD ကို ထုတ်ပေးလိုက်ပါတယ်။ အခု Black 3D NVMe SSD ဟာ 4K နဲ့ Ultra HD Graphic တွေကို အပြတ်အတောက်မရှိပဲ အလျှင်အမြန်အသုံးပြုနိုင်ဖို့အတွက် အဓိကဖြစ်ပြီးတော့ High-end Video Editor တွေနဲ့ Gamers တွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

WD Black 3D NVMe SSD တွေကို Storage အနေနဲ့ 250GB ၊ 500GB နဲ့ 1TB Storage အမျိုးအစား ၃ မျိုး ထုတ်လုပ်ထားတာဖြစ်ပြီးတော့ အမြန်နှုန်းအနေနဲ့ကတော့ 1TB SSD မှာ 2,800 MB/s ပဲရှိမှာဖြစ်ပေမယ့် 250GB နဲ့ 500GB Model တွေကတော့ 3,400 MB/s အထိ ရှိမှာဖြစ်ပြီး လက်ရှိမှာ အမြန်ဆုံးသော NVMe SSD တစ်ခုဖြစ်လာပြီပဲဖြစ်ပါတယ်။

Western Digital ဟာ အခု Black 3D NVMe SSD တွေကို Storage အနည်းကနေ အများဆုံးကို ဒေါ်လာ ၁၂၀ ၊ ၂၃၀ နဲ့ ၄၅၀ နှုန်းနဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ လာမယ့် ဧပြီရယ်လကုန်ပိုင်းမှာ စတင်ဝယ်ယူလို့ရမှာဖြစ်ပါတယ်။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com