မောင်းသူမဲ့ကားတစ်စီးဖြစ်လာဖို့အတွက် အထောက်အကူပစ္စည်းပေါင်းများစွာလိုအပ်ပါတယ်။ Lidar စနစ်အသုံးပြုထားတဲ့ Waymo Machines နဲ့ Custom rules တွေအပါအဝင် သွားလိုတဲ့နေရာကိုသိနိုင်ဖို့ အသေးစိတ်ရေးဆွဲထားတဲ့ Map စတာတွေကို လိုအပ်ပါတယ်။ Wayve technologies က အထောက်အကူပစ္စည်းသိပ်မလိုတဲ့ မောင်းသူမဲ့ကားတွေကို ထုတ်လုပ်နိင်ဖို့ကြိုးစားနေခဲ့ပါတယ်။ မကြာသေးခင်ကပဲ ကင်မရာနဲ့ Phone ကပို့ပေးတဲ့ GPS Direction ကိုသာအသုံးပြုထားတဲ့ မောင်းသူမဲ့ကားနမူနာပုံစံတစ်စီးကို အစမ်းမောင်းနှင်ပြသခဲ့ပါတယ်။

ဒီကားဟာ အရင်က နာရီ  ၂၀ လောက်ပဲမောင်းနှင်ဖူးပြီး လမ်းကလည်းတစ်ခါမှမမောင်းဖူးတဲ့ လမ်းအသစ်တွေဖြစ်ပါတယ်။ ကားကတော့ ဘယ်ဘက်ကပ်မောင်းရမယ်ဆိုတာကိုမသိသလို လမ်းစည်းကမ်းတွေကိုလည်းမသိပါဘူး။
ဒီကားမှာ အဓိကသုံးသွားတာကတော့ Driving AI ဖြစ်ပါတယ်။ ဒီ AI ဟာလူတစ်ယောက်ရဲ့မောင်းနှင်ပုံကိုတုပပြီး Computer vision ကိုအသုံးပြုကာညွှန်ပြထားတဲ့လမ်းအတိုင်းမောင်းနှင်ပေးမှာဖြစ်ပါတယ်။ Input data ကိုအသုံးပြုခြင်းအားဖြင့် control ပိုင်းနဲ့သာသက်ဆိုင်တဲ့ Features တွေကိုသင်ယူနိုင်ပြီး အချိန်ကြာကြာတွက်ချက်မှုတွေကိုလည်း သိသိသာသာလျှော့ချပေးပါတယ်။

၎င်း AI က Modern Laptop တစ်ခုလိုစွမ်းဆောင်နိုင်တယ်လို့လည်း Wayve ကပြောကြားခဲ့တယ်။ တခြားမောင်းသူမဲ့ကားတွေဟာ ကြီးမားတဲ့ Computing Power လိုအပ်ပြီး အကုန်အကျများကာ ဝန်ပိစေပါတယ်။
Wayve ရဲ့ AI Driving နည်းပညာကတော့ မြန်မြန်ဆန်ဆန်တွက်ချက်ဆုံးဖြတ်နိုင်တဲ့အပြင် မောင်းသူမဲ့ကားတစ်စီးအတွက်လိုအပ်မယ့် ကုန်ကျစားရိတ်တွေကိုလည်းသက်သာစေမှာပါ။

ဒါပေမယ့် ဒီ AI နည်းပညာဟာလိုအပ်မှုပေါင်းများစွာရှိနေပါသေးတယ်။ ရှုပ်ထွေးတဲ့ကိစ္စတချို့ကိုဖြေရှင်းနိင်ပေမယ့် လူကိုယ်တိုင်ပါဝင်ရတဲ့ နေရာလေးတွေလည်း ရှိနေပါသေးတယ်။ ဒါပေမယ့် လမ်းအသစ်တွေကိုသွားလာနိုင်ပြီး ရုတ်တရက်ပေါ်လာတဲ့ပြသနာတွေကိုဖြေရှင်းနိုင်မယ့် မောင်းသူမဲ့ကားတစ်စီးဖြစ်လာဖို့ နီးစပ်လာတာကတော့ သေချာပါတယ်။ AI နည်းပညာကိုဦးစားပေးထားတဲ့ မောင်းသူမဲ့ကားတွေက ပုံမှန် Self-Driving ကားနည်းပညာလောကကို အစားထိုးဝင်ရောက်လာနိုင်ပြီး ကုန်ကျစားရိတ်သက်သာအောင်ဆောင်ရွက်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Ref; Engadget
SiD (Akhayar)
www.akhayar.com