[Zawgyi]

Lemon တစ္မ်ဳိးတည္းနဲ႔ စြယ္စံုသံုးၾကမယ္

Lemon ကို လူအမ်ားစုက အမူးအေမာ္ေျပဖို႔ ေဖ်ာ္ေသာက္တတ္ၾကသလို ဟင္းအမယ္ေတြမွာ အခ်ဥ္ဓာတ္ရရွိဖို႔အတြက္လည္း အသံုးျပဳတတ္ၾကပါတယ္။ ဒါေပမယ္႔  က အခ်ဥ္ဓာတ္အျပင္ လူေတြထင္ထားတာထက္ကို အက်ဳိးေက်းဇူးမ်ားစြာ ရွိပါတယ္။ ကင္ဆာေရာဂါက္ို ခုခံကာကြယ္ႏိုင္တဲ႔အျပင္ မ်က္ႏွာေပၚရွိ အမာရြတ္ေတြပါေပ်ာက္ကင္းေအာင္ ကုသႏိုင္တဲ႔အထိ က်န္းမာေရးရႈေထာင့္ကသာမက အလွအပေရးရာအထိပါ အက်ဳိးေက်းဇူးေတြ အလြန္ေပါမ်ားပါတယ္။ ဒါေၾကာင့္ ေစ်းလည္းမႀကီးသလို အလြယ္တကူဝယ္လို႔ရႏို္င္တဲ႔ Lemon ကိုသံုးၿပီး အလွအပနဲ႔ က်န္းမာေရးအတြက္ ဘယ္လုိအက်ဳိးရွိေအာင္ အသံုးျပဳရမလဲဆိုတာကို ဗဟုသုတတိုးေစဖုိ႔အတြက္ ေဝမွ်ေပးလုိက္ပါတယ္။

Lemon မွာ ကင္ဆာကုိဆန္႔က်င္ႏိုင္တဲ႔ ဂုဏ္သတိၱေတြမ်ားစြာရွိပါတယ္

တျခားေသာ လတ္ဆတ္တဲ႔ အသီးေတြလုိ Lemon မွာလည္း ကင္ဆာေရာဂါျဖစ္ပြားျခင္းကုိ တားဆီးကာကြယ္ႏိုင္တဲ႔ ဂုဏ္သတၱိေတြမ်ားစြာ ပါဝင္ပါတယ္။ ေလ့လာမႈေတြအရ ခ်ဥ္တဲ႔အရသာရွိတဲ႔ အသီးေတြနဲ႔ အဲ့အသီးေတြကေန ထုတ္ယူရရွိတဲ႔ အဆီေတြက ကင္ဆာေရာဂါကို တားဆီးကာကြယ္ေပးပါတယ္။ ဗီတာမင္ေတြၾကြယ္ဝစြာပါဝင္တဲ့ Lemon ေဖ်ာ္ရည္က ေသေစႏုိင္ေလာက္တဲ႔အထိ ဖ်ားနာေစႏိုင္တဲ႔ ဆဲလ္ေတြျဖစ္ေပၚလာျခင္းကို တားဆီးကာကြယ္ေပးႏိုင္ပါတယ္။ Lemon မွာ ဗီတာမင္စီ၊ ကယ္ဆီယမ္၊ သံဓာတ္၊ မဂၢင္နီဆီယမ္၊ ပုိတက္ဆီယမ္နဲ႔ အမွ်င္ဓာတ္ေတြ ၾကြယ္ဝစြာ ပါဝင္ပါတယ္။ Lemon မွာပါဝင္တဲ႔ ဟုိက္ဒရုိကာဗြန္ျဒပ္ေပါင္းက ကင္ဆာေရာဂါျဖစ္ပြားျခင္းကို ကာကြယ္ႏိုင္တဲ႔ ဂုဏ္သတိၱေတြရွိပါတယ္။ဒါ့အျပင္ Lemon က သားျမတ္ကင္ဆာ၊ အသည္းကင္ဆာ၊ အဆုတ္ကင္ဆာနဲ႔ တျခားေသာကင္ဆာေရာဂါေတြ မျဖစ္ပြားေအာင္ ကာကြယ္ႏိုင္စြမ္း ရွိတယ္လို႔လည္း ေလ့လာမႈေတြအရ ေဖာ္ျပထားတာကို ေတြ႔ရပါတယ္။ ဒါေၾကာင္႔မို႔ Lemon က အေကာင္းဆံုး သဘာဝကင္ဆာတိုက္ဖ်က္ေရး မီးဖိုေခ်ာင္သံုးေဆးဖက္ဝင္ပစၥည္းတစ္ခုပဲ ျဖစ္ပါတယ္။

Lemons have anti cancer properties.

Lemons have anti cancer properties.

Lemon သံုးၿပီး အေရးအေၾကာင္းေတြကို သဘာဝအတိုင္းဖယ္ရွားမယ္

အသက္အရြယ္ႀကီးရင္႔လာလုိ႔ အေရးအေၾကာင္းေတြျဖစ္ေပၚလာတာကို ဟန္႔တားလို႔မရေပမယ္႔လည္း Lemon သံုးၿပီး အေရးအေၾကာင္းေတြ နည္းႏိုင္သမွ် နည္းေအာင္နဲ႔ မ်က္ႏွာအေရျပားကို သိသိသာသာတိုးတက္ေကာင္းမြန္လာေအာင္ ျပဳလုပ္လုိ႔ရပါတယ္။ ေလ့လာခ်က္ေတြအရ Lemon အဆီအႏွစ္က မ်က္ႏွာအေရျပားေပၚရွိ ဆဲလ္ေတြပ်က္စီးမႈ ေလ်ာ့က်သြားေအာင္ ကူညီေပးပါတယ္။ ဗီတာမင္စီၾကြယ္ဝစြာပါဝင္တဲ႔အတြက္ေၾကာင္႔ ေကာလဂ်င္ထုတ္လုပ္မႈကို အားေပးၿပီး အေရျပားရဲ႕ က်ဳံႏုိင္ဆန္္႔ႏိုုင္စြမ္းအားကိုလည္း နဂိုတိုင္းျပန္ျဖစ္လာေအာင္ ျပဳလုပ္ေပးပါတယ္။ Lemon ေဖ်ာ္ရည္မွာ ပါဝင္တဲ႔ သဘာဝ Enzyme ဓာတ္က အေရျပားရွိ ေခၽြးေပါက္က်ယ္ေနတာကို ျပန္လည္က်ဥ္းေစႏုိင္တဲ့ ဂုဏ္သတိၱရွိပါတယ္။ ဒါအျပင္ ေခၽြးေပါက္က်ယ္ျခင္းေတြ ျပန္လည္မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။ Lemon ကြင္းေလးေတြကို အေရးေၾကာင္းေတြျဖစ္ေနတဲ႔မ်က္ႏွာေပၚ မိနစ္အနည္းငယ္တင္ၿပီး ႏွိပ္နယ္ေပးျခင္း (သို႔မဟုတ္) Lemon ကို အခြြံခြာၿပီး ျခစ္ကာ ကပ္ေပးျခင္းေတြ ျပဳလုပ္လုိ႔ရပါတယ္။ ဒီလုိေလး ပံုမွန္ျပဳလုပ္ေပးျခင္းအားျဖင္႔ တစ္ပတ္ေလာက္ၾကာလာတဲ့အခါမွာ ကေလးအသားအေရေလးလို ႏူးညံံ့လာတာကို အံ့ၾသဖြယ္ေတြ႔ျမင္ရမွာ ျဖစ္ပါတယ္။

Remove wrinkles naturally with lemon.

Remove wrinkles naturally with lemon.

ဝိတ္က်ဖို႔ Lemon ေဖ်ာ္ရည္ေသာက္ပါ

ဗီတာမင္စီမွာ စိတ္ဖိစီးမႈျဖစ္တဲ႔အခါ ထြက္ေပၚလာေလ့ရွိတဲ႔ အလြန္အမင္းစားခ်င္စိတ္ျဖစ္ေစေသာ Cortisiol level ေလ်ာ့နည္းစြာ ပါဝင္တာကို ေတြ႔ရပါတယ္။ အျခားေသာ Calories နဲ႔ သၾကားဓာတ္ေတြ ျမင္႔မားစြာပါဝင္တဲ့ ေကာ္ဖီနဲ႔ ေဖ်ာ္ရည္ေတြကို ေသာက္သံုးမယ္႔အစား Lemon ကို အကြင္းကြင္းေလးေတြလွီးၿပီး ေရထဲမွာစိမ္ကာ ေသာက္ျခင္းျဖင့္ ကယ္လုိရီေတြ က်ဆင္းေစပါတယ္။ 330ml ရွိတဲ႔ CoCa-Cola သံဘူးမွာဆိုရင္ Calories 140 ပါဝင္ၿပီး ပန္းသီးေဖ်ာ္ရည္ 100ml မွာဆိုရင္ 46 Calories ပါဝင္ကာ Lemon စိမ္ထားတဲ႔ အရည္မွာဆိုရင္ေတာ့ Calories ပါဝင္ျခင္းမရွိပါဘူး။ ဒါေၾကာင့္မို႔ ဝ္ိတ္က်ခ်င္တယ္ဆုိရင္ေတာ့ အျခားေဖ်ာ္ရည္ေတြေသာက္သံုးမယ့္အစား အလြယ္တကူရႏိုင္တဲ့ Lemon ေဖ်ာ္ရည္ကိုသာ ေသာက္သံုးဖို႔ တိုက္တြန္းခ်င္ပါတယ္။

Drink lemon water to lose weight

Drink lemon water to lose weight

Lemon ေဖ်ာ္ရည္က အသည္းအဆိပ္အေတာက္ေျပေစႏိုင္တယ္

Lemon ေဖ်ာ္ရည္ေသာက္သံုးေပးျခင္းျဖင့္ ခႏၶာကိုယ္ အဆိပ္အေတာက္ေတြေျပေစၿပီး အစာေခ်ဖ်က္ျခင္းလုပ္ငန္းစဥ္ကိုလည္း တိုးတက္ေကာင္းမြန္လာေစပါတယ္။ Lemon မွာပါဝင္တဲ႔ Pectin ဓာတ္က အဆီေတြကို ခၽြဲပ်စ္ေစၿပီး အညစ္အေၾကးေတြကို ဖယ္ရွားေပးပါတယ္။ Lecithin ထဲမွာပါဝင္တဲ့ Choline နဲ႔ အခ်ဥ္ဓာတ္မွာပါဝင္တဲ့ အဆီဟာ အသည္းထဲမွာရွိတဲ့ အညစ္အေၾကးေတြကို ဖယ္ရွားေပးရမွာ ပိုမိုထိေရာက္ေစပါတယ္။ ဒီလို အက်ဳိးအာနိသင္မ်ားၿပီး အခ်ဥ္ဓာတ္ၾကြယ္ဝတဲ့ Lemon ကို အသည္းအဆိပ္အေတာက္ေတြေျပေစဖို႔ အိမ္မွာ ဒီလုိေလးျပဳလုပ္ၿပီး ေသာက္သံုးလို႔ရပါတယ္။ လုပ္ပံုလုပ္နည္းေလးကေတာ့ Lemon တစ္လံုး၊ ေရခြက္တစ္ဝက္၊Lecithin စားပဲြတင္ဇြန္းတစ္ဇြန္း(သို႔) ၾကက္ဥအစိမ္းတစ္လံုး၊ အုန္းဆီႏွစ္ဇြန္းမွသံုးဇြန္း(သိုု႔) သံလြင္ဆီႏွစ္ဇြန္္းမွသံုးဇြန္း၊ ဗီတာမင္အီးတစ္ေတာင့္နဲ႔ လတ္ဆက္္တဲ႔ဂ်င္းတစ္ေတာင့္ တို႔ကိုေရာၿပီး တစ္မိနစ္ခန္႔ထားေပးပါ။ ရလာတဲ႔အေရာအေႏွာကို ေရခဲေသတၱာထဲမွာထားေပးၿပီး ေနာက္ေန႔မွာ ေသာက္သံုးေပးလို႔ရပါတယ္။ ဒီအေရာအေႏွာကိုေသာက္သံုးမယ္ဆိုရင္ ထမင္းမစားခင္ ဇြန္းတစ္ဝက္ခန္႔ေသာက္သံုးေပးတာက ေကာင္းမြန္တဲ႔ အက်ဳိးရလဒ္ကို ရရွိေစမွာျဖစ္ပါတယ္။

Lemon သံုးၿပီး အသက္ရႈလမ္းေၾကာင္းကူးစက္ေရာဂါကို ကုသလို႔ရပါတယ္

Lemon မွာ စြမ္းအင္တိုးလာေစဖို႔အတြက္ မရွိမျဖစ္လိုအပ္တဲ႔ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ၾကြယ္ဝစြာပါဝင္ပါတယ္။ ဒါအျပင္ Lemon မွာ ဗီတာမင္စီၾကြယ္ဝစြာပါဝင္တဲ႔အတြက္ ကိုယ္ခံစြမ္းအားကိုတိုးတက္ေကာင္းမြန္လာေစသလို ပိုးမႊားေတြကိုေသေစႏုိင္တဲ႔ ဂုဏ္သတိၱလည္းရွိတဲ႔အတြက္ သဘာဝ Antioxidant အျဖစ္လည္း အသံုးျပဳလုိ႔႔ရပါတယ္။ ပ်ားရည္၊ ေရေႏြးေႏြးနဲ႔ Lemon ကိုေရာေႏွာၿပီး လည္ေခ်ာင္းနာတဲ႔အခါမွာ ေဆးအျဖစ္အသံုးျပဳေပးလို႔ ရပါတယ္။ Lemon မွာ ခၽြဲေတြကုိေလ်ာ့က်ေစတဲ႔ ဂုဏ္သတိၱရွိပါတယ္။ ပူေႏြးတဲ႔ Lemon အရည္က ဗုိင္းရပ္စ္ကူးစက္မႈနဲ႔ သူရဲ႕ေနာက္ဆက္တဲြ ေရာဂါလကၡဏာမ်ားကို ဖယ္ရွားပစ္ရန္ အထိေရာက္ဆံုးနည္းလမ္းျဖစ္ပါတယ္။

Use lemons to treat throat infections

Use lemons to treat throat infections

Lemon က ဦးေႏွာက္လုပ္ငန္းေဆာင္တာကို ျမွင့္တင္႔ေပးၿပီး စိတ္ဖိစီးမႈကုိ ေလ်ာ့က်ေစတယ္

Lemon မွာ အေျမာက္အျမားပါဝင္တဲ့ ပိုတက္ဆီယမ္ဓာတ္က ဦးေႏွာက္လုပ္ငန္းေဆာင္တာကို ျမွင့္တင္႔ေပးႏုိင္ပါတယ္။ Lemon ကို ပံုမွန္ေလးစားသံုးေပးရင္ စိတ္ပိုင္းဆိုင္ရာခံစားမႈေတြ တုိးတက္ေကာင္းမြန္လာေစၿပီး ဦးေႏွာက္လုပ္ငန္းစဥ္ ေႏွးေကြးလာမႈကို ေလွ်ာ့ခ်ေပးပါတယ္။ ဒါအျပင္ တစ္ေန႔တာလံုးခြန္းအားေတြ ျပည္႔ေနၿပီး ေပ်ာ္ရႊင္တက္ၾကြလန္းဆန္းေနေစမွာပါ။ Lemon ကို အစားအစာေတြနဲ႔ ေဖ်ာ္ရည္ေတြမွာ ထည္႔သြင္းေသာက္သံုးျခင္းက ရာသီဥတုအေျပာင္းအလဲေၾကာင္႔ ဖ်ားနာျခင္းေတြကိုလည္း သက္သာေပ်ာက္ကင္းေစပါတယ္။

They boost brain function and reduce stress

They boost brain function and reduce stress

Lemon ေဖ်ာ္ရည္က ေနေလာင္တာ သက္သာေစတယ္

ေနေလာင္တာက ေတာ္ေတာ္နဲ႔မသက္သာႏိုင္သလို အလြန္ၾကည္႔ရဆိုးတဲ႔ အေရျပားျပႆ
နာလည္းျဖစ္ပါတယ္။ သို႔ေသာ္လည္း ေနေလာင္ျခင္းေၾကာင္႔ နီျမန္းျခင္းနဲ႔ စပ္ဖ်င္းဖ်င္းျဖစ္ျခင္းကို ထိထိေရာက္ေရာက္နဲ႔ ကုသႏိုင္မယ္႔ အိမ္တြင္းနည္းလမ္းတစ္ခုကေတာ့ Lemon ကိုအသံုးျပဳၿပီး ကုသျခင္းပဲ ျဖစ္ပါတယ္။ Lemon စားပဲြတင္ဇြန္းတစ္ဇြန္း၊ Rose Water၊ သခြားသီးရည္တို႔ကို ေရာေႏွာၿပီး ရလာတဲ႔အေရာအေႏွာမွာ အဝတ္စတစ္ခုကို ႏွစ္ၿပီး ေနေလာင္တဲ့အေပၚမွာ အုပ္ကာ ၃၀ မိနစ္ေလာက္ထားေပးပါ။သခြားသီးနဲ႔ Lemon မွာ အစြန္းခၽြတ္တဲ႔ ဂုဏ္သတၱိရွိတဲ႔အတြက္ ေနေလာင္ျခင္းေၾကာင္႔ျဖစ္တဲ႔ အသားေရနီျမန္းျခင္းကို ေလ်ာ့က်သြားေစႏုိင္ပါတယ္။ ဒါအျပင္ Lemon မွာပါဝင္တဲ႔ ဗီတာမင္စီက အေရျပားအစက္အေျပာက္ျဖစ္ျခင္းနဲ႔ အေရျပားပ်က္စီးျခင္းေတြကုိ ေလ်ာ့နည္းသက္သာသြားေအာင္ ျပဳလုပ္ေပးပါတယ္။ Lemon နဲ႔ ေနေလာင္တာကို ကုသမႈျပဳလုပ္ေနတဲ႔အခ်ိန္မွာ ေနေရာင္ျခည္တိုက္ရုိက္ထိေတြ႔တာမ်ဴိးကို ေရွာင္ရွားသင္႔ပါတယ္။

Lemon juice can ease the agony of a sunburn.

Lemon juice can ease the agony of a sunburn.

Lemon က ဝက္ျခံအမာရြတ္ေတြကို ေမွးမွိန္ေစပါတယ္

Lemon မွာ ဗီတာမင္စီနဲ႔ Citric Acid ေတြ ၾကြယ္ဝစြာပါဝင္တဲ႔အတြက္ ဝက္ျခံနဲ႔ ဝက္ျခံအမာရြက္ေတြကို ထိေရာက္စြာ ကုသႏိုင္ပါတယ္။ ဗီတာမင္စီက ေကာ္လဂ်င္ထုတ္လုပ္မႈကို ျမွင္႔တင့္ေပးၿပီး အသားအေရကို ေခ်ာေမြ႔ေျပာင္တင္းေစပါတယ္။ ဒါအျပင္ အေရျပားဆဲလ္အသစ္ေတြျဖစ္ေပၚလာေအာင္လည္း အားေပးကူညီေပးပါတယ္။ Lemon အရည္နဲ႔ သန္႔စင္တဲ႔အုန္းဆီကိုေရာေႏွာၿပီး ရရွိလာတဲ့အေရာအေႏွာကို အမာရြတ္ရွိတဲ႔ေနရာအေပၚ ဝါဂြမ္းေလးနဲ႔ သုတ္လိမ္းေပးပါ။ သုတ္လိမ္းၿပီးေနာက္ သံုးမိနစ္ေလာက္ထားေပးကာ ေရေႏြးေႏြးေလးနဲ႔ျပန္ေဆးကာ အစိုဓာတ္ခရင္မ္ ျပန္လိမ္းေပးပါ။ Lemon အရည္ကို Almond Oil နဲ႔လည္းေပါင္းစပ္ၿပီး အမဲစက္ေတြေလ်ာ့နည္းေအာင္နဲ႔ က်န္းမာတဲ႔အသားေရရရွိေအာင္ ျပဳလုပ္လို႔ရပါတယ္။ အသားေရကနီျမန္းၿပီး ယားယံေနတယ္ဆိုရင္ေတာ့ Lemon ေဖ်ာ္ရည္္ကို အသားအေရေပၚမလိမ္းသင့္ပါဘူး။

Lemons are good for fading acne scars

Lemons are good for fading acne scars

ဒါေတြကေတာ့ Lemon နဲ႔ပတ္သက္ၿပီး က်န္းမာေရးရႈေထာင္႔အေနနဲ႔ေကာ အလွအပေရးရာဘက္မွာပါ အသံုးဝင္တဲ႔ အခ်က္ေလးေတြပဲ ျဖစ္ပါတယ္။ပရိသတ္ႀကီးသိတဲ႔ Lemon ရဲ႕ အသံုးဝင္တဲ႔ အျခားအခ်က္ေတြရွိရင္လည္း ျပန္လည္မွ်ေဝေပးသြားပါအံုးေနာ္။

www.akhayar.com

[Unicode]

Lemon တစ်မျိုးတည်းနဲ့ စွယ်စုံသုံးကြမယ်

Lemon ကို လူအများစုက အမူးအမော်ပြေဖို့ ဖျော်သောက်တတ်ကြသလို ဟင်းအမယ်တွေမှာ အချဉ်ဓာတ်ရရှိဖို့အတွက်လည်း အသုံးပြုတတ်ကြပါတယ်။ ဒါပေမယ့် Lemon က အချဉ်ဓာတ်အပြင် လူတွေထင်ထားတာထက်ကို အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ကင်ဆာရောဂါကို ခုခံကာကွယ်နိုင်တဲ့အပြင် မျက်နှာပေါ်ရှိ အမာရွတ်တွေပါပျောက်ကင်းအောင် ကုသနိုင်တဲ့အထိ ကျန်းမာရေးရှုထောင့်ကသာမက အလှအပရေးရာအထိပါ အကျိုးကျေးဇူးတွေ အလွန်ပေါများပါတယ်။ ဒါကြောင့် ဈေးလည်းမကြီးသလို အလွယ်တကူဝယ်လို့ရနိုင်တဲ့ Lemon ကိုသုံးပြီး အလှအပနဲ့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးရှိအောင် အသုံးပြုရမလဲဆိုတာကို ဗဟုသုတတိုးစေဖို့အတွက် ဝေမျှပေးလိုက်ပါတယ်။

Lemon မှာ ကင်ဆာကိုဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေများစွာရှိပါတယ်

တခြားသော လတ်ဆတ်တဲ့ အသီးတွေလို Lemon မှာလည်း ကင်ဆာရောဂါဖြစ်ပွားခြင်းကို တားဆီးကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေများစွာ ပါဝင်ပါတယ်။ လေ့လာမှုတွေအရ ချဉ်တဲ့အရသာရှိတဲ့ အသီးတွေနဲ့ အဲ့အသီးတွေကနေ ထုတ်ယူရရှိတဲ့ အဆီတွေက ကင်ဆာရောဂါကို တားဆီးကာကွယ်ပေးပါတယ်။ ဗီတာမင်တွေကြွယ်ဝစွာပါဝင်တဲ့ Lemon ဖျော်ရည်က သေစေနိုင်လောက်တဲ့အထိ ဖျားနာစေနိုင်တဲ့ ဆဲလ်တွေဖြစ်ပေါ်လာခြင်းကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။ Lemon မှာ ဗီတာမင်စီ၊ ကယ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂင်နီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ Lemon မှာပါဝင်တဲ့ ဟိုက်ဒရိုကာဗွန်ဒြပ်ပေါင်းက ကင်ဆာရောဂါဖြစ်ပွားခြင်းကို ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။ဒါ့အပြင် Lemon က သားမြတ်ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ တခြားသောကင်ဆာရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်နိုင်စွမ်း ရှိတယ်လို့လည်း လေ့လာမှုတွေအရ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ Lemon က အကောင်းဆုံး သဘာဝကင်ဆာတိုက်ဖျက်ရေး မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။

Lemons have anti cancer properties.

Lemons have anti cancer properties.

Lemon သုံးပြီး အရေးအကြောင်းတွေကို သဘာဝအတိုင်းဖယ်ရှားမယ်

အသက်အရွယ်ကြီးရင့်လာလို့ အရေးအကြောင်းတွေဖြစ်ပေါ်လာတာကို ဟန့်တားလို့မရပေမယ့်လည်း Lemon သုံးပြီး အရေးအကြောင်းတွေ နည်းနိုင်သမျှ နည်းအောင်နဲ့ မျက်နှာအရေပြားကို သိသိသာသာတိုးတက်ကောင်းမွန်လာအောင် ပြုလုပ်လို့ရပါတယ်။ လေ့လာချက်တွေအရ Lemon အဆီအနှစ်က မျက်နှာအရေပြားပေါ်ရှိ ဆဲလ်တွေပျက်စီးမှု လျော့ကျသွားအောင် ကူညီပေးပါတယ်။ ဗီတာမင်စီကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ကောလဂျင်ထုတ်လုပ်မှုကို အားပေးပြီး အရေပြားရဲ့ ကျုံနိုင်ဆန့််နိုင်စွမ်းအားကိုလည်း နဂိုတိုင်းပြန်ဖြစ်လာအောင် ပြုလုပ်ပေးပါတယ်။ Lemon ဖျော်ရည်မှာ ပါဝင်တဲ့ သဘာဝ Enzyme ဓာတ်က အရေပြားရှိ ချွေးပေါက်ကျယ်နေတာကို ပြန်လည်ကျဉ်းစေနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါအပြင် ချွေးပေါက်ကျယ်ခြင်းတွေ ပြန်လည်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ Lemon ကွင်းလေးတွေကို အရေးကြောင်းတွေဖြစ်နေတဲ့မျက်နှာပေါ် မိနစ်အနည်းငယ်တင်ပြီး နှိပ်နယ်ပေးခြင်း (သို့မဟုတ်) Lemon ကို အခွံခွာပြီး ခြစ်ကာ ကပ်ပေးခြင်းတွေ ပြုလုပ်လို့ရပါတယ်။ ဒီလိုလေး ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့် တစ်ပတ်လောက်ကြာလာတဲ့အခါမှာ ကလေးအသားအရေလေးလို နူးညံံ့လာတာကို အံ့သြဖွယ်တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Remove wrinkles naturally with lemon.

Remove wrinkles naturally with lemon.

ဝိတ်ကျဖို့ Lemon ဖျော်ရည်သောက်ပါ

ဗီတာမင်စီမှာ စိတ်ဖိစီးမှုဖြစ်တဲ့အခါ ထွက်ပေါ်လာလေ့ရှိတဲ့ အလွန်အမင်းစားချင်စိတ်ဖြစ်စေသော Cortisiol level လျော့နည်းစွာ ပါဝင်တာကို တွေ့ရပါတယ်။ အခြားသော Calories နဲ့ သကြားဓာတ်တွေ မြင့်မားစွာပါဝင်တဲ့ ကော်ဖီနဲ့ ဖျော်ရည်တွေကို သောက်သုံးမယ့်အစား Lemon ကို အကွင်းကွင်းလေးတွေလှီးပြီး ရေထဲမှာစိမ်ကာ သောက်ခြင်းဖြင့် ကယ်လိုရီတွေ ကျဆင်းစေပါတယ်။ 330ml ရှိတဲ့ CoCa-Cola သံဘူးမှာဆိုရင် Calories 140 ပါဝင်ပြီး ပန်းသီးဖျော်ရည် 100ml မှာဆိုရင် 46 Calories ပါဝင်ကာ Lemon စိမ်ထားတဲ့ အရည်မှာဆိုရင်တော့ Calories ပါဝင်ခြင်းမရှိပါဘူး။ ဒါကြောင့်မို့ ဝိတ်ကျချင်တယ်ဆိုရင်တော့ အခြားဖျော်ရည်တွေသောက်သုံးမယ့်အစား အလွယ်တကူရနိုင်တဲ့ Lemon ဖျော်ရည်ကိုသာ သောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်။

Drink lemon water to lose weight

Drink lemon water to lose weight

Lemon ဖျော်ရည်က အသည်းအဆိပ်အတောက်ပြေစေနိုင်တယ်

Lemon ဖျော်ရည်သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ် အဆိပ်အတောက်တွေပြေစေပြီး အစာချေဖျက်ခြင်းလုပ်ငန်းစဉ်ကိုလည်း တိုးတက်ကောင်းမွန်လာစေပါတယ်။ Lemon မှာပါဝင်တဲ့ Pectin ဓာတ်က အဆီတွေကို ချွဲပျစ်စေပြီး အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ Lecithin ထဲမှာပါဝင်တဲ့ Choline နဲ့ အချဉ်ဓာတ်မှာပါဝင်တဲ့ အဆီဟာ အသည်းထဲမှာရှိတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးရမှာ ပိုမိုထိရောက်စေပါတယ်။ ဒီလို အကျိုးအာနိသင်များပြီး အချဉ်ဓာတ်ကြွယ်ဝတဲ့ Lemon ကို အသည်းအဆိပ်အတောက်တွေပြေစေဖို့ အိမ်မှာ ဒီလိုလေးပြုလုပ်ပြီး သောက်သုံးလို့ရပါတယ်။ လုပ်ပုံလုပ်နည်းလေးကတော့ Lemon တစ်လုံး၊ ရေခွက်တစ်ဝက်၊Lecithin စားပွဲတင်ဇွန်းတစ်ဇွန်း(သို့) ကြက်ဥအစိမ်းတစ်လုံး၊ အုန်းဆီနှစ်ဇွန်းမှသုံးဇွန်း(သို့) သံလွင်ဆီနှစ်ဇွန်းမှသုံးဇွန်း၊ ဗီတာမင်အီးတစ်တောင့်နဲ့ လတ်ဆက်တဲ့ဂျင်းတစ်တောင့် တို့ကိုရောပြီး တစ်မိနစ်ခန့်ထားပေးပါ။ ရလာတဲ့အရောအနှောကို ရေခဲသေတ္တာထဲမှာထားပေးပြီး နောက်နေ့မှာ သောက်သုံးပေးလို့ရပါတယ်။ ဒီအရောအနှောကိုသောက်သုံးမယ်ဆိုရင် ထမင်းမစားခင် ဇွန်းတစ်ဝက်ခန့်သောက်သုံးပေးတာက ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ရရှိစေမှာဖြစ်ပါတယ်။

Lemon သုံးပြီး အသက်ရှုလမ်းကြောင်းကူးစက်ရောဂါကို ကုသလို့ရပါတယ်

Lemon မှာ စွမ်းအင်တိုးလာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါအပြင် Lemon မှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားကိုတိုးတက်ကောင်းမွန်လာစေသလို ပိုးမွှားတွေကိုသေစေနိုင်တဲ့ ဂုဏ်သတ္တိလည်းရှိတဲ့အတွက် သဘာဝ Antioxidant အဖြစ်လည်း အသုံးပြုလို့ရပါတယ်။ ပျားရည်၊ ရေနွေးနွေးနဲ့ Lemon ကိုရောနှောပြီး လည်ချောင်းနာတဲ့အခါမှာ ဆေးအဖြစ်အသုံးပြုပေးလို့ ရပါတယ်။ Lemon မှာ ချွဲတွေကိုလျော့ကျစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ပူနွေးတဲ့ Lemon အရည်က ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သူရဲ့နောက်ဆက်တွဲ ရောဂါလက္ခဏာများကို ဖယ်ရှားပစ်ရန် အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။

Use lemons to treat throat infections

Use lemons to treat throat infections

Lemon က ဦးနှောက်လုပ်ငန်းဆောင်တာကို မြှင့်တင့်ပေးပြီး စိတ်ဖိစီးမှုကို လျော့ကျစေတယ်

Lemon မှာ အမြောက်အမြားပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်က ဦးနှောက်လုပ်ငန်းဆောင်တာကို မြှင့်တင့်ပေးနိုင်ပါတယ်။ Lemon ကို ပုံမှန်လေးစားသုံးပေးရင် စိတ်ပိုင်းဆိုင်ရာခံစားမှုတွေ တိုးတက်ကောင်းမွန်လာစေပြီး ဦးနှောက်လုပ်ငန်းစဉ် နှေးကွေးလာမှုကို လျှော့ချပေးပါတယ်။ ဒါအပြင် တစ်နေ့တာလုံးခွန်းအားတွေ ပြည့်နေပြီး ပျော်ရွှင်တက်ကြွလန်းဆန်းနေစေမှာပါ။ Lemon ကို အစားအစာတွေနဲ့ ဖျော်ရည်တွေမှာ ထည့်သွင်းသောက်သုံးခြင်းက ရာသီဥတုအပြောင်းအလဲကြောင့် ဖျားနာခြင်းတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

They boost brain function and reduce stress

They boost brain function and reduce stress

Lemon ဖျော်ရည်က နေလောင်တာ သက်သာစေတယ်

နေလောင်တာက တော်တော်နဲ့မသက်သာနိုင်သလို အလွန်ကြည့်ရဆိုးတဲ့ အရေပြားပြဿ
နာလည်းဖြစ်ပါတယ်။ သို့သော်လည်း နေလောင်ခြင်းကြောင့် နီမြန်းခြင်းနဲ့ စပ်ဖျင်းဖျင်းဖြစ်ခြင်းကို ထိထိရောက်ရောက်နဲ့ ကုသနိုင်မယ့် အိမ်တွင်းနည်းလမ်းတစ်ခုကတော့ Lemon ကိုအသုံးပြုပြီး ကုသခြင်းပဲ ဖြစ်ပါတယ်။ Lemon စားပွဲတင်ဇွန်းတစ်ဇွန်း၊ Rose Water၊ သခွားသီးရည်တို့ကို ရောနှောပြီး ရလာတဲ့အရောအနှောမှာ အဝတ်စတစ်ခုကို နှစ်ပြီး နေလောင်တဲ့အပေါ်မှာ အုပ်ကာ ၃၀ မိနစ်လောက်ထားပေးပါ။သခွားသီးနဲ့ Lemon မှာ အစွန်းချွတ်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် နေလောင်ခြင်းကြောင့်ဖြစ်တဲ့ အသားရေနီမြန်းခြင်းကို လျော့ကျသွားစေနိုင်ပါတယ်။ ဒါအပြင် Lemon မှာပါဝင်တဲ့ ဗီတာမင်စီက အရေပြားအစက်အပြောက်ဖြစ်ခြင်းနဲ့ အရေပြားပျက်စီးခြင်းတွေကို လျော့နည်းသက်သာသွားအောင် ပြုလုပ်ပေးပါတယ်။ Lemon နဲ့ နေလောင်တာကို ကုသမှုပြုလုပ်နေတဲ့အချိန်မှာ နေရောင်ခြည်တိုက်ရိုက်ထိတွေ့တာမျိူးကို ရှောင်ရှားသင့်ပါတယ်။

Lemon juice can ease the agony of a sunburn.

Lemon juice can ease the agony of a sunburn.

Lemon က ဝက်ခြံအမာရွတ်တွေကို မှေးမှိန်စေပါတယ်

Lemon မှာ ဗီတာမင်စီနဲ့ Citric Acid တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ဝက်ခြံနဲ့ ဝက်ခြံအမာရွက်တွေကို ထိရောက်စွာ ကုသနိုင်ပါတယ်။ ဗီတာမင်စီက ကော်လဂျင်ထုတ်လုပ်မှုကို မြှင့်တင့်ပေးပြီး အသားအရေကို ချောမွေ့ပြောင်တင်းစေပါတယ်။ ဒါအပြင် အရေပြားဆဲလ်အသစ်တွေဖြစ်ပေါ်လာအောင်လည်း အားပေးကူညီပေးပါတယ်။ Lemon အရည်နဲ့ သန့်စင်တဲ့အုန်းဆီကိုရောနှောပြီး ရရှိလာတဲ့အရောအနှောကို အမာရွတ်ရှိတဲ့နေရာအပေါ် ဝါဂွမ်းလေးနဲ့ သုတ်လိမ်းပေးပါ။ သုတ်လိမ်းပြီးနောက် သုံးမိနစ်လောက်ထားပေးကာ ရေနွေးနွေးလေးနဲ့ပြန်ဆေးကာ အစိုဓာတ်ခရင်မ် ပြန်လိမ်းပေးပါ။ Lemon အရည်ကို Almond Oil နဲ့လည်းပေါင်းစပ်ပြီး အမဲစက်တွေလျော့နည်းအောင်နဲ့ ကျန်းမာတဲ့အသားရေရရှိအောင် ပြုလုပ်လို့ရပါတယ်။ အသားရေကနီမြန်းပြီး ယားယံနေတယ်ဆိုရင်တော့ Lemon ဖျော်ရည်ကို အသားအရေပေါ်မလိမ်းသင့်ပါဘူး။

Lemons are good for fading acne scars

Lemons are good for fading acne scars

ဒါတွေကတော့ Lemon နဲ့ပတ်သက်ပြီး ကျန်းမာရေးရှုထောင့်အနေနဲ့ကော အလှအပရေးရာဘက်မှာပါ အသုံးဝင်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးသိတဲ့ Lemon ရဲ့ အသုံးဝင်တဲ့ အခြားအချက်တွေရှိရင်လည်း ပြန်လည်မျှဝေပေးသွားပါအုံးနော်။

www.akhayar.com