[Zawgyi]

ေဆးရခက္တဲ့ ပလတ္စတစ္ဗူး၊ ခ်ိဳင့္ေတြေၾကာင့္ နိစၥဓူဝ စိတ္ညစ္ေနရျပီဆုိရင္

ေက်ာင္းသားမိဘေတြ၊ ရံုးဝန္ထမ္းသမားေတြအတြက္ စိတ္ညစ္စရာတစ္ခုက စားျပီးသား ပလတ္စတစ္ဗူးေတြ၊ ခ်ိဳင့္ေတြကို ျပန္ေဆးရတဲ့ အခါပါပဲ။ ပလတ္စတစ္ထမင္းဗူးေတြ၊ ခ်ိဳင့္ေတြဟာ စတီးခ်ိဳင့္ေတြထက္ ေဆးရခက္တာ သိၾကမွာပါ။ ဘယ္ႏွစ္ေခါက္ေဆးေဆး ဆီမေျပာင္ဘူးလို႔ ခံစားရတာ၊ ခရမ္းခ်ဥ္သီးအႏွစ္တို႔ ပါတဲ့ ဟင္းကို စားရင္ အစြန္းအကြက္ျဖစ္လြယ္တာ၊ ခၽြတ္မရတာနဲ႔ အျမဲတမ္းေခါင္းကိုက္ၾကရတယ္။

ဒါေၾကာင့္ ဒီိလို အစြန္းအကြက္ေတြကုိ လြယ္လြယ္ခၽြတ္လို႔ ရမယ့္နည္းလမ္းေတြကို အခုလို မွ်ေဝေပးလိုက္ပါတယ္။

Hand Sanitizer

Hand Sanitizer နဲ႔ ပလတ္စတစ္ထမင္းဗူးေတြကို ေဆးလို႔ရတယ္ဆုိတာ သိပါသလား။ Hand Sanitizer (လက္သန္႔ေဆးရည္) မွာ ပါတဲ့ Alcohol က အစြန္းအကြက္ေတြကို အလြယ္တကူ ကၽြတ္ေစမွာပါ။ ေဆးမယ့္ ဗူးထဲကို Hand Sanitizer နည္းနည္း ေလာင္းခ်ျပီး တုိက္ခၽြတ္ေဆးေၾကာရံုပါပဲ။

Bleaching Powder

Bleaching Powder (အစြန္းခၽြတ္ေဆး) နဲ႔လည္း ပလတ္စတစ္ထမင္းဗူး၊ ခ်ိဳင့္၊ ခြက္ေတြမွာ စြဲကပ္ေနတဲ့ Juice၊ Coffee နဲ႔ ဟင္းအႏွစ္လုိ အရာေတြကို ေဆးေၾကာႏုိင္ပါတယ္။ ေရတစ္ခြက္ထဲမွာ Bleaching Powder စားပြဲတင္ဇြန္းတစ္ဇြန္းထည့္ျပီး ေမႊေႏွာက္လုိက္ပါ။ ေဆးမယ့္ ဗူးေတြ ခြက္ေတြကို အဲဒီေရထဲမွာ တစ္နာရီ၊ ႏွစ္နာရီေလာက္ စိမ္ထားျပီး အစြန္းေတြ ျပယ္သြားေတာ့မွ တုိက္ခၽြတ္ေဆးခ်ပါ။

White Vinegar

Vinegar အရည္နဲ႔လည္း ပလတ္စတစ္ဗူးေတြကို ေဆးလို႔ ရပါေသးတယ္။ အရင္အတုိင္းပဲ ေရတစ္ခြက္မွာ Vinegar စားပြဲတင္ဇြန္းတစ္ဇြန္း ေရာစပ္ျပီး ခုနလို စိမ္ထားရံုပါပဲ။ အေပၚမွာ ေျပာခဲ့သလို Bleaching Powder နဲ႔က ျပင္းတယ္ထင္ရင္ Vinegar ကို ေရြးခ်ယ္လို႔ ရပါတယ္။

Baking Soda

Baking Soda ဟာလည္း ပလတ္စတစ္အစြန္းအကြက္ေတြအတြက္ လွ်ိဳ႕ဝွက္ခ်က္တစ္ခုပါ၊ ဆီအကြက္ေတြ ခၽြတ္ရတာအတြက္လည္း တကယ္ေကာင္းတဲ့အရာပါ။ Baking Soda ကို ေရနဲ႕ ေရာျပီး ပလတ္စတစ္ဗူးနဲ႔ ခ်ိဳင့္ေတြကို သုတ္လိမ္းျပီး မိနစ္ ၂၀ ဒါမွမဟုတ္ မိနစ္ ၃၀ ထားပါ။ ျပီးရင္ေတာ့ ျပန္လည္ေဆးေၾကာျပီး အဝတ္စိုနဲ႔ သုတ္ေပးရင္ ရပါျပီ။

Lemon

အရမ္းကို စြန္းကြက္ေနတဲ့၊ အေတာ့္ကို ခၽြတ္ရခက္တဲ့ အစြန္းအကြက္မ်ိဳးဆိုရင္ေတာ့ သံပုရာရည္၊ ေရွာက္ရည္နဲ႔ ပြတ္ျပီး ေနေရာင္ျခည္ေအာက္မွာ တစ္ရက္ ဒါမွမဟုတ္ ႏွစ္ရက္ေလာက္ ပစ္ထားလိုက္ပါ။ Lemon နဲ႔ ေနေရာင္အေရာဟာ အစြန္းအကြက္ေတြကို ကၽြတ္လြယ္ေစျပီး ဘက္တီးရီးယားေတြကိုလည္း ေသေစႏုိင္ပါတယ္။

lemon and salt

lemon and salt

Salt

ဆီမေျပာင္တဲ့ ပလတ္စတစ္ဗူးေတြ၊ ခြက္ေတြကို ေရေႏြးနဲ႔ ဆားနဲ႔ ပြတ္ျပီး ေဆးရင္ ဆီလည္း ေျပာင္၊ အစြန္းလည္း ကၽြတ္ေစပါတယ္။ အစြန္းမကၽြတ္မခ်င္း ဆားသံုးျပီး ျဖည္းျဖည္းခ်င္းပြတ္ေဆးႏုိင္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : foodal.com
[Unicode]

ဆေးရခက်တဲ့ ပလတ်စတစ်ဗူး၊ ချိုင့်တွေကြောင့် နိစ္စဓူဝ စိတ်ညစ်နေရပြီဆိုရင်

ကျောင်းသားမိဘတွေ၊ ရုံးဝန်ထမ်းသမားတွေအတွက် စိတ်ညစ်စရာတစ်ခုက စားပြီးသား ပလတ်စတစ်ဗူးတွေ၊ ချိုင့်တွေကို ပြန်ဆေးရတဲ့ အခါပါပဲ။ ပလတ်စတစ်ထမင်းဗူးတွေ၊ ချိုင့်တွေဟာ စတီးချိုင့်တွေထက် ဆေးရခက်တာ သိကြမှာပါ။ ဘယ်နှစ်ခေါက်ဆေးဆေး ဆီမပြောင်ဘူးလို့ ခံစားရတာ၊ ခရမ်းချဉ်သီးအနှစ်တို့ ပါတဲ့ ဟင်းကို စားရင် အစွန်းအကွက်ဖြစ်လွယ်တာ၊ ချွတ်မရတာနဲ့ အမြဲတမ်းခေါင်းကိုက်ကြရတယ်။

ဒါကြောင့် ဒီလို အစွန်းအကွက်တွေကို လွယ်လွယ်ချွတ်လို့ ရမယ့်နည်းလမ်းတွေကို အခုလို မျှဝေပေးလိုက်ပါတယ်။

Hand Sanitizer

Hand Sanitizer နဲ့ ပလတ်စတစ်ထမင်းဗူးတွေကို ဆေးလို့ရတယ်ဆိုတာ သိပါသလား။ Hand Sanitizer (လက်သန့်ဆေးရည်) မှာ ပါတဲ့ Alcohol က အစွန်းအကွက်တွေကို အလွယ်တကူ ကျွတ်စေမှာပါ။ ဆေးမယ့် ဗူးထဲကို Hand Sanitizer နည်းနည်း လောင်းချပြီး တိုက်ချွတ်ဆေးကြောရုံပါပဲ။

Bleaching Powder

Bleaching Powder (အစွန်းချွတ်ဆေး) နဲ့လည်း ပလတ်စတစ်ထမင်းဗူး၊ ချိုင့်၊ ခွက်တွေမှာ စွဲကပ်နေတဲ့ Juice၊ Coffee နဲ့ ဟင်းအနှစ်လို အရာတွေကို ဆေးကြောနိုင်ပါတယ်။ ရေတစ်ခွက်ထဲမှာ Bleaching Powder စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီး မွှေနှောက်လိုက်ပါ။ ဆေးမယ့် ဗူးတွေ ခွက်တွေကို အဲဒီရေထဲမှာ တစ်နာရီ၊ နှစ်နာရီလောက် စိမ်ထားပြီး အစွန်းတွေ ပြယ်သွားတော့မှ တိုက်ချွတ်ဆေးချပါ။

White Vinegar

Vinegar အရည်နဲ့လည်း ပလတ်စတစ်ဗူးတွေကို ဆေးလို့ ရပါသေးတယ်။ အရင်အတိုင်းပဲ ရေတစ်ခွက်မှာ Vinegar စားပွဲတင်ဇွန်းတစ်ဇွန်း ရောစပ်ပြီး ခုနလို စိမ်ထားရုံပါပဲ။ အပေါ်မှာ ပြောခဲ့သလို Bleaching Powder နဲ့က ပြင်းတယ်ထင်ရင် Vinegar ကို ရွေးချယ်လို့ ရပါတယ်။

Baking Soda

Baking Soda ဟာလည်း ပလတ်စတစ်အစွန်းအကွက်တွေအတွက် လျှို့ဝှက်ချက်တစ်ခုပါ၊ ဆီအကွက်တွေ ချွတ်ရတာအတွက်လည်း တကယ်ကောင်းတဲ့အရာပါ။ Baking Soda ကို ရေနဲ့ ရောပြီး ပလတ်စတစ်ဗူးနဲ့ ချိုင့်တွေကို သုတ်လိမ်းပြီး မိနစ် ၂၀ ဒါမှမဟုတ် မိနစ် ၃၀ ထားပါ။ ပြီးရင်တော့ ပြန်လည်ဆေးကြောပြီး အဝတ်စိုနဲ့ သုတ်ပေးရင် ရပါပြီ။

Lemon

အရမ်းကို စွန်းကွက်နေတဲ့၊ အတော့်ကို ချွတ်ရခက်တဲ့ အစွန်းအကွက်မျိုးဆိုရင်တော့ သံပုရာရည်၊ ရှောက်ရည်နဲ့ ပွတ်ပြီး နေရောင်ခြည်အောက်မှာ တစ်ရက် ဒါမှမဟုတ် နှစ်ရက်လောက် ပစ်ထားလိုက်ပါ။ Lemon နဲ့ နေရောင်အရောဟာ အစွန်းအကွက်တွေကို ကျွတ်လွယ်စေပြီး ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။

lemon and salt

lemon and salt

Salt

ဆီမပြောင်တဲ့ ပလတ်စတစ်ဗူးတွေ၊ ခွက်တွေကို ရေနွေးနဲ့ ဆားနဲ့ ပွတ်ပြီး ဆေးရင် ဆီလည်း ပြောင်၊ အစွန်းလည်း ကျွတ်စေပါတယ်။ အစွန်းမကျွတ်မချင်း ဆားသုံးပြီး ဖြည်းဖြည်းချင်းပွတ်ဆေးနိုင်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : foodal.com