[ZawGyi]

တကယ္ေဆးစြမ္းထက္ဖို႔ မွန္ကန္တဲ႔ေဆးေသာက္နည္းမ်ား

က်န္းမာအသက္ရွည္ျခင္းအတြက္ ဗီတာမင္ေဆးေတြ မွီဝဲတဲ႔အခါ ကိုယ္ေပးလိုက္ရတဲ႔တန္ဖိုးနဲ႔ညီေအာင္ တကယ္လည္းေဆးစြမ္းထက္ေအာင္ သတိထားသင္႔တာေလးေတြရွိပါတယ္။ ေဆးေသာက္တဲ႔အခါ ေသာက္ခ်င္သလို ေသာက္လုိက္တာထက္ သူ႔အခ်ိန္နဲ႔သူေသာက္ရင္ ပိုျပီးေဆးစြမ္းထက္ပါတယ္။

အစာနဲ႔တြဲေသာက္ပါ

အစားစားတဲ႔အခ်ိန္မွာ ကိုယ္တြင္းမွာရွိတဲ႔အစာေျခစနစ္က စတင္အလုပ္လုပ္ေဆာင္ျပီး အစားအစာထဲမွာရွိတဲ႔ အာနိသင္ေတြ အာဟာရေတြကို စုပ္ယူပါတယ္။ ဒါအျပင္ ကိုယ္သြတ္သြင္းလိုက္တဲ႔ ဗီတာမင္ေတြကိုလည္း မ်ားမ်ားစုပ္ယူပါတယ္။ ဒါေၾကာင္႔ ဗီတာမင္ေဆးေတြေသာက္မယ္ဆုိရင္ အစာတစ္ခုခုစားျပီးမွေသာက္ပါ။ အစာအိမ္ထဲအစာျပည္႔ေနခ်ိန္မွာ ေဆးေသာက္တာက မအီမသာျဖစ္တာ ပ်ိဳ႕အန္ခ်င္တာလိုမ်ိဳး ေဘးထြက္ဆုိးက်ိဳးေတြကိုေရွာင္ရွားႏိုင္ပါတယ္။

ဒါေပမဲ႔ သံဓာတ္ျပည္႔ဝေစတဲ႔ ေဆးေတြေသာက္မယ္ဆုိရင္ေတာ႔ အစာအိမ္ထဲဘာမွမရွိခ်ိန္မွာေသာက္ပါ။ ဒါမွ ပိုအက်ိဳးမ်ားပါလိမ္႔မယ္။

ကိုယ္ပံုမွန္ေသာက္ေနက်ေဆးေတြနဲ႔တည္႔မတည္႔

တခ်ိဳ႕ေသာ ဗီတာမင္ေဆးေတြဟာ ကိုယ္႔ေရာဂါေဝဒနာအတြက္ ေသာက္ေနရတဲ႔ေဆးေတြနဲ႔မတည္႔တာမ်ိဳးရွိႏိုင္ပါတယ္။ ဥပမာ- ဗီတာမင္ B6 ဟာပါကင္ဆန္ ေရာဂါအတြက္ေသာက္ေနရတဲ႔ေဆးေတြနဲ႔မတည္႔တာမ်ားပါတယ္။ ဗီတာမင္ D ဟာလည္း တီဘီအတြက္ေသာက္ေနရတဲ႔ေဆးေတြနဲ႔မတည္႔ပါဘူး။ ဒါေၾကာင္႔ ကိုယ္ကေရာဂါတစ္ခုခုအတြက္ေဆးေသာက္ေနရရင္ ဆရာဝန္နဲ႔တုိင္ပင္ျပီးမွ ဗီတာမင္ေဆးေတြကို မွီဝဲသင္႔ပါတယ္။

အဆီနဲ႔တြဲေသာက္ပါ

အဆီပါဝင္တဲ႔ ဗီတာမင္ A ၊ D ၊ E ၊ K တို႔ကို အဆီနဲ႔တြဲဖက္ေသာက္သံုးတာက သူတုိ႔ရဲ႕အာနိသင္ကို ခႏၶာကိုယ္ကပိုမိုစုပ္ယူႏိုင္ေစပါတယ္။ ဗီတာမင္ D ေသာက္ေနသူေတြဟာ အဆီမ်ားမ်ားပါတဲ႔မနက္စာစားျပီးခ်ိန္မွာေဆးေသာက္တာက ေဆးရဲ႕အစြမ္းကို ၃၂ ရာခိုင္ႏႈန္းအထိ တိုးျမွင္႔စုပ္ယူႏိုင္တယ္လုိ႔ ေလ႔လာေတြ႔ရွိရပါတယ္။ ဒါေၾကာင္႔ ဗီတာမင္ A ၊ D ၊ E ၊ K တုိ႔ကိုေသာက္ေနသူေတြအေနနဲ႔ အစာစားခ်ိန္မွာ ၾကက္ဥ၊ အေစ႔အဆံ၊ ႏို႔ထြက္ပစၥည္းေတြကို ထည္႔သြင္းစားသံုးသင္႔ပါတယ္။

ယွဥ္တြဲေသာက္သံုးပါ

တခ်ိဳ႕ေသာ ဗီတာမင္ေတြဟာ အတူတူတြဲဖက္ေသာက္သံုးရင္ ပိုျပီးအက်ိဳးမ်ားလာတဲ႔သေဘာရွိပါတယ္။ ဗီတာမင္ D နဲ႔ ဗီတာမင္ K2 က ကယ္လ္ဆီယမ္ကိုပိုမိုစုပ္ယူႏိုင္ဖုိ႔အားေပးပါတယ္။ ဗီတာမင္ C ကေတာ႔ သံဓာတ္ကိုပိုမိုစုပ္ယူႏိုင္ဖု႔ိ အားေပးပါတယ္။ ဒါအျပင္ ေဆးေသာက္ခ်ိန္မွာ ၾကံဳရတဲ႔ မအီမသာျဖစ္ျခင္း ပ်ိဳ႕အန္လိုျခင္းေတြကို သက္သာေစပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

အခ်ိန္ျခားျပီးေသာက္ပါ

ေဆးေသာက္တဲ႔အခါ ယွဥ္တြဲေသာက္သံုးတာကလည္းအေရးပါသလို ျခားျပီးေသာက္သင္႔တဲ႔ေဆးေတြလည္းရွိပါတယ္။ ဥပမာ- သံဓာတ္ျဖည္႔ေဆးေတြကို မနက္အစာမစားခင္ေသာက္သံုးသင္႔ျပီး ကယ္လ္ဆီယမ္ကိုကေတာ႔ ညေနပိုင္းေတြမွာ ေသာက္သံုးသင္႔ပါတယ္။ ဒီလို အခ်ိန္ေရြးခ်ယ္ေသာက္သံုးတာက သင္႔ကိုပိုျပီးသက္ေသာင္႔သက္သာျဖစ္ေစပါတယ္။

သိမ္းဆည္းတဲ႔ေနရာ

ဗီတာမင္ေဆးေတြကို သိမ္းဆည္းတဲ႔အခါ ေအးျမတဲ႔ေနရာမွာသိမ္းဆည္းရမွာပါ။ တခ်ိဳ႕ေဆးေတြက ေရခဲေသတၱာထဲမွာ သိမ္းဆည္းမယ္ဆုိရင္ အာနိသင္ကိုပိုထိန္းႏိုင္ပါတယ္။ ငါးၾကီးဆီလိုမ်ိဳး ေပၚျပဴလာျဖစ္တဲ႔ ျဖည္႔စြက္ေဆးဝါးေတြကေတာ႔ အရိပ္ရျပီးေအးတဲ႔ေနရာမွာ မျဖစ္မေနသိမ္းဆည္းဖုိ႔လုိပါတယ္။

ကဖင္းကိုဂရုစိုက္ပါ

ကဖင္းက ေဆးအာနိသင္ေတြကို စုပ္ယူႏိုင္ဖုိ႔အတြက္ အေႏွာင္႔အယွက္ေပးပါတယ္။ ဒါေၾကာင္႔ ဗီတာမင္ေဆးေတြေသာက္ေနခ်ိန္မွာ ေကာ္ဖီေလွ်ာ႔ေသာက္ေပးပါ။ ေကာ္ဖီေသာက္ထားမိတယ္ဆုိရင္လည္း ၁၅ မိနစ္ၾကာမွသာ ေဆးကိုေသာက္ပါ။

သဘာဝကအေကာင္းဆံုးပါ

ဗီတာမင္ဆုိတဲ႔ေနရာမွာ သဘာဝတရားကေနရရွိတာကအေကာင္းဆံုးပါ။ စိမ္းစိုလတ္ဆတ္တဲ႔ အသီးအရြက္ေတြ၊ အရည္ရႊမ္းတဲ႔အသီးအႏွံေတြ၊ အေစ႔အဆံေတြ၊ အသား ငါးေတြမွာ လူ႔ခႏၶာကိုယ္အတြက္လုိအပ္တဲ႔ အာဟာရဓာတ္ေတြလံုေလာက္ေအာင္ပါဝင္ပါတယ္။ ဒါေၾကာင္႔ မျဖစ္မေနလိုအပ္မွသာ ျဖည္႔စြက္ေဆးအေနနဲ႔မွီဝဲပါ လို႔အၾကံျပဳခ်င္ပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

Ref# art of living

www.akhayar.com

[Unicode]

တကယ်ဆေးစွမ်းထက်ဖို့ မှန်ကန်တဲ့ဆေးသောက်နည်းများ

ကျန်းမာအသက်ရှည်ခြင်းအတွက် ဗီတာမင်ဆေးတွေ မှီဝဲတဲ့အခါ ကိုယ်ပေးလိုက်ရတဲ့တန်ဖိုးနဲ့ညီအောင် တကယ်လည်းဆေးစွမ်းထက်အောင် သတိထားသင့်တာလေးတွေရှိပါတယ်။ ဆေးသောက်တဲ့အခါ သောက်ချင်သလို သောက်လိုက်တာထက် သူ့အချိန်နဲ့သူသောက်ရင် ပိုပြီးဆေးစွမ်းထက်ပါတယ်။

အစာနဲ့တွဲသောက်ပါ

အစားစားတဲ့အချိန်မှာ ကိုယ်တွင်းမှာရှိတဲ့အစာခြေစနစ်က စတင်အလုပ်လုပ်ဆောင်ပြီး အစားအစာထဲမှာရှိတဲ့ အာနိသင်တွေ အာဟာရတွေကို စုပ်ယူပါတယ်။ ဒါအပြင် ကိုယ်သွတ်သွင်းလိုက်တဲ့ ဗီတာမင်တွေကိုလည်း များများစုပ်ယူပါတယ်။ ဒါကြောင့် ဗီတာမင်ဆေးတွေသောက်မယ်ဆိုရင် အစာတစ်ခုခုစားပြီးမှသောက်ပါ။ အစာအိမ်ထဲအစာပြည့်နေချိန်မှာ ဆေးသောက်တာက မအီမသာဖြစ်တာ ပျို့အန်ချင်တာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေကိုရှောင်ရှားနိုင်ပါတယ်။

ဒါပေမဲ့ သံဓာတ်ပြည့်ဝစေတဲ့ ဆေးတွေသောက်မယ်ဆိုရင်တော့ အစာအိမ်ထဲဘာမှမရှိချိန်မှာသောက်ပါ။ ဒါမှ ပိုအကျိုးများပါလိမ့်မယ်။

ကိုယ်ပုံမှန်သောက်နေကျဆေးတွေနဲ့တည့်မတည့်

တချို့သော ဗီတာမင်ဆေးတွေဟာ ကိုယ့်ရောဂါဝေဒနာအတွက် သောက်နေရတဲ့ဆေးတွေနဲ့မတည့်တာမျိုးရှိနိုင်ပါတယ်။ ဥပမာ- ဗီတာမင် B6 ဟာပါကင်ဆန် ရောဂါအတွက်သောက်နေရတဲ့ဆေးတွေနဲ့မတည့်တာများပါတယ်။ ဗီတာမင် D ဟာလည်း တီဘီအတွက်သောက်နေရတဲ့ဆေးတွေနဲ့မတည့်ပါဘူး။ ဒါကြောင့် ကိုယ်ကရောဂါတစ်ခုခုအတွက်ဆေးသောက်နေရရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ဗီတာမင်ဆေးတွေကို မှီဝဲသင့်ပါတယ်။

အဆီနဲ့တွဲသောက်ပါ

အဆီပါဝင်တဲ့ ဗီတာမင် A ၊ D ၊ E ၊ K တို့ကို အဆီနဲ့တွဲဖက်သောက်သုံးတာက သူတို့ရဲ့အာနိသင်ကို ခန္ဓာကိုယ်ကပိုမိုစုပ်ယူနိုင်စေပါတယ်။ ဗီတာမင် D သောက်နေသူတွေဟာ အဆီများများပါတဲ့မနက်စာစားပြီးချိန်မှာဆေးသောက်တာက ဆေးရဲ့အစွမ်းကို ၃၂ ရာခိုင်နှုန်းအထိ တိုးမြှင့်စုပ်ယူနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် ဗီတာမင် A ၊ D ၊ E ၊ K တို့ကိုသောက်နေသူတွေအနေနဲ့ အစာစားချိန်မှာ ကြက်ဥ၊ အစေ့အဆံ၊ နို့ထွက်ပစ္စည်းတွေကို ထည့်သွင်းစားသုံးသင့်ပါတယ်။

ယှဉ်တွဲသောက်သုံးပါ

တချို့သော ဗီတာမင်တွေဟာ အတူတူတွဲဖက်သောက်သုံးရင် ပိုပြီးအကျိုးများလာတဲ့သဘောရှိပါတယ်။ ဗီတာမင် D နဲ့ ဗီတာမင် K2 က ကယ်လ်ဆီယမ်ကိုပိုမိုစုပ်ယူနိုင်ဖို့အားပေးပါတယ်။ ဗီတာမင် C ကတော့ သံဓာတ်ကိုပိုမိုစုပ်ယူနိုင်ဖု့ိ အားပေးပါတယ်။ ဒါအပြင် ဆေးသောက်ချိန်မှာ ကြုံရတဲ့ မအီမသာဖြစ်ခြင်း ပျို့အန်လိုခြင်းတွေကို သက်သာစေပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

အချိန်ခြားပြီးသောက်ပါ

ေဆေးသောက်တဲ့အခါ ယှဉ်တွဲသောက်သုံးတာကလည်းအရေးပါသလို ခြားပြီးသောက်သင့်တဲ့ဆေးတွေလည်းရှိပါတယ်။ ဥပမာ- သံဓာတ်ဖြည့်ဆေးတွေကို မနက်အစာမစားခင်သောက်သုံးသင့်ပြီး ကယ်လ်ဆီယမ်ကိုကတော့ ညနေပိုင်းတွေမှာ သောက်သုံးသင့်ပါတယ်။ ဒီလို အချိန်ရွေးချယ်သောက်သုံးတာက သင့်ကိုပိုပြီးသက်သောင့်သက်သာဖြစ်စေပါတယ်။

သိမ်းဆည်းတဲ့နေရာ

ဗီတာမင်ဆေးတွေကို သိမ်းဆည်းတဲ့အခါ အေးမြတဲ့နေရာမှာသိမ်းဆည်းရမှာပါ။ တချို့ဆေးတွေက ရေခဲသေတ္တာထဲမှာ သိမ်းဆည်းမယ်ဆိုရင် အာနိသင်ကိုပိုထိန်းနိုင်ပါတယ်။ ငါးကြီးဆီလိုမျိုး ပေါ်ပြူလာဖြစ်တဲ့ ဖြည့်စွက်ဆေးဝါးတွေကတော့ အရိပ်ရပြီးအေးတဲ့နေရာမှာ မဖြစ်မနေသိမ်းဆည်းဖို့လိုပါတယ်။

ကဖင်းကိုဂရုစိုက်ပါ

ကဖင်းက ဆေးအာနိသင်တွေကို စုပ်ယူနိုင်ဖို့အတွက် အနှောင့်အယှက်ပေးပါတယ်။ ဒါကြောင့် ဗီတာမင်ဆေးတွေသောက်နေချိန်မှာ ကော်ဖီလျှော့သောက်ပေးပါ။ ကော်ဖီသောက်ထားမိတယ်ဆိုရင်လည်း ၁၅ မိနစ်ကြာမှသာ ဆေးကိုသောက်ပါ။

သဘာဝကအကောင်းဆုံးပါ

ဗီတာမင်ဆိုတဲ့နေရာမှာ သဘာဝတရားကနေရရှိတာကအကောင်းဆုံးပါ။ စိမ်းစိုလတ်ဆတ်တဲ့ အသီးအရွက်တွေ၊ အရည်ရွှမ်းတဲ့အသီးအနှံတွေ၊ အစေ့အဆံတွေ၊ အသား ငါးတွေမှာ လူ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေလုံလောက်အောင်ပါဝင်ပါတယ်။ ဒါကြောင့် မဖြစ်မနေလိုအပ်မှသာ ဖြည့်စွက်ဆေးအနေနဲ့မှီဝဲပါ လို့အကြံပြုချင်ပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

Ref# art of living

www.akhayar.com