[Zawgyi]

အလုပ္ထဲက စကီေလးကုိ ဘယ္လုိပုိးပန္းရမလဲ

အခ်စ္ဆုိတာ အမွတ္မထင္ဘဲ ေတြ႕ၾကံဳႏုိင္သလုိ ျမင္ရဖန္မ်ားလြန္းလုိ႔ ခ်စ္သြားတာလည္း ျဖစ္ႏုိင္ပါတယ္။ တကယ္လုိ႔ ေန႔တုိင္းျမင္ေတြ႕ေနရတဲ့ လုပ္ေဖာ္ကုိင္ဖက္ကုိမွ ခ်စ္မိသြားရင္ေတာ့ စဥ္းစားရခက္လာပါတယ္။ အထက္လူႀကီးေတြလည္း မသိေအာင္ ကုိယ့္ေကာင္မေလးလည္း ျပန္ႀကိဳက္လာေအာင္ ဘယ္လုိၾကံေအာင္ရမလဲဆုိတာ ေဖာ္ျပလုိက္ပါတယ္။

(၁) ရုံးခ်ိန္ျပင္ပမွာ ႀကိဳးစားပါ။

Crush နဲ႔ ရင္းႏွီးလာေအာင္ ႀကိဳးစားတာပဲျဖစ္ျဖစ္ စကားေျပာတာပဲျဖစ္ျဖစ္ မုန္႔ဆုိင္သြားတာပဲျဖစ္ျဖစ္ ရုံးခ်ိန္ျပင္ပမွာပဲ အားထုတ္ပါ။ ရုံးခ်ိန္အတြင္းမွာ သာမန္လုပ္ေဖာ္ကုိင္ဖက္လုိပဲ ဆက္ဆံတာက ပုိေကာင္းပါတယ္။ ရုံးဆင္းတာနဲ႔ သူနဲ႔အတူျပန္တာပဲျဖစ္ျဖစ္ ကားမွတ္တိုင္အထိ လုိက္ပုိ႔တာပဲျဖစ္ျဖစ္ တစ္နည္းနည္းနဲ႔ ႀကိဳးစားၾကည့္လုိက္ပါ။

(၂) ရုံးေပ်ာ္ပြဲရႊင္ပြဲေတြမွာ ပါဝင္ေပးပါ။

လုပ္ေဖာ္ကုိင္ဖက္ကုိ ပုိးပမ္းရတဲ့ အဓိကအားသာခ်က္က အေနနီးတာပဲ၊ အားနည္းခ်က္က တျခားလုပ္ေဖာ္ကုိင္ဖက္ေတြ ရိပ္မိမွာစုိးရတာ။ အဲဒီေတာ့ အေနနီးတဲ့ အားသာခ်က္ကုိ ေကာင္းေကာင္းအသုံးခ်ဖုိ႔ေတာ့ လုိမယ္ေနာ္။ ဝန္ထမ္းေတြ အားလုံးပါတဲ့ ဒင္နာမ်ိဳးမွာ ပူးေပါင္းၿပီး Crush နဲ႔ ရင္းႏွီးေအာင္ လုပ္ပါ။ Crush ရဲ႕အျမင္မွာ ကုိယ္ဟာ တက္ၾကြတဲ့လူတစ္ေယာက္ျဖစ္ေၾကာင္း ေပၚလြင္ပါေစ။

(၃) သိသာသိေစ မျမင္ေစနဲ႔။

ရုံးခ်ိန္အတြင္းမွာ Crush ကုိ ဖြန္တအား မေၾကာင္ေလနဲ႔။ တျခားလုပ္ေဖာ္ကုိင္ဖက္ေတြ သိသြားတာ အေရးမႀကီးလွေပမယ့္ အထက္လူႀကီးသိသြားရင္ ႏွစ္ေယာက္စလုံးအတြက္ မေကာင္းလွဘူး။ အဲဒီေတာ့ ရုံးခ်ိန္အတြင္းမွာ ဆတ္စလူး ပ်ားတုပ္မျဖစ္ေစနဲ႔။ တစ္ခါတေလမွာ ကုိယ္ႀကိဳက္ေနတာ တျခားလုပ္ေဖာ္ကုိက္ဖက္ေတြ ရိပ္မိႏုိင္ေပမယ့္ ‘သိသာသိေစ မျမင္ေစနဲ႔’ ဆုိတဲ့ စကားပုံလုိပဲ သူတုိ႔ေရွ႕မွာေတာ့ ‘ပုိေနျမဲ က်ားေနျမဲ’ ပဲလုပ္တာက အေကာင္းဆုံးပါ။

(၄) လူမႈကြန္ရက္အေပၚမွာ မသိသာေစနဲ႔။

လုပ္ေဖာ္ကုိင္ဖက္တစ္ေယာက္ကုိ ခ်စ္မိတ့ဲအေၾကာင္းနဲ႔ပဲျဖစ္ျဖစ္ တျခားလူေတြ ရိပ္မိႏုိင္တဲ့ စာသားတစ္ခုပဲျဖစ္ျဖစ္ လူမႈကြန္ရက္မွာ မတင္မိတာက အေကာင္းဆုံးပါ။ ကုိယ့္အတြက္လည္း Professional မဆန္တဲ့ အျပဳအမူတစ္ခုလည္း ျဖစ္သြားႏုိင္သလုိ အထက္လူႀကီးေတြလည္း အမ်က္ေတာ္ရွႏုိင္ပါတယ္။

(၅) အျပစ္ရွိတယ္လုိ႔ မခံစားလုိက္ပါနဲ႔။

အလုပ္ရွင္ေတြက လုပ္ေဖာ္ကုိင္ဖက္အခ်င္းခ်င္း ရည္းစားျဖစ္သြားရင္ ႀကိဳက္ၾကမွာ မဟုတ္ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အလုပ္ကုိ အာရုံမစုိက္မွာစုိးလုိ႔ရယ္၊ တစ္ေယာက္အလုပ္ထြက္သြားရင္ ေနာက္လူပါ လုိက္ထြက္မွာစုိးလုိ႔ပါ။ တကယ္ေတာ့ လုပ္ေဖာ္ကုိင္ဖက္တစ္ေယာက္ကုိ ခ်စ္မိတာ အျပစ္မဟုတ္ပါဘူး။ အလုပ္နဲ႔အခ်စ္ေရးကုိ ခြဲျခားသိျမင္ဖုိ႔ပဲ အေရးႀကီးတာပါ။ အလုပ္ခ်ိန္မွာ အလုပ္ပဲ အာရုံစုိက္မယ္ဆုိရင္ ဘာျပႆနာမွ မရွိပါဘူး။

ကဲ . . . အခုေဖာ္ျပခဲ့တဲ့ အခ်က္ေတြက လုပ္ေဖာ္ကုိင္ဖက္တစ္ေယာက္ကုိ ခ်စ္မိရင္ ဘယ္လုိလုပ္ေဆာင္ရမယ္ဆုိတာ တင္ဆက္သြားတာျဖစ္ပါတယ္။ အခ်စ္ေရးမွာ အဆင္ေျပၾကပါေစလုိ႔ ဆုေတာင္းေပးလုိက္ရပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

အလုပ်ထဲက စကီလေးကို ဘယ်လိုပိုးပန်းရမလဲ

အချစ်ဆိုတာ အမှတ်မထင်ဘဲ တွေ့ကြုံနိုင်သလို မြင်ရဖန်များလွန်းလို့ ချစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ နေ့တိုင်းမြင်တွေ့နေရတဲ့ လုပ်ဖော်ကိုင်ဖက်ကိုမှ ချစ်မိသွားရင်တော့ စဉ်းစားရခက်လာပါတယ်။ အထက်လူကြီးတွေလည်း မသိအောင် ကိုယ့်ကောင်မလေးလည်း ပြန်ကြိုက်လာအောင် ဘယ်လိုကြံအောင်ရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

(၁) ရုံးချိန်ပြင်ပမှာ ကြိုးစားပါ။

Crush နဲ့ ရင်းနှီးလာအောင် ကြိုးစားတာပဲဖြစ်ဖြစ် စကားပြောတာပဲဖြစ်ဖြစ် မုန့်ဆိုင်သွားတာပဲဖြစ်ဖြစ် ရုံးချိန်ပြင်ပမှာပဲ အားထုတ်ပါ။ ရုံးချိန်အတွင်းမှာ သာမန်လုပ်ဖော်ကိုင်ဖက်လိုပဲ ဆက်ဆံတာက ပိုကောင်းပါတယ်။ ရုံးဆင်းတာနဲ့ သူနဲ့အတူပြန်တာပဲဖြစ်ဖြစ် ကားမှတ်တိုင်အထိ လိုက်ပို့တာပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ကြိုးစားကြည့်လိုက်ပါ။

(၂) ရုံးပျော်ပွဲရွှင်ပွဲတွေမှာ ပါဝင်ပေးပါ။

လုပ်ဖော်ကိုင်ဖက်ကို ပိုးပမ်းရတဲ့ အဓိကအားသာချက်က အနေနီးတာပဲ၊ အားနည်းချက်က တခြားလုပ်ဖော်ကိုင်ဖက်တွေ ရိပ်မိမှာစိုးရတာ။ အဲဒီတော့ အနေနီးတဲ့ အားသာချက်ကို ကောင်းကောင်းအသုံးချဖို့တော့ လိုမယ်နော်။ ဝန်ထမ်းတွေ အားလုံးပါတဲ့ ဒင်နာမျိုးမှာ ပူးပေါင်းပြီး Crush နဲ့ ရင်းနှီးအောင် လုပ်ပါ။ Crush ရဲ့အမြင်မှာ ကိုယ်ဟာ တက်ကြွတဲ့လူတစ်ယောက်ဖြစ်ကြောင်း ပေါ်လွင်ပါစေ။

(၃) သိသာသိစေ မမြင်စေနဲ့။

ရုံးချိန်အတွင်းမှာ Crush ကို ဖွန်တအား မကြောင်လေနဲ့။ တခြားလုပ်ဖော်ကိုင်ဖက်တွေ သိသွားတာ အရေးမကြီးလှပေမယ့် အထက်လူကြီးသိသွားရင် နှစ်ယောက်စလုံးအတွက် မကောင်းလှဘူး။ အဲဒီတော့ ရုံးချိန်အတွင်းမှာ ဆတ်စလူး ပျားတုပ်မဖြစ်စေနဲ့။ တစ်ခါတလေမှာ ကိုယ်ကြိုက်နေတာ တခြားလုပ်ဖော်ကိုက်ဖက်တွေ ရိပ်မိနိုင်ပေမယ့် ‘သိသာသိစေ မမြင်စေနဲ့’ ဆိုတဲ့ စကားပုံလိုပဲ သူတို့ရှေ့မှာတော့ ‘ပိုနေမြဲ ကျားနေမြဲ’ ပဲလုပ်တာက အကောင်းဆုံးပါ။

(၄) လူမှုကွန်ရက်အပေါ်မှာ မသိသာစေနဲ့။

လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ချစ်မိတဲ့အကြောင်းနဲ့ပဲဖြစ်ဖြစ် တခြားလူတွေ ရိပ်မိနိုင်တဲ့ စာသားတစ်ခုပဲဖြစ်ဖြစ် လူမှုကွန်ရက်မှာ မတင်မိတာက အကောင်းဆုံးပါ။ ကိုယ့်အတွက်လည်း Professional မဆန်တဲ့ အပြုအမူတစ်ခုလည်း ဖြစ်သွားနိုင်သလို အထက်လူကြီးတွေလည်း အမျက်တော်ရှနိုင်ပါတယ်။

(၅) အပြစ်ရှိတယ်လို့ မခံစားလိုက်ပါနဲ့။

အလုပ်ရှင်တွေက လုပ်ဖော်ကိုင်ဖက်အချင်းချင်း ရည်းစားဖြစ်သွားရင် ကြိုက်ကြမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ကို အာရုံမစိုက်မှာစိုးလို့ရယ်၊ တစ်ယောက်အလုပ်ထွက်သွားရင် နောက်လူပါ လိုက်ထွက်မှာစိုးလို့ပါ။ တကယ်တော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ချစ်မိတာ အပြစ်မဟုတ်ပါဘူး။ အလုပ်နဲ့အချစ်ရေးကို ခွဲခြားသိမြင်ဖို့ပဲ အရေးကြီးတာပါ။ အလုပ်ချိန်မှာ အလုပ်ပဲ အာရုံစိုက်မယ်ဆိုရင် ဘာပြဿနာမှ မရှိပါဘူး။

ကဲ . . . အခုဖော်ပြခဲ့တဲ့ အချက်တွေက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ချစ်မိရင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ တင်ဆက်သွားတာဖြစ်ပါတယ်။ အချစ်ရေးမှာ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com