[ZawGyi]

သင်္ကြန်ပိတ်ရက်လေး အကျိုးရှိအောင် ကိုယ်ရောစိတ်ပါ Detox လုပ်မယ်

သင်္ကြန်ရက်နီးလာပြီဆိုတော့ကာ ပိတ်ရက်လေးရတုန်း မကဲ၊ မဖလန်း အပြင်မထွက်တဲ့ အိမ်တွင်းပုန်းလေးတွေအတွက် အကျိုးရှိရှိပိတ်ရက်လေးကုန်ဆုံးရအောင် ကိုယ်ခန္ဓာရော၊ စိတ်လေးပါ ကြည်ကြည်စင်စင် လှလှပပနဲ့ ရုံးပြန်ဖွင့်ရင် အလှပိုကျန်းမာနေဖို့ တစ်ပတ်အတွင်း အလှပိုစေမယ့် Detox Plan လေးတွေ အခရာကနေ ရှာဖွေပေးလိုက်ပြီနော်။

Detox လုပ်တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ မလိုအပ်တဲ့ အဆိပ်အတောက်တွေ၊ ဆိုးကျိုးတွေဖြစ်စေမယ့်အရာတွေကို ဖယ်ရှားပေးပြီး ကျန်းမာတဲ့ နေထိုင်မှုပုံစံဖြစ်အောင် တည်ဆောက်ခြင်းပါ။ Detox လုပ်ခြင်းအားဖြင့် အသားအရေလေးတွေကြည်လင်လာမယ်၊ မျက်လုံးလေးတွေ ကြည်လင်လာမယ်၊ အစာခြေဖျက်အားကောင်းလာမယ်၊ အဲ့ဒီအပြင် မလိုအပ်တဲ့ အဆီပိုတွေလည်း ကျစေတယ်ဆိုတော့ အဘက်ဘက်က ကောင်းကျိုးတွေချည်းပါပဲ။

ကဲ…ဒါဆို ပိတ်ရက် ၅ရက်လေးမှာ အသားအရေတွေလှသွားဖို့ ကိုယ်ရည်စစ်ဖို့ ကိုယ်တိုင်လုပ် Detox Meal Plan လေး လုပ်လိုက်ရအောင်။

Detox Diet လုပ်ဖို့အတွက် အသင့်တော်ဆုံး အစားအစာတွေအနေနဲ့ဆို တူနာငါး၊ ထောပတ်သီး၊ Almonds ၊ မုန်လာဥနီ၊ ကြက်သွန်၊ ကညွတ်၊ ပဲနီလေး၊ ဆယ်လ်မွန်ငါး၊ သခွားသီး၊ ကြက်သွန်မြိတ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ မုန်ညင်း၊ ခရမ်းချဉ်သီး၊ သံလွင်သီး နဲ့ ဥတွေကတော့ အသင့်တော်ဆုံးဖြစ်မှာပါ။ ရေခဲသေတ္တာထဲကြိုဝယ်ထားပြီး ကိုယ့်တနေ့တာအလိုက် ယှဉ်တွဲပြီးစားနိုင်ပါတယ်။ ခုခေတ် Detox Meal Plan တွေလည်းအမျိုးမျိုးရှိနေကြပြီဆိုတော့ ကိုယ်နှစ်သက်ရာရာ Dressing လေးတွေနဲ့ Salad လေးတွေကို အင်တာနက်ကရှာဖွေပြီး လုပ်စားကြည့်လို့ရနေပါပြီ။

Detox meal plan

အဆီပိုတွေလျော့ပြီး အသားရေလေးလှပဖို့ဆို အစားတင်မကအသောက်လေးနဲ့ပါ အားဖြည့်ရမှာဆိုတော့ သဘာဝအတိုင်းဖျော်သောက်လို့ရမယ့် Detox Juiceလေးတွေလည်း ဒီလိုလွယ်လွယ်လေးဖျော်သောက်ကြည့်နိုင်ပါသေးတယ်။

Detpx juice plan

အကောင်းဆုံး Detox ဖျော်ရည်လေးတွေဆို-

မနက်ခင်းအတွက် အသင့်တော်ဆုံး လီမွန်၊ ပန်းသီး၊ သခွားသီး ရောစပ်ထားတဲ့ ဖျော်ရည်။

ပါတီပွဲတွေအပြီး ပြန်လန်းဆန်းချင်သူတွေအတွက် တရုတ်နံနံအရိုး၊ ကိုက်လန်၊ ဂျင်း၊ သခွားသီး၊ လီမွန်ကွင်း၊ ပူစီနံတို့ကို ပန်းသီးနဲ့တွဲဖျော်တဲ့ ပန်းသီး Detox ဖျော်ရည်။

နွေအတွက်သင့်တော်တဲ့ ပန်းသီး၊ နာနတ်သီး၊ မုန်လာဥနီ၊ ဂျင်းတို့ပါဝင်ရောစပ်ထားတဲ့ မုန်လာဥနီပန်းသီးဖျော်ရည်။

Detox Juice စစ်စစ်ဖြစ်တဲ့ ဟင်းနုနယ်၊ နံနံပင်၊ ကိုက်လန်၊ ဂျင်း၊ ပန်းသီးနဲ့ လီမွန်တို့ရောစပ်ဖျော်ထားတဲ့ လီမွန် Detox ဖျော်ရည်။

ရာသီဥတုအပူရှိန်ကြောင့် အဖုအပိမ့်ဓာတ်မတည့်မှုတွေပျောက်စေမယ့် သခွား၊ နာနတ်၊ လီမွန်၊ စပျစ်၊ နံနံပင်၊ ပန်းသီးတို့အချိုးကျစပ်ထားတဲ့ သီးစုံ Juice လေး။

လွယ်လွယ်ကူကူသောက်လို့ရမယ့် ပန်းသီး၊ ဥနီ၊ နံနံပင်ရိုး နဲ့ Detox Juice လေးတွေရယ်ဆိုပြီး မျိုးစုံ တစ်နေ့ တစ်မျိုး အချိန်ခါအလိုက် သောက်လို့ရပါတယ်။

ခန္ဓာကိုယ်အတွက် Detox လုပ်ပြီးရင် စိတ်ကျန်းမာရေးအတွက်လည်း တစ်ရက်ကို ၁၅ မိနစ်လောက် ဝင်လေထွက်လေရှူပြီး တရားထိုင်ပေးသင့်ပါတယ်။ တစ်နေ့ကို ရေ အနည်းဆုံး ၃ လီတာလောက်သောက်သင့်ပါတယ်။ အစာဝါးတဲ့အခါတိုင်းလည်း ၁၀ ကြိမ်မှ ၁၂ ကြိမ်လောက်ထိကျေညက်အောင်ဝါးသင့်ပါတယ်။

meditation

ဒီလိုနည်းလေးတွေနဲ့ သင်္ကြန်ပိတ်ရက်အနားလေးရတုန်း ကိုယ်ရောစိတ်ပါကျန်းမာတဲ့ ကိုယ်ခန္ဓာကို ပြန်တည်ဆောက်ပြီး ကျန်းမာပြီး ပိုအောင်မြင်တဲ့လူတစ်ယောက်အဖြစ်ပုံဖော်နိုင်ပါပြီ။

EiEiKhineMinn ( Akhayar )