[Zawgyi]

သတိ… သႀကၤန္ရံုးပိတ္ရက္တြင္း အိပ္လိုက္စားလိုက္နဲ႔ ဝိတ္တက္မလာေစဖို႔

သႀကၤန္တြင္းမွာ ခရီးလည္းမသြားဘူး၊ ရိပ္သာလည္းမဝင္ျဖစ္ဘူး၊ လည္လည္းမလည္ျဖစ္ဘူးဆိုရင္ေတာ့ အိမ္မွာ အခ်ိန္ကို အက်ိဳးရွိရွိ အသံုးခ်တတ္ဖို႔ေတာ့ လိုပါတယ္ေနာ္။ အိမ္တြင္းေအာင္းေနရမွာဆိုေတာ့ အိမ္မွာ အစားစားလိုက္၊ အိပ္လိုက္၊ တီဗီၾကည့္လိုက္နဲ႔ဆိုေတာ့ ဒီပိတ္ရက္တိုအတြင္းမွာ ဝိတ္က တက္လာႏုိင္ပါတယ္။ ဒါ့ေၾကာင့္ အလွအပႀကိဳက္ႏွစ္သက္တဲ့ ပ်ိဳေမေတြအတြက္ေတာ့ သႀကၤန္ပိတ္ရက္တိုအတြင္းမွာ ဝိတ္တက္မွာကို စိုးရိမ္တယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ ေဆာင္ရန္၊ ေရွာင္ရန္ေတြကို သိထားဖုိ႔ေတာ့ လိုပါမယ္ေနာ္။

(၁) အစားအေသာက္ဆင္ျခင္ပါ

ပိတ္ရက္တြင္းဆိုေတာ့ အစားနဲ႔ပါးစပ္မျပတ္ဘဲ အထိန္းအကြပ္မဲ့ စားေသာက္ေနမိမယ္ထင္ပါတယ္။ ကိုယ္စားသံုးမယ့္ အစားအစာကိုလည္း မွန္မွန္ကန္ကန္ ေရြးခ်ယ္စားသံုးဖို႔ လိုပါတယ္။ အထူးသျဖင့္ ဆီေၾကာ္စာနဲ႔ အဆီပါတဲ့အသားေတြကို ေရွာင္ၾကဥ္သင့္ပါတယ္။ ထမင္းစားစားၿပီးၿပီးခ်င္း ေရခဲေရေသာက္တာ၊ အခ်ိဳရည္ေသာက္တာမ်ိဳး မျပဳလုပ္ပါနဲ႔။ ဒါက သင့္ခါးတစ္ဝုိက္အဆီေတြကို စုသြားေစပါတယ္။ ဒါ့ေၾကာင့္ အစားအေသာက္ ဆင္ျခင္စားသံုးပါ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

(၂) အသီးအႏွံမ်ားမ်ားစားပါ

ေႏြရာသီျဖစ္တာမို႔လို႔ ခႏၶာကိုယ္တြင္း ေရဓာတ္ခမ္းေျခာက္မႈမျဖစ္ေစဖို႔ ေရမ်ားမ်ားေသာက္ၿပီး ေရဓာတ္ျပည့္ဝစြာပါဝင္တဲ့ အသီးအႏွံမ်ားကိုုလည္း စားသံုးသင့္ပါတယ္။ အစာမစားခင္ ေရတစ္ဖန္ခြက္ ေသာက္ေပးပါ။ ဒါဆိုရင္ အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးႏုိင္ၿပီး ဝိတ္တက္မွာကိုလည္း စိုးရိမ္စရာမလိုေတာ့ပါဘူး။

(၃) အေနအထိုင္ ဆင္ျခင္ပါ

ဗိုက္မွာအဆီစုရတဲ့ အေၾကာင္းအရင္းေတြထဲမွာ ေနထိုင္မႈပံုစံေၾကာင့္လည္း ျဖစ္ႏုိ္င္ပါတယ္။ ခါးကုန္းၿပီးထိုင္တာ၊ ေကြးၿပီးထိုင္တာေတြေၾကာင့္ ခါးနဲ႔ဝမ္းဗိုက္မွာ အဆီေတြထြက္လာရတာပါ။ ဒါ့အျပင္ အစာစားၿပီးၿပီးခ်င္း အိပ္လိုက္တာမ်ိဳးကလည္း ဗိုက္မွာ အဆီေတြ စုလြယ္ေစပါတယ္။ ဒါ့ေၾကာင့္ အေနအထိုင္ဆင္ျခင္ဖုိ႔ သတိေပးခ်င္ပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

(၄) ေလ့က်င့္ခန္းလုပ္ပါ

ဝမ္းဗုိက္နဲ႔ ခါးတစ္ဝိုက္က အဆီေတြကိုခ်ခ်င္တယ္ဆိုရင္ေတာ့ ခါးလွည့္ကြင္းကို အသံုးျပဳေပးပါ။ ေလ့က်င့္ခန္းမလုပ္ခ်င္ဘူးဆိုရင္ေတာင္ ခႏၶာကိုယ္ကို လႈပ္လႈပ္ရွားရွားျပဳလုပ္ရတဲ့ ကခုန္ျခင္း၊ နာရီဝက္ေလာက္ လမ္းေလွ်ာက္ျခင္းမ်ိဳး ျပဳလုပ္ေပးသင့္ပါတယ္။ ေလ့က်င့္ခန္း ပံုမွန္ျပဳလုပ္တာက ခႏၶာကုိယ္တစ္ကိုယ္လံုးမွာရိွတဲ့ အဆီပိုမ်ားကို ဖယ္ရွားေပးႏုိင္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သတိ… သင်္ကြန်ရုံးပိတ်ရက်တွင်း အိပ်လိုက်စားလိုက်နဲ့ ဝိတ်တက်မလာစေဖို့

သင်္ကြန်တွင်းမှာ ခရီးလည်းမသွားဘူး၊ ရိပ်သာလည်းမဝင်ဖြစ်ဘူး၊ လည်လည်းမလည်ဖြစ်ဘူးဆိုရင်တော့ အိမ်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ဖို့တော့ လိုပါတယ်နော်။ အိမ်တွင်းအောင်းနေရမှာဆိုတော့ အိမ်မှာ အစားစားလိုက်၊ အိပ်လိုက်၊ တီဗီကြည့်လိုက်နဲ့ဆိုတော့ ဒီပိတ်ရက်တိုအတွင်းမှာ ဝိတ်က တက်လာနိုင်ပါတယ်။ ဒါ့ကြောင့် အလှအပကြိုက်နှစ်သက်တဲ့ ပျိုမေတွေအတွက်တော့ သင်္ကြန်ပိတ်ရက်တိုအတွင်းမှာ ဝိတ်တက်မှာကို စိုးရိမ်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်ရန်၊ ရှောင်ရန်တွေကို သိထားဖို့တော့ လိုပါမယ်နော်။

(၁) အစားအသောက်ဆင်ခြင်ပါ

ပိတ်ရက်တွင်းဆိုတော့ အစားနဲ့ပါးစပ်မပြတ်ဘဲ အထိန်းအကွပ်မဲ့ စားသောက်နေမိမယ်ထင်ပါတယ်။ ကိုယ်စားသုံးမယ့် အစားအစာကိုလည်း မှန်မှန်ကန်ကန် ရွေးချယ်စားသုံးဖို့ လိုပါတယ်။ အထူးသဖြင့် ဆီကြော်စာနဲ့ အဆီပါတဲ့အသားတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ထမင်းစားစားပြီးပြီးချင်း ရေခဲရေသောက်တာ၊ အချိုရည်သောက်တာမျိုး မပြုလုပ်ပါနဲ့။ ဒါက သင့်ခါးတစ်ဝိုက်အဆီတွေကို စုသွားစေပါတယ်။ ဒါ့ကြောင့် အစားအသောက် ဆင်ခြင်စားသုံးပါ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

(၂) အသီးအနှံများများစားပါ

နွေရာသီဖြစ်တာမို့လို့ ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်မှုမဖြစ်စေဖို့ ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝစွာပါဝင်တဲ့ အသီးအနှံများကိုုလည်း စားသုံးသင့်ပါတယ်။ အစာမစားခင် ရေတစ်ဖန်ခွက် သောက်ပေးပါ။ ဒါဆိုရင် အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပြီး ဝိတ်တက်မှာကိုလည်း စိုးရိမ်စရာမလိုတော့ပါဘူး။

(၃) အနေအထိုင် ဆင်ခြင်ပါ

ဗိုက်မှာအဆီစုရတဲ့ အကြောင်းအရင်းတွေထဲမှာ နေထိုင်မှုပုံစံကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခါးကုန်းပြီးထိုင်တာ၊ ကွေးပြီးထိုင်တာတွေကြောင့် ခါးနဲ့ဝမ်းဗိုက်မှာ အဆီတွေထွက်လာရတာပါ။ ဒါ့အပြင် အစာစားပြီးပြီးချင်း အိပ်လိုက်တာမျိုးကလည်း ဗိုက်မှာ အဆီတွေ စုလွယ်စေပါတယ်။ ဒါ့ကြောင့် အနေအထိုင်ဆင်ခြင်ဖို့ သတိပေးချင်ပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

(၄) လေ့ကျင့်ခန်းလုပ်ပါ

ဝမ်းဗိုက်နဲ့ ခါးတစ်ဝိုက်က အဆီတွေကိုချချင်တယ်ဆိုရင်တော့ ခါးလှည့်ကွင်းကို အသုံးပြုပေးပါ။ လေ့ကျင့်ခန်းမလုပ်ချင်ဘူးဆိုရင်တောင် ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားပြုလုပ်ရတဲ့ ကခုန်ခြင်း၊ နာရီဝက်လောက် လမ်းလျှောက်ခြင်းမျိုး ပြုလုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တာက ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာရှိတဲ့ အဆီပိုများကို ဖယ်ရှားပေးနိုင်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။