[Zawgyi]

ေရရွည္လက္တြဲေတြ ခိုင္ခိုုင္ၿမဲမယ့္ ခ်စ္ျခင္းတရားဆိုတာ…

အခရာရဲ႕ စာဖတ္ပရိသတ္ေတြအားလံုး ကိုယ္တကယ္ခ်စ္ရတဲ့သူနဲ႔ ဘဝမွာ ဆံုေတြ႕ခဲ့ၾကဖူးၿပီလား? ခ်စ္သူသက္တမ္းကို အခ်ိန္ေတာ္ေတာ္ၾကာ ျဖတ္သန္းခဲ့ၾကၿပီး ဆိုးတူေကာင္းဖက္ ဘဝအနိမ့္အျမင့္ေတြထဲ ႐ုန္းကန္ၾကဖူးၿပီးၿပီလား။ ကိုယ္တစ္ကယ္ခ်စ္ရတဲ့သူနဲ႔ ခ်စ္သူေတြျဖစ္ခဲ့တာေတာင္ နားလည္မႈေတြ၊ အျပန္အလွန္ယံုၾကည္မႈေတြ မတည္ၿမဲမွာစိုးလို႔ တစ္ခ်ိန္ခ်ိန္ ေကြကြင္းရမွာ စိုးရိမ္ပူပန္ေနရတာမ်ိဳးေတြ ၾကံဳလာရၿပီဆိုရင္ေတာ့ ဒီလူတစ္ေယာက္အေပၚ ကိုယ့္စိတ္ထဲက နက္နက္နဲနဲ အတည္တက် ရည္စူးထားၿပီးၿပီဆိုတာ အခိုင္အမာျဖစ္ေနပါၿပီ။

ဒါေပမယ့္ လက္ခုပ္ဆိုတာ တစ္ဖက္တည္းတီးတိုင္းျမည္တာမဟုတ္သလို ကိုယ့္ဘက္ကတစ္ဖက္တည္း ေကာင္းေအာင္၊ ေရရွည္အခ်စ္ၿမဲေအာင္ ႀကိဳးစားဖို႔မျဖစ္ႏိုင္သးပါဘူး။ ကိုယ္ခုတြဲေနတဲ့ ကိုယ့္ခ်စ္သူရဲ႕ လက္အစံုဟာ တစ္ဘဝလံုး ကိုယ့္အေပၚ ၿမဲၿမဲဆုပ္ကိုင္ထားႏိုင္ဖို႔ တစ္နည္းေျပာရရင္ Relationship တစ္ခု တစ္သက္တာခိုင္မာဖို႔ ၂ဦး၂ဖက္ တည္ေဆာက္ရမယ့္အရာေတြအမ်ားႀကီးပါ။

ခုဒီစာေလးကို ဖတ္ေနရင္းနဲ႔ ကိုယ့္စိတ္ထဲမွာ ကိုယ့္ဘဝရဲ႕လက္တြဲေဖာ္ကို ၿမင္ေယာင္လာရင္၊ သူနဲ႔ ပတ္သက္ၿပီး ေရရွည္လက္တြဲသြားခ်င္စိတ္ေတြ အဆံုးရံႈးမခံႏိုင္တဲ့စိတ္ေတြေပၚလာၿပီဆိုရင္ေတာ့ ဒီအခ်က္ေလးေတြကို ဖတ္ရင္း ၂ဦး၂ဘက္ တူတူမွ်ေဝက်င့္သံုးၾကည့္ၾကရေအာင္။

(၁) ခ်စ္သူေတြသာမဟုတ္ သူငယ္ခ်င္းပါျဖစ္ပါေစ။

စစ္တမ္းေတြေတာ္ေတာ္မ်ားမ်ားအရဆိုရင္ေတာ့ အခ်ိန္အၾကာဆံုး တည္ၿမဲသြားၾကတဲ့စံုတြဲေတြဆိုတာ သူငယ္ခ်င္းလိုလည္း ေပါင္းသင္းလို႔ရလို႔ပါပဲ။ ႏွစ္ေတြၾကာလာေလေလ ၂ဦးၾကားမွာ လ်ိဳ႕ဝွက္ခ်က္ေတြပါးလ်လာၿပီး တစ္ေယာက္အေၾကာင္းတစ္ေယာက္ ထဲထဲဝင္ဝင္သိလာၾကတာေတြ၊ ပိုမိုရင္းႏွီးတဲ့ လြတ္လြတ္လပ္လပ္ေျပာဆိုရင္ဖြင့္လို႔ရတဲ့ဆက္ဆံေရးေတြေၾကာင့္ ေဘးလူေတြအျမင္မွာေတာင္သူငယ္ခ်င္းေတြလို႔ထင္ျမင္လာေစမိတဲ့အထိ ပြင့္လင္းလာႏိုင္ေလ ေကာင္းေလပါပဲ။ ခ်စ္သူရည္းစားအရမ္းဆန္လြန္းၿပီး ကိုယ့္အားနည္းခ်က္တစ္ခုခုေပၚလို႔ သူအထင္ေသးသြားမွာစိုးရိမ္ေနရတာေတြက ေရရွည္အဆင္ေျပမွာမဟုတ္ပါဘူး။

(၂) သီးျခားရွင္သန္မႈေတြရွိတာ သတိရပါ။

ဘယ္ေလာက္ပဲ အရာရာရင္ဖြင့္ေဝမွ်ၾကတဲ့ အရင္းႏွီးဆံုးဆက္ဆံေရးျဖစ္ေနပါေစ လူတိုင္းမွာ သီးျခားရပ္တည္မႈနဲ႔ ကိုယ့္ဟာကိုယ္ရွင္သန္ေနထိုင္ရတဲ့ ဘဝေတြရွိၿပီးသားပါ။ ဥပမာ လုပ္ငန္းခြင္မတူတာမ်ိဳး၊ ေနထိုင္တဲ့ေနရာေဝးေနတာမ်ိဳးေတြ၊ ဝါသနာနဲ႔ အေလ့အထမတူတာမ်ိဳးေတြ ရွိေနတတ္ပါတယ္။ အဲ့လိုမတူညီမႈေတြကို အတင္းညွိယူဖို႔မႀကိဳးစားဘဲ နားလည္ၿပီး သူ႔အတြက္ ကိုယ့္အတြက္ သီးသန္႔ရွင္သန္မႈစက္ဝန္းေလး ဖန္တီးေပးပါ။ လူတိုင္းဟာ သူ႔ဘဝစက္ဝန္းနဲ႔သူ ရွင္သန္ရတာအသားက်ၿပီးသားမို႔ပါ။

(၃) အေရးႀကီးဆံုးျဖတ္ခ်က္ေတြမွာ ပါဝင္အၾကံေပးပါ။

ကိုယ့္လက္တြဲေဖာ္နဲ႔ အရာရာတိုင္း သေဘာထားထပ္တူညီဖို႔ဆိုတာ မလြယ္တဲ့အရာပါ။ ဒါေပမယ့္ ဘဝအတြက္၊ အလုပ္ခြင္နဲ႔ အေရးပါတဲ့ကိစၥေတြအတြက္ ဆံုးျဖတ္ခ်က္ေတြခ်ရတဲ့အခါမွာေတာ့ ကိုယ့္ရဲ႕ အေရးႀကီးဆံုးသူဆီက အၾကံဉာဏ္ကိုေမွ်ာ္လင့္တတ္ၾကပါတယ္။ အဲ့ဒီအခါမ်ိဳးမွာေတာ့ ကိုယ့္လက္တြဲေဖာ္ရဲ႕ဆံုးျဖတ္ခ်က္ေတြကို အသင့္ေတာ္ဆံုးျဖစ္ေအာင္ စိတ္ပါဝင္စားနဲ႔ တူတူဆံုးျဖတ္ေပးဖို႔ ပါဝင္ေပးဖို႔ အသင့္ရွိေနပါေစ။

(၄) ျငင္းခုန္မႈရန္ပြဲတိုင္းဟာ ေဝးကြာေစမယ့္ အေၾကာင္းရင္းမဟုတ္ပါ။

ဒီလိုေျပာရတာ တမ်ိဳးေတာ့ျဖစ္ေပမယ့္ ပံုမွန္ေအးေအးေဆးေဆးျဖတ္သန္းေနၾကတဲ့ RS ေတြထက္စာရင္ ရန္ျဖစ္လိုက္ျပန္ခ်စ္လိုက္ RS ေတြက အခက္အခဲေတြၾကားက တည္ေဆာက္ခဲ့ရတဲ့ ခ်စ္ျခင္းေတြကို ပိုခံစားတတ္ၿပီး အဲ့ဒီစိတ္နဲ႔ပဲ ေရရွည္ RS တစ္ခုကို လက္လႊတ္ဆံုးရံႈးမခံဘဲ တည္ေဆာက္သြားၾကတာပါ။ ဒါေပမယ့္ အျမဲတမ္း နီးပါး ျငင္းခုန္ရန္ျဖစ္ေနျပန္ရင္လည္း သေဘာထားမတူေတာ့တဲ့ ခံစားခ်က္ေတြနဲ႔ ေရွ႕ဆက္ဖို႔ ယံုၾကည္ခ်က္ေတြ ေဝဝါးလာႏိုင္ပါေသးတယ္။ ရန္ေတြလည္းေလွ်ာ့ျဖစ္ရင္း ခ်စ္ျခင္းေတြလည္း ညွိယူၾကပါ။

(၅) တစ္ေယာက္က တစ္ေယာက္ရဲ႕ အားျဖစ္ပါေစ။

က်ရံႈးခ်ိန္တိုင္း မွီခိုရတဲ့ ပခံုးတစ္ဖက္ဟာ ေအာင္ျမင္ခ်ိန္ ဂုဏ္ျပဳေပးမယ့္ လက္ခုပ္တစ္စံုထက္ ပိုခြန္အားျဖစ္ေစပါတယ္။ ကိုယ္တကယ္ခ်စ္တဲ့သူသာမွန္ရင္ သူ႔ရဲ႕ ေအာင္ျမင္ျခင္း၊ က်ရံႈးျခင္းေတြတိုင္းမွာ ကိုယ့္ရဲ႕ ဝမ္းသာဝမ္းနည္းခံစားခ်က္ေဝမွ်မႈေတြ၊ အၾကံဉာဏ္ေတြ၊ ခြန္အားေတြက ေရရွည္မွာ ကိုယ့္လက္ကို လက္တြဲမျဖဳတ္ေစေတာ့မယ့္ အာမခံခ်က္ေတြပါ။

(၆) ဆိုးရြားတဲ့ေန႔ေတြရွိႏိုင္တာလည္း အမွတ္ရပါ။

မတူညီတဲ့ လူသား၂ေယာက္ ေပါင္းစည္းမႈရဲ႕ အစ ခ်စ္ျခင္းမွ်ေဝဆဲကာလေတြမွာေတာင္ စိတ္ခံစားခ်က္ ဒါမွမဟုတ္ တျခားျပင္ပ ပေယာဂ အေႏွာင့္အယွက္ေတြေၾကာင့္ အဆင္မေျပတဲ့ေန႔ရက္ေတြဆိုတာ ဒုနဲ႔ေဒးပါပဲ။ ကိုယ္တစ္ကယ္ခ်စ္တဲ့ လက္တြဲမယ့္သူသာမွန္ရင္ တဒဂၤ စိတ္ခံစားခ်က္ေတြနဲ႔ ၂ဦးသားပိုနာက်င္ရေအာင္ စိတ္လိုက္မာန္ပါ မဆံုးျဖတ္ဖို႔ပါပဲ။ ေလျပည္နဲ႔ မုန္တိုင္းဆိုတာ တစ္လွည့္ဆီမို႔ပါ။

(၇) ကိုယ့္ဘဝဟာ သူနဲ႔မွ သာယာလာတာပါ။

အခ်ိန္ကအဆံုးအျဖတ္ေပးတတ္တဲ့ ခ်စ္ဇာတ္လမ္းတိုင္းဟာ မွန္ကန္တဲ့သူနဲ႔ ေတြ႕တဲ့အခါ တစ္ရက္ဆီတိုင္းက အဓိပၸာယ္ရွိလာတာမ်ိဳးပါ။ သူနဲ႔ေတြ႕ရဖို႔ေပ်ာ္ေနတတ္တာ၊ သူနဲ႔ေတြ႕ရခ်ိန္ေတြဟာ စိတ္သက္ေတာင့္သက္သာနဲ႔ လြတ္လြတ္လပ္လပ္ ျဖစ္ေနတာ၊ သူနဲ႔မေတြ႕တဲ့အခ်ိန္ေတြမွာလည္း တူတူရွိခဲ့တဲ့အခ်ိန္ေတြက ကိုယ့္စိတ္ထဲမွာ မွတ္မွတ္ရရျဖစ္ေနတာမ်ိဳးပါ။

(၈) အခ်ိန္ၾကာလာေလ တစ္သားတည္းျဖစ္လာေလေလ။

တကယ္ေရရွည္တည္တံ့မယ့္ RS မ်ိဳးဆိုတာ အခ်ိန္ၾကာလာတာနဲ႔အမွ် အဆံုးရံႈးမခံႏိုင္လာတာမ်ိဳးပါ။ သူ႔အတြက္ ကိုယ္ျဖစ္တည္လာသလို ကိုယ့္ရဲ႕ရွင္သန္ရျခင္းဆိုတာဟာလည္း သူ႔ေၾကာင့္ပဲျဖစ္လာတာမ်ိဳးပါ။ ေနာက္ကြယ္ရာက စိတ္မခ်ရျခင္းမ်ိဳးေတြ၊ မသၤကာမႈေတြလံုးဝမရွိပဲ မ်က္ေမွာက္မ်က္ကြယ္ယံုၾကည္မႈေတြတည္ၿမဲလာတာမ်ိဳးပါ။

(၉) သံသယေတြအေၾကာင္း ေဆြးေႏြးႏိုင္ၾကရမွာ။

အခ်ိန္ၾကာလာတာနဲ႔အမွ် ကိုယ္ခ်စ္တဲ့သူကို ဆံုးရံႈးရမွာ ေၾကာက္တဲ့စိတ္က သံသယေတြ၊ စိတ္ပူပန္မႈေတြပိုမို ပြားမ်ားလာေစၿပီး အဲ့ပူပန္မႈေတြေၾကာင့္ ျပသာနာေတြျဖစ္လာတတ္ၾကတာ ဓမၼတာပါ။ အေကာင္းဆံုးကေတာ့ ကိုယ့္စိတ္သူ႔စိတ္ ၂ဦးသားစိတ္ထဲက လိပ္ခဲတည္းလည္းျဖစ္ေနတဲ့ သံသယေတြ၊ သဝန္တိုမႈေတြ၊ အထင္အျမင္လြဲမႈေတြကို ထိပ္တိုက္ ပြင့္ပြင့္လင္းလင္း အျပန္အလွန္ ေမးျမန္းၾကရင္း အေျဖရွာရမွာပါ။ ၂ဦးသားဘဝလမ္းမွာ သံသယဆိုတာ နက္နက္နဲနဲအထိနာေစမယ့္ ဆူးခလုတ္ေတြပါ။

(၁၀) အနာဂတ္အေရး တူတူေတြးၾကတာ။

ကိုယ္တစ္ကယ္အေလးအနက္ထားတဲ့သူကို ပိုင္ဆိုင္ရၿပီဆိုရင္ေတာ့ ေရွ႕ဆက္ေလွ်ာက္မယ့္ အခ်စ္ခရီးလမ္းေတြဟာ အနာဂတ္အတြက္ ရည္မွန္းခ်က္ေတြ ဆႏၵေတြနဲ႔ ျပည့္ေနၾကတာမ်ိဳးပါ။ ေနာင္ဘယ္ႏွႏွစ္အတြင္း ဘယ္လိုအာမခံခ်က္၊ ပိုင္ဆိုင္မႈေတြနဲ႔ ၂ဦးသားဘဝထူေထာင္ဖို႔ေတြးေနတတ္ၾကတာ ေရရွည္လက္တြဲမယ့္ ခ်စ္သူတို႔ရဲ႕ သေကၤတတစ္ခုပါ။

ဒီအခ်က္ေတြထဲက ဘယ္အရာေတြကမ်ား ကိုယ္တို႔၂ေယာက္နဲ႔ ကိုက္ညီေနၿပီလဲ။ ဘယ္အရာေတြျပဳျပင္ဖို႔လိုေသးလဲ။ ဘယ္အရာေတြကို နားလည္လာသလဲဆိုတာ သိသြားၿပီဆို တသက္မခြဲ ေရရွည္လက္တြဲလို႔ရမယ့္ RS ေလးျဖစ္ေအာင္ အျပန္အလွန္ေဖးကူမရင္း ဘဝလမ္းေတြ တူတူလက္တြဲ ေလွ်ာက္ရင္း လွမ္းႏိုင္ၾကဖို႔ အၾကံေကာင္းေလးေပးလိုက္ပါရေစ။

EiEiKhineMinn ( Akhayar )

[Unicode]

ရေရှည်လက်တွဲတွေ ခိုင်ခိုင်မြဲမယ့် ချစ်ခြင်းတရားဆိုတာ…

အခရာရဲ့ စာဖတ်ပရိသတ်တွေအားလုံး ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ ဘဝမှာ ဆုံတွေ့ခဲ့ကြဖူးပြီလား? ချစ်သူသက်တမ်းကို အချိန်တော်တော်ကြာ ဖြတ်သန်းခဲ့ကြပြီး ဆိုးတူကောင်းဖက် ဘဝအနိမ့်အမြင့်တွေထဲ ရုန်းကန်ကြဖူးပြီးပြီလား။ ကိုယ်တစ်ကယ်ချစ်ရတဲ့သူနဲ့ ချစ်သူတွေဖြစ်ခဲ့တာတောင် နားလည်မှုတွေ၊ အပြန်အလှန်ယုံကြည်မှုတွေ မတည်မြဲမှာစိုးလို့ တစ်ချိန်ချိန် ကွေကွင်းရမှာ စိုးရိမ်ပူပန်နေရတာမျိုးတွေ ကြုံလာရပြီဆိုရင်တော့ ဒီလူတစ်ယောက်အပေါ် ကိုယ့်စိတ်ထဲက နက်နက်နဲနဲ အတည်တကျ ရည်စူးထားပြီးပြီဆိုတာ အခိုင်အမာဖြစ်နေပါပြီ။

ဒါပေမယ့် လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးတိုင်းမြည်တာမဟုတ်သလို ကိုယ့်ဘက်ကတစ်ဖက်တည်း ကောင်းအောင်၊ ရေရှည်အချစ်မြဲအောင် ကြိုးစားဖို့မဖြစ်နိုင်သးပါဘူး။ ကိုယ်ခုတွဲနေတဲ့ ကိုယ့်ချစ်သူရဲ့ လက်အစုံဟာ တစ်ဘဝလုံး ကိုယ့်အပေါ် မြဲမြဲဆုပ်ကိုင်ထားနိုင်ဖို့ တစ်နည်းပြောရရင် Relationship တစ်ခု တစ်သက်တာခိုင်မာဖို့ ၂ဦး၂ဖက် တည်ဆောက်ရမယ့်အရာတွေအများကြီးပါ။

ခုဒီစာလေးကို ဖတ်နေရင်းနဲ့ ကိုယ့်စိတ်ထဲမှာ ကိုယ့်ဘဝရဲ့လက်တွဲဖော်ကို မြင်ယောင်လာရင်၊ သူနဲ့ ပတ်သက်ပြီး ရေရှည်လက်တွဲသွားချင်စိတ်တွေ အဆုံးရှုံးမခံနိုင်တဲ့စိတ်တွေပေါ်လာပြီဆိုရင်တော့ ဒီအချက်လေးတွေကို ဖတ်ရင်း ၂ဦး၂ဘက် တူတူမျှဝေကျင့်သုံးကြည့်ကြရအောင်။

(၁) ချစ်သူတွေသာမဟုတ် သူငယ်ချင်းပါဖြစ်ပါစေ။

စစ်တမ်းတွေတော်တော်များများအရဆိုရင်တော့ အချိန်အကြာဆုံး တည်မြဲသွားကြတဲ့စုံတွဲတွေဆိုတာ သူငယ်ချင်းလိုလည်း ပေါင်းသင်းလို့ရလို့ပါပဲ။ နှစ်တွေကြာလာလေလေ ၂ဦးကြားမှာ လျို့ဝှက်ချက်တွေပါးလျလာပြီး တစ်ယောက်အကြောင်းတစ်ယောက် ထဲထဲဝင်ဝင်သိလာကြတာတွေ၊ ပိုမိုရင်းနှီးတဲ့ လွတ်လွတ်လပ်လပ်ပြောဆိုရင်ဖွင့်လို့ရတဲ့ဆက်ဆံရေးတွေကြောင့် ဘေးလူတွေအမြင်မှာတောင်သူငယ်ချင်းတွေလို့ထင်မြင်လာစေမိတဲ့အထိ ပွင့်လင်းလာနိုင်လေ ကောင်းလေပါပဲ။ ချစ်သူရည်းစားအရမ်းဆန်လွန်းပြီး ကိုယ့်အားနည်းချက်တစ်ခုခုပေါ်လို့ သူအထင်သေးသွားမှာစိုးရိမ်နေရတာတွေက ရေရှည်အဆင်ပြေမှာမဟုတ်ပါဘူး။

(၂) သီးခြားရှင်သန်မှုတွေရှိတာ သတိရပါ။

ဘယ်လောက်ပဲ အရာရာရင်ဖွင့်ဝေမျှကြတဲ့ အရင်းနှီးဆုံးဆက်ဆံရေးဖြစ်နေပါစေ လူတိုင်းမှာ သီးခြားရပ်တည်မှုနဲ့ ကိုယ့်ဟာကိုယ်ရှင်သန်နေထိုင်ရတဲ့ ဘဝတွေရှိပြီးသားပါ။ ဥပမာ လုပ်ငန်းခွင်မတူတာမျိုး၊ နေထိုင်တဲ့နေရာဝေးနေတာမျိုးတွေ၊ ဝါသနာနဲ့ အလေ့အထမတူတာမျိုးတွေ ရှိနေတတ်ပါတယ်။ အဲ့လိုမတူညီမှုတွေကို အတင်းညှိယူဖို့မကြိုးစားဘဲ နားလည်ပြီး သူ့အတွက် ကိုယ့်အတွက် သီးသန့်ရှင်သန်မှုစက်ဝန်းလေး ဖန်တီးပေးပါ။ လူတိုင်းဟာ သူ့ဘဝစက်ဝန်းနဲ့သူ ရှင်သန်ရတာအသားကျပြီးသားမို့ပါ။

(၃) အရေးကြီးဆုံးဖြတ်ချက်တွေမှာ ပါဝင်အကြံပေးပါ။

ကိုယ့်လက်တွဲဖော်နဲ့ အရာရာတိုင်း သဘောထားထပ်တူညီဖို့ဆိုတာ မလွယ်တဲ့အရာပါ။ ဒါပေမယ့် ဘဝအတွက်၊ အလုပ်ခွင်နဲ့ အရေးပါတဲ့ကိစ္စတွေအတွက် ဆုံးဖြတ်ချက်တွေချရတဲ့အခါမှာတော့ ကိုယ့်ရဲ့ အရေးကြီးဆုံးသူဆီက အကြံဉာဏ်ကိုမျှော်လင့်တတ်ကြပါတယ်။ အဲ့ဒီအခါမျိုးမှာတော့ ကိုယ့်လက်တွဲဖော်ရဲ့ဆုံးဖြတ်ချက်တွေကို အသင့်တော်ဆုံးဖြစ်အောင် စိတ်ပါဝင်စားနဲ့ တူတူဆုံးဖြတ်ပေးဖို့ ပါဝင်ပေးဖို့ အသင့်ရှိနေပါစေ။

(၄) ငြင်းခုန်မှုရန်ပွဲတိုင်းဟာ ဝေးကွာစေမယ့် အကြောင်းရင်းမဟုတ်ပါ။

ဒီလိုပြောရတာ တမျိုးတော့ဖြစ်ပေမယ့် ပုံမှန်အေးအေးဆေးဆေးဖြတ်သန်းနေကြတဲ့ RS တွေထက်စာရင် ရန်ဖြစ်လိုက်ပြန်ချစ်လိုက် RS တွေက အခက်အခဲတွေကြားက တည်ဆောက်ခဲ့ရတဲ့ ချစ်ခြင်းတွေကို ပိုခံစားတတ်ပြီး အဲ့ဒီစိတ်နဲ့ပဲ ရေရှည် RS တစ်ခုကို လက်လွှတ်ဆုံးရှုံးမခံဘဲ တည်ဆောက်သွားကြတာပါ။ ဒါပေမယ့် အမြဲတမ်း နီးပါး ငြင်းခုန်ရန်ဖြစ်နေပြန်ရင်လည်း သဘောထားမတူတော့တဲ့ ခံစားချက်တွေနဲ့ ရှေ့ဆက်ဖို့ ယုံကြည်ချက်တွေ ဝေဝါးလာနိုင်ပါသေးတယ်။ ရန်တွေလည်းလျှော့ဖြစ်ရင်း ချစ်ခြင်းတွေလည်း ညှိယူကြပါ။

(၅) တစ်ယောက်က တစ်ယောက်ရဲ့ အားဖြစ်ပါစေ။

ကျရှုံးချိန်တိုင်း မှီခိုရတဲ့ ပခုံးတစ်ဖက်ဟာ အောင်မြင်ချိန် ဂုဏ်ပြုပေးမယ့် လက်ခုပ်တစ်စုံထက် ပိုခွန်အားဖြစ်စေပါတယ်။ ကိုယ်တကယ်ချစ်တဲ့သူသာမှန်ရင် သူ့ရဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေတိုင်းမှာ ကိုယ့်ရဲ့ ဝမ်းသာဝမ်းနည်းခံစားချက်ဝေမျှမှုတွေ၊ အကြံဉာဏ်တွေ၊ ခွန်အားတွေက ရေရှည်မှာ ကိုယ့်လက်ကို လက်တွဲမဖြုတ်စေတော့မယ့် အာမခံချက်တွေပါ။

(၆) ဆိုးရွားတဲ့နေ့တွေရှိနိုင်တာလည်း အမှတ်ရပါ။

မတူညီတဲ့ လူသား၂ယောက် ပေါင်းစည်းမှုရဲ့ အစ ချစ်ခြင်းမျှဝေဆဲကာလတွေမှာတောင် စိတ်ခံစားချက် ဒါမှမဟုတ် တခြားပြင်ပ ပယောဂ အနှောင့်အယှက်တွေကြောင့် အဆင်မပြေတဲ့နေ့ရက်တွေဆိုတာ ဒုနဲ့ဒေးပါပဲ။ ကိုယ်တစ်ကယ်ချစ်တဲ့ လက်တွဲမယ့်သူသာမှန်ရင် တဒင်္ဂ စိတ်ခံစားချက်တွေနဲ့ ၂ဦးသားပိုနာကျင်ရအောင် စိတ်လိုက်မာန်ပါ မဆုံးဖြတ်ဖို့ပါပဲ။ လေပြည်နဲ့ မုန်တိုင်းဆိုတာ တစ်လှည့်ဆီမို့ပါ။

(၇) ကိုယ့်ဘဝဟာ သူနဲ့မှ သာယာလာတာပါ။

အချိန်ကအဆုံးအဖြတ်ပေးတတ်တဲ့ ချစ်ဇာတ်လမ်းတိုင်းဟာ မှန်ကန်တဲ့သူနဲ့ တွေ့တဲ့အခါ တစ်ရက်ဆီတိုင်းက အဓိပ္ပာယ်ရှိလာတာမျိုးပါ။ သူနဲ့တွေ့ရဖို့ပျော်နေတတ်တာ၊ သူနဲ့တွေ့ရချိန်တွေဟာ စိတ်သက်တောင့်သက်သာနဲ့ လွတ်လွတ်လပ်လပ် ဖြစ်နေတာ၊ သူနဲ့မတွေ့တဲ့အချိန်တွေမှာလည်း တူတူရှိခဲ့တဲ့အချိန်တွေက ကိုယ့်စိတ်ထဲမှာ မှတ်မှတ်ရရဖြစ်နေတာမျိုးပါ။

(၈) အချိန်ကြာလာလေ တစ်သားတည်းဖြစ်လာလေလေ။

တကယ်ရေရှည်တည်တံ့မယ့် RS မျိုးဆိုတာ အချိန်ကြာလာတာနဲ့အမျှ အဆုံးရှုံးမခံနိုင်လာတာမျိုးပါ။ သူ့အတွက် ကိုယ်ဖြစ်တည်လာသလို ကိုယ့်ရဲ့ရှင်သန်ရခြင်းဆိုတာဟာလည်း သူ့ကြောင့်ပဲဖြစ်လာတာမျိုးပါ။ နောက်ကွယ်ရာက စိတ်မချရခြင်းမျိုးတွေ၊ မင်္သကာမှုတွေလုံးဝမရှိပဲ မျက်မှောက်မျက်ကွယ်ယုံကြည်မှုတွေတည်မြဲလာတာမျိုးပါ။

(၉) သံသယတွေအကြောင်း ဆွေးနွေးနိုင်ကြရမှာ။

အချိန်ကြာလာတာနဲ့အမျှ ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်က သံသယတွေ၊ စိတ်ပူပန်မှုတွေပိုမို ပွားများလာစေပြီး အဲ့ပူပန်မှုတွေကြောင့် ပြသာနာတွေဖြစ်လာတတ်ကြတာ ဓမ္မတာပါ။ အကောင်းဆုံးကတော့ ကိုယ့်စိတ်သူ့စိတ် ၂ဦးသားစိတ်ထဲက လိပ်ခဲတည်းလည်းဖြစ်နေတဲ့ သံသယတွေ၊ သဝန်တိုမှုတွေ၊ အထင်အမြင်လွဲမှုတွေကို ထိပ်တိုက် ပွင့်ပွင့်လင်းလင်း အပြန်အလှန် မေးမြန်းကြရင်း အဖြေရှာရမှာပါ။ ၂ဦးသားဘဝလမ်းမှာ သံသယဆိုတာ နက်နက်နဲနဲအထိနာစေမယ့် ဆူးခလုတ်တွေပါ။

(၁၀) အနာဂတ်အရေး တူတူတွေးကြတာ။

ကိုယ်တစ်ကယ်အလေးအနက်ထားတဲ့သူကို ပိုင်ဆိုင်ရပြီဆိုရင်တော့ ရှေ့ဆက်လျှောက်မယ့် အချစ်ခရီးလမ်းတွေဟာ အနာဂတ်အတွက် ရည်မှန်းချက်တွေ ဆန္ဒတွေနဲ့ ပြည့်နေကြတာမျိုးပါ။ နောင်ဘယ်နှနှစ်အတွင်း ဘယ်လိုအာမခံချက်၊ ပိုင်ဆိုင်မှုတွေနဲ့ ၂ဦးသားဘဝထူထောင်ဖို့တွေးနေတတ်ကြတာ ရေရှည်လက်တွဲမယ့် ချစ်သူတို့ရဲ့ သင်္ကေတတစ်ခုပါ။

ဒီအချက်တွေထဲက ဘယ်အရာတွေကများ ကိုယ်တို့၂ယောက်နဲ့ ကိုက်ညီနေပြီလဲ။ ဘယ်အရာတွေပြုပြင်ဖို့လိုသေးလဲ။ ဘယ်အရာတွေကို နားလည်လာသလဲဆိုတာ သိသွားပြီဆို တသက်မခွဲ ရေရှည်လက်တွဲလို့ရမယ့် RS လေးဖြစ်အောင် အပြန်အလှန်ဖေးကူမရင်း ဘဝလမ်းတွေ တူတူလက်တွဲ လျှောက်ရင်း လှမ်းနိုင်ကြဖို့ အကြံကောင်းလေးပေးလိုက်ပါရစေ။

EiEiKhineMinn ( Akhayar )