[Zawgyi]

အဂၤလန္အသင္းမွာ ရြန္နီ Wayne Rooney ကုိ ျပန္ေတြ႕ရေတာ့မယ္

အဂၤလန္ ၀ါရင့္တိုက္စစ္မွဴး ရြန္နီ Wayne Rooney ဟာ အခု ႏုိ၀င္ဘာလထဲမွာ ကစားမယ့္ အေမရိကန္နဲ႔ ေျခစမ္းပဲြက်ရင္ အဂၤလန္အသင္းအတြက္ တစ္ေက်ာ႔ျပန္ ပါ၀င္ကစားမွာျဖစ္ပါတယ္။ အဂၤလန္အသင္းဟာ ႏုိ၀င္ဘာလ (၁၅)ရက္က်ရင္ ၀င္ဘေလကြင္းမွာ အေမရိကန္နဲ႔ ေျခစမ္းပဲြကစားမွာျဖစ္ၿပီး အဂၤလန္အသင္းရဲ႕ သြင္းဂုိးအမ်ားဆုံး ကစားသမား ရြန္နီကုိ အဲဒီပဲြအတြက္ လူစာရင္းမွာ ထည့္သြင္းမယ္လုိ႔ အဂၤလန္ေဘာလုံးအဖဲြ႕ခ်ဳပ္ (FA)က အတည္ျပဳခဲ့တယ္။

Wayne-Rooney

Wayne-Rooney

အဲဒီပဲြဟာ အဂၤလန္အသင္းအတြက္ အေကာင္းဆုံး ေပးဆပ္ခဲ့တဲ့ ရြန္နီကုိ ဂုဏ္ျပဳတဲ့ပဲြျဖစ္သလုိ သူ႕ရဲ႕ေဖာင္ေဒးရွင္း ရန္ပုံေငြျဖစ္ၿပီး ပဲြရဲ႕အမည္ကုိေတာ့ ‘A Wayne Rooney Foundation International’ လုိ႔ သတ္မွတ္ထားပါတယ္။ ၂၀၀၃ ခုႏွစ္ကတည္းက အဂၤလန္အသင္းမွာ ေရြးခ်ယ္ခံခဲ့ရတဲ့ ရြန္နီဟာ အသင္းအတြက္ (၁၄)ႏွစ္ၾကာ ကစားခဲ့ၿပီး (၁၁၉)ပဲြကစား၊ (၅၃)ဂုိး သြင္းယူခဲ့တဲ့အျပင္ အဂၤလန္ဂႏၳ၀င္တိုက္စစ္မွဴးႀကီး ေဘာ္ဘီခ်ာလ္တန္ Bobby Charlton ရဲ႕ လက္ေရြးစင္ သြင္းဂုိးအမ်ားဆုံးကစားသမား ဂုဏ္ပုဒ္ကုိ လဲြေျပာင္းရယူခဲ့တယ္။

Wayne-Rooney-debut

Wayne-Rooney-debut

ရြန္နီဟာ ၂၀၁၆၊ ႏုိ၀င္ဘာလတုန္းက စေကာ့တလန္နဲ႔ကစားခဲ့တဲ့ပဲြမွာ အဂၤလန္အသင္းအတြက္ ေနာက္ဆုံး ပါ၀င္ကစားခဲ့ၿပီး (၁)ႏွစ္အၾကာမွာေတာ့ ႏုိင္ငံအသင္းက အနားယူခဲ့ပါတယ္။ အသက္(၃၃)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ ရြန္နီဟာ ယူ႐ုိ-၂၀၀၄၊ ၂၀၁၂၊ ၂၀၁၆ ၿပိဳင္ပဲြေတြနဲ႔ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြေတြမွာ အဂၤလန္အသင္းအတြက္ ပါ၀င္ကစားခဲ့တယ္။

Wayne-Rooney-Goals

Wayne-Rooney-Goals

အဂၤလန္အသင္းအတြက္ ႏႈတ္ဆက္ပဲြကစားရမွာနဲ႔ ပတ္သက္လုိ႔ ရြန္နီက “၀င္ဘေလကြင္းမွာ အဂၤလန္အသင္းနဲ႔အတူ တစ္ေကာ်႔ျပန္ေျခခ်ခြင့္ရမွာျဖစ္လုိ႔ ကၽြန္ေတာ္ တကယ့္ကုိ စိတ္လႈပ္ရွားတုန္လႈပ္မိပါတယ္။ အဲဒီအတြက္လည္း FA နဲ႔ အဂၤလန္အသင္းနည္းျပ ေဆာက္ဂိတ္ Gareth Southgate ကုိလည္း ေက်းဇူးတင္ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။

REF:BBC,Daily Mail
Photo:Mirror,Action Images ,.sahara
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အင်္ဂလန်အသင်းမှာ ရွန်နီ Wayne Rooney ကို ပြန်တွေ့ရတော့မယ်

အင်္ဂလန် ဝါရင့်တိုက်စစ်မှူး ရွန်နီ Wayne Rooney ဟာ အခု နိုဝင်ဘာလထဲမှာ ကစားမယ့် အမေရိကန်နဲ့ ခြေစမ်းပွဲကျရင် အင်္ဂလန်အသင်းအတွက် တစ်ကျော့ပြန် ပါဝင်ကစားမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ နိုဝင်ဘာလ (၁၅)ရက်ကျရင် ဝင်ဘလေကွင်းမှာ အမေရိကန်နဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမား ရွန်နီကို အဲဒီပွဲအတွက် လူစာရင်းမှာ ထည့်သွင်းမယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)က အတည်ပြုခဲ့တယ်။

Wayne-Rooney

Wayne-Rooney

အဲဒီပွဲဟာ အင်္ဂလန်အသင်းအတွက် အကောင်းဆုံး ပေးဆပ်ခဲ့တဲ့ ရွန်နီကို ဂုဏ်ပြုတဲ့ပွဲဖြစ်သလို သူ့ရဲ့ဖောင်ဒေးရှင်း ရန်ပုံငွေဖြစ်ပြီး ပွဲရဲ့အမည်ကိုတော့ ‘A Wayne Rooney Foundation International’ လို့ သတ်မှတ်ထားပါတယ်။ ၂၀၀၃ ခုနှစ်ကတည်းက အင်္ဂလန်အသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ ရွန်နီဟာ အသင်းအတွက် (၁၄)နှစ်ကြာ ကစားခဲ့ပြီး (၁၁၉)ပွဲကစား၊ (၅၃)ဂိုး သွင်းယူခဲ့တဲ့အပြင် အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးကြီး ဘော်ဘီချာလ်တန် Bobby Charlton ရဲ့ လက်ရွေးစင် သွင်းဂိုးအများဆုံးကစားသမား ဂုဏ်ပုဒ်ကို လွဲပြောင်းရယူခဲ့တယ်။

Wayne-Rooney-debut

Wayne-Rooney-debut

ရွန်နီဟာ ၂၀၁၆၊ နိုဝင်ဘာလတုန်းက စကော့တလန်နဲ့ကစားခဲ့တဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက် နောက်ဆုံး ပါဝင်ကစားခဲ့ပြီး (၁)နှစ်အကြာမှာတော့ နိုင်ငံအသင်းက အနားယူခဲ့ပါတယ်။ အသက်(၃၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရွန်နီဟာ ယူရို-၂၀၀၄၊ ၂၀၁၂၊ ၂၀၁၆ ပြိုင်ပွဲတွေနဲ့ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခဲ့တယ်။

Wayne-Rooney-Goals

Wayne-Rooney-Goals

အင်္ဂလန်အသင်းအတွက် နှုတ်ဆက်ပွဲကစားရမှာနဲ့ ပတ်သက်လို့ ရွန်နီက “ဝင်ဘလေကွင်းမှာ အင်္ဂလန်အသင်းနဲ့အတူ တစ်ကောျ့ပြန်ခြေချခွင့်ရမှာဖြစ်လို့ ကျွန်တော် တကယ့်ကို စိတ်လှုပ်ရှားတုန်လှုပ်မိပါတယ်။ အဲဒီအတွက်လည်း FA နဲ့ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် Gareth Southgate ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF:BBC,Daily Mail
Photo:Mirror,Action Images ,.sahara
Naing Linn(Akhayar)
www.akhayar.com