[Zawgyi]

အသင္းေဖာ္ေဟာင္း စီေရာ္နယ္လ္ဒိုထက္ မက္ဆီပိုေကာင္းေၾကာင္း ေျပာၾကားခဲ့တဲ့ ရြန္နီ

မန္ယူတိုက္စစ္မွဴးေဟာင္း ရြန္းနီ Rooney က အသင္းေဖာ္ေဟာင္း စီေရာ္နယ္လ္ဒို C.Ronaldo ထက္ ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီ Messi ပုိေကာင္းေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အာဂ်င္တီးနားတိုက္စစ္မွဴး မက္ဆီ Messi ကိုသာ ေဘာလံုးေလာကရဲ႕ အေကာင္းဆံုးလို႔ ထင္မွတ္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ရုပ္သံအစီအစဥ္တစ္ခုျဖစ္တဲ့ “Pardon My Take”နဲ႔ ေတြ႔ဆံုခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္မွာ ရြန္နီ Rooney က အသင္းေဖာ္ေဟာင္းထက္ မက္ဆီ Messi ကို ဦးစားေပးေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒို C.Ronaldo နဲ႔ မက္ဆီ Messi (၂)ဦးမွာ ဘယ္ကစားသမားက ပိုေကာင္းလဲဆိုတဲ့ ေမးခြန္းကို အစီအစဥ္တင္ဆက္သူက ရြန္နီ Rooney ကို ေမးျမန္းခဲ့တာျဖစ္ၿပီး ေမးခြန္းမဆံုးခင္မွာတင္ မဆိုင္းမတြဘဲ မက္ဆီ Messi လို႔ ေျဖၾကားခဲ့တာပါ။

Rooney

Rooney

ရြန္နီ Rooney က “သူတို႔ (၂)ေယာက္လံုးက ပြဲတစ္ပြဲမွာ အေကာင္းဆံုး ကစားျပႏိုင္တဲ့ ကစားသမားေတြပါ၊ ဒါေပမယ့္ ကၽြန္ေတာ့္မ်က္လံုးထဲမွာ မက္ဆီ Messi ကသာ အေကာင္းဆံုး ကစားသမားတစ္ဦးလို႔ ျမင္ပါတယ္” လို႔ ေမးျမန္းမႈကို ေျဖၾကားသြားခဲ့ပါတယ္။ ရြန္နီ Rooney နဲ႔ စီေရာ္နယ္လ္ဒို C.Ronaldo တို႔ဟာ မန္ယူအသင္းမွာ တြဲဖက္ကစားဖူးၿပီး အသင္းကို ဆုဖလားေအာင္ျမင္မႈေတြ ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ အသင္းေဖာ္ေဟာင္းေတြျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒို C.Ronaldo နဲ႔ ရြန္နီ Rooney တို႔ မန္ယူအသင္းမွာ တြဲဖက္ကစားခဲ့တဲ့ ကာလအတြင္း ပရီးမီးယားလိဂ္ဆုဖလား (၃)ႀကိမ္၊ ခ်န္ပီယံလိဂ္ဆုဖလား (၁)ႀကိမ္နဲ႔ FA ဖလား (၁)ႀကိမ္ ရယူႏိုင္ခဲ့ပါတယ္။ ၂၀၀၉ ခုႏွစ္အေရာက္မွာေတာ့ ေပၚတူဂီတိုက္စစ္မွဴး စီေရာ္နယ္လ္ဒို C.Ronaldo က စပိန္လာလီဂါထိပ္သီး ရီးယဲလ္အသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။

REF:The Sun
Photo:ESPN, Mirror
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အသင်းဖော်ဟောင်း စီရော်နယ်လ်ဒိုထက် မက်ဆီပိုကောင်းကြောင်း ပြောကြားခဲ့တဲ့ ရွန်နီ

မန်ယူတိုက်စစ်မှူးဟောင်း ရွန်းနီ Rooney က အသင်းဖော်ဟောင်း စီရော်နယ်လ်ဒို C.Ronaldo ထက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ Messi ပိုကောင်းကြောင်း ပြောကြားခဲ့ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ Messi ကိုသာ ဘောလုံးလောကရဲ့ အကောင်းဆုံးလို့ ထင်မှတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ “Pardon My Take”နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ရွန်နီ Rooney က အသင်းဖော်ဟောင်းထက် မက်ဆီ Messi ကို ဦးစားပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။ စီရော်နယ်လ်ဒို C.Ronaldo နဲ့ မက်ဆီ Messi (၂)ဦးမှာ ဘယ်ကစားသမားက ပိုကောင်းလဲဆိုတဲ့ မေးခွန်းကို အစီအစဉ်တင်ဆက်သူက ရွန်နီ Rooney ကို မေးမြန်းခဲ့တာဖြစ်ပြီး မေးခွန်းမဆုံးခင်မှာတင် မဆိုင်းမတွဘဲ မက်ဆီ Messi လို့ ဖြေကြားခဲ့တာပါ။

Rooney

Rooney

ရွန်နီ Rooney က “သူတို့ (၂)ယောက်လုံးက ပွဲတစ်ပွဲမှာ အကောင်းဆုံး ကစားပြနိုင်တဲ့ ကစားသမားတွေပါ၊ ဒါပေမယ့် ကျွန်တော့်မျက်လုံးထဲမှာ မက်ဆီ Messi ကသာ အကောင်းဆုံး ကစားသမားတစ်ဦးလို့ မြင်ပါတယ်” လို့ မေးမြန်းမှုကို ဖြေကြားသွားခဲ့ပါတယ်။ ရွန်နီ Rooney နဲ့ စီရော်နယ်လ်ဒို C.Ronaldo တို့ဟာ မန်ယူအသင်းမှာ တွဲဖက်ကစားဖူးပြီး အသင်းကို ဆုဖလားအောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အသင်းဖော်ဟောင်းတွေဖြစ်ပါတယ်။ စီရော်နယ်လ်ဒို C.Ronaldo နဲ့ ရွန်နီ Rooney တို့ မန်ယူအသင်းမှာ တွဲဖက်ကစားခဲ့တဲ့ ကာလအတွင်း ပရီးမီးယားလိဂ်ဆုဖလား (၃)ကြိမ်၊ ချန်ပီယံလိဂ်ဆုဖလား (၁)ကြိမ်နဲ့ FA ဖလား (၁)ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်အရောက်မှာတော့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို C.Ronaldo က စပိန်လာလီဂါထိပ်သီး ရီးယဲလ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

REF:The Sun
Photo:ESPN, Mirror
Aung Kyaw Wai (Akhayar)
www.akhayar.com