[Zawgyi]

ေမဂ်ာလိဂ္ကလပ္ DC ယူႏုိက္တက္အသင္းကုိ (၃)ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕မယ့္ ရြန္နီ Rooney

အဲဗာတန္အသင္းရဲ႕ အဂၤလန္၀ါရင့္တိုက္စစ္မွဴး ရြန္နီ Rooney ဟာ ေမဂ်ာလိဂ္ကလပ္ DC ယူႏုိက္တက္အသင္းကုိ (၃)ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ဖုိ႔ သေဘာတူညီမႈရရွိခဲ့ၿပီဆုိၿပီး ၿဗိတိန္မီဒီယာေတြက ေဖာ္ျပခဲ့ၾကတယ္။ အသက္(၃၂)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ရြန္နီဟာ ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီက မန္ယူအသင္းကေန အသင္းေဟာင္း အဲဗာတန္ကုိ ျပန္လည္ေျပာင္းေရႊ႕ခဲ့ၿပီး ရာသီ၀က္ကာလေနာက္ပုိင္း ပုံမွန္ကစားခြင့္ရဖုိ႔ ႐ုန္းကန္ခဲ့ရသလုိ ၿပိဳင္ပဲြစုံပဲြ(၄၀)ကစား (၁၁)ဂုိးသြင္းယူခဲ့တယ္။

Wayne-Rooneys-second-spell-at-Everton-looks-set-to-end-

Wayne-Rooneys-second-spell-at-Everton-looks-set-to-end-

အဲဗာတန္အသင္းနည္းျပအျဖစ္ မာကုိေဆးလ္ဗား Marco Silva ကုိ ခန္႔အပ္ခဲ့တဲ့အခ်ိန္မွာ ရြန္နီအေနနဲ႔ သူ႔ရဲ႕အနာဂတ္အတြက္ နည္းျပသစ္ဆီက အေျဖတစ္ခုရဖုိ႔ ေစာင့္စားေနေပမယ့္ မာကုိေဆးလ္ဗားဟာ အသင္းအနာဂတ္အစီအစဥ္ထဲမွာ ရြန္နီ မပါေတာ့ဘူးလုိ႔ အသိေပးခဲ့တာေၾကာင့္ အသငး္ေျပာင္းေရႊ႕ဖုိ႔ ဆုံးျဖတ္ခဲ့တာလုိ႔ ၿဗိတိန္သတင္းစာ The Mirror က ေဖာ္ျပခဲ့တယ္။ ရြန္နီဟာ ၿပီးခဲ့တဲ့လေတြကတည္းက DC ယူႏုိက္တက္အသင္းကုိ ေျပာင္းေရႊ႕ေတာ့မယ္ဆုိၿပီး သတင္းေတြထြက္ခဲ့သလုိ အခုအခ်ိန္မွာလည္း (၃)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိဖုိ႔ နီးစပ္ေနၿပီလုိ႔ ၿဗိတိန္မီဒီယာေတြက ေဖာ္ျပေနတာပါ။

REF:The Sun
Photo:The Sun,Indian Standard
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မေဂျာလိဂ်ကလပ် DC ယူနိုက်တက်အသင်းကို (၃)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့မယ့် ရွန်နီ Rooney

အဲဗာတန်အသင်းရဲ့ အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ရွန်နီ Rooney ဟာ မေဂျာလိဂ်ကလပ် DC ယူနိုက်တက်အသင်းကို (၃)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီဆိုပြီး ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြတယ်။ အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွန်နီဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက မန်ယူအသင်းကနေ အသင်းဟောင်း အဲဗာတန်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ရာသီဝက်ကာလနောက်ပိုင်း ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရသလို ပြိုင်ပွဲစုံပွဲ(၄၀)ကစား (၁၁)ဂိုးသွင်းယူခဲ့တယ်။

Wayne-Rooneys-second-spell-at-Everton-looks-set-to-end-

Wayne-Rooneys-second-spell-at-Everton-looks-set-to-end-

အဲဗာတန်အသင်းနည်းပြအဖြစ် မာကိုဆေးလ်ဗား Marco Silva ကို ခန့်အပ်ခဲ့တဲ့အချိန်မှာ ရွန်နီအနေနဲ့ သူ့ရဲ့အနာဂတ်အတွက် နည်းပြသစ်ဆီက အဖြေတစ်ခုရဖို့ စောင့်စားနေပေမယ့် မာကိုဆေးလ်ဗားဟာ အသင်းအနာဂတ်အစီအစဉ်ထဲမှာ ရွန်နီ မပါတော့ဘူးလို့ အသိပေးခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့တယ်။ ရွန်နီဟာ ပြီးခဲ့တဲ့လတွေကတည်းက DC ယူနိုက်တက်အသင်းကို ပြောင်းရွှေ့တော့မယ်ဆိုပြီး သတင်းတွေထွက်ခဲ့သလို အခုအချိန်မှာလည်း (၃)နှစ်စာချုပ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေတာပါ။

REF:The Sun
Photo:The Sun,Indian Standard
Naing Linn(Akhayar)
www.akhayar.com