Mail Client ေတြအမ်ားအျပားကို Software တစ္ခုထဲနဲ႔ ျပီးျပည့္စံုေစမယ့္ Wavebox

Windows အတြက္ Mail Client Software ေတြအမ်ားၾကီးရွိေပမယ့္ Software တစ္ခုထဲကေန Gmail, Google Drive, Google Calendar, Google Photos ေတြအျပင္ Microsoft Outlook နဲ႔ Microsoft 365 App ေတြကို အသံုးျပဳႏုိင္တဲ့ Software ကေတာ့ရွားမွာပါ။ Wavebox က အဆုိပါ Functions ေတြအကုန္လံုးကုိ ျပဳလုပ္ႏုိင္တဲ့အျပင္ Productivity App ေတြျဖစ္တဲ့ Slack နဲ႔ Trello ကို Support ျပဳလုပ္မွာျဖစ္ျပီးေတာ့ ကိုယ္ပိုင္ Webpage ေတြကိုပါ ထည့္သြင္းထားႏုိင္တဲ့ စြမ္းေဆာင္ရည္ျမင့္ Mail Client တစ္ခုျဖစ္ပါတယ္။

Wavebox Software ကို Windows ကြန္ပ်ဴတာေတြတင္မကပဲ Mac OS နဲ႔ Linux အတြက္ပါ ယခု Link ကေန Download ျပဳလုပ္ျပီး အသံုးျပဳရမွာျဖစ္ပါတယ္။

Wavebox ရဲ႕အားသာခ်က္က Free အသံုးျပဳႏုိင္တာျဖစ္ျပီး တကယ္လုိ႔ Unlimited Account Access နဲ႔ Third Party App Integrations ေတြလုိခ်င္တယ္ဆုိရင္ေတာ့ တစ္ႏွစ္ကုိ $19.95 ႏႈန္းနဲ႔ ေပးရမွာျဖစ္ပါတယ္။ ပံုမွန္အသံုးျပဳမႈေတြအတြက္ Free Version ကလံုေလာက္ျပီးေတာ့ Software ကို စတင္သြင္းျပီးတာနဲ႔ လြယ္ကူရုိးရွင္းတဲ့ Interface ေၾကာင့္ အသံုးျပဳျပီး ၁၅ မိနစ္ေလာက္အတြင္း နားလည္ႏုိင္ေစမွာျဖစပါတယ္။

Wavebox ရဲ႕ အားသာခ်က္ကေတာ့ Gmail, Google Inbox, Google Drive, Google Calendar, Google Photos, Microsoft Outlook, Microsoft 365 App ေတြကို ခ်ိတ္ဆက္ထားႏုိင္တာပဲ ျဖစ္ပါတယ္။ Account ထည့္သြင္းတာကလည္း အလြန္လြယ္ကူျပီးေတာ့ “+” ကိုႏွိပ္လုိက္ျပီး ေပၚလာတဲ့ Windows မွာ ကိုယ့္ Account ရဲ႕ Information ျဖည့္ေပးလိုက္ရုံနဲ႔ ရမွာျဖစ္ပါတယ္။ ေနာက္ထပ္ ျမန္မာႏုိင္ငံမွာေတာ့ သံုးစြဲမႈနည္းပါးတဲ့ Slack နဲ႔ Trello App ေတြကိုပါ Support ျပဳလုပ္ႏုိင္ပါတယ္။ Wavebox က ဘယ္ေလာက္ထိ အဆင္ေျပလဲဆုိရင္ Google Document ေတြကိုပါ Wavebox app ထဲမွာပဲ Edit လုပ္ႏုိင္ပါတယ္။

တကယ္လုိ႔မ်ား Webites Tabs ေတြဖြင့္၊ သီးသန္႔ Software ေတြအမ်ားၾကီးဖြင့္ထားတာထက္စာရင္ Wavebox Mail Client က တစ္ခုထဲမွာ ျပီးျပည့္စံုတဲ့အတြက္ စမ္းသပ္သံုးစြဲၾကည့္တဲ့ Software တစ္ခုလုိ႔ပဲ သတ္မွတ္ခ်င္ပါတယ္။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Windows အတွက် Mail Client Software တွေအများကြီးရှိပေမယ့် Software တစ်ခုထဲကနေ Gmail, Google Drive, Google Calendar, Google Photos တွေအပြင် Microsoft Outlook နဲ့ Microsoft 365 App တွေကို အသုံးပြုနိုင်တဲ့ Software ကတော့ရှားမှာပါ။ Wavebox က အဆိုပါ Functions တွေအကုန်လုံးကို ပြုလုပ်နိုင်တဲ့အပြင် Productivity App တွေဖြစ်တဲ့ Slack နဲ့ Trello ကို Support ပြုလုပ်မှာဖြစ်ပြီးတော့ ကိုယ်ပိုင် Webpage တွေကိုပါ ထည့်သွင်းထားနိုင်တဲ့ စွမ်းဆောင်ရည်မြင့် Mail Client တစ်ခုဖြစ်ပါတယ်။

Wavebox Software ကို Windows ကွန်ပျူတာတွေတင်မကပဲ Mac OS နဲ့ Linux အတွက်ပါ ယခု Link ကနေ Download ပြုလုပ်ပြီး အသုံးပြုရမှာဖြစ်ပါတယ်။

Wavebox ရဲ့အားသာချက်က Free အသုံးပြုနိုင်တာဖြစ်ပြီး တကယ်လို့ Unlimited Account Access နဲ့ Third Party App Integrations တွေလိုချင်တယ်ဆိုရင်တော့ တစ်နှစ်ကို $19.95 နှုန်းနဲ့ ပေးရမှာဖြစ်ပါတယ်။ ပုံမှန်အသုံးပြုမှုတွေအတွက် Free Version ကလုံလောက်ပြီးတော့ Software ကို စတင်သွင်းပြီးတာနဲ့ လွယ်ကူရိုးရှင်းတဲ့ Interface ကြောင့် အသုံးပြုပြီး ၁၅ မိနစ်လောက်အတွင်း နားလည်နိုင်စေမှာဖြစပါတယ်။

Wavebox ရဲ့ အားသာချက်ကတော့ Gmail, Google Inbox, Google Drive, Google Calendar, Google Photos, Microsoft Outlook, Microsoft 365 App တွေကို ချိတ်ဆက်ထားနိုင်တာပဲ ဖြစ်ပါတယ်။ Account ထည့်သွင်းတာကလည်း အလွန်လွယ်ကူပြီးတော့ “+” ကိုနှိပ်လိုက်ပြီး ပေါ်လာတဲ့ Windows မှာ ကိုယ့် Account ရဲ့ Information ဖြည့်ပေးလိုက်ရုံနဲ့ ရမှာဖြစ်ပါတယ်။ နောက်ထပ် မြန်မာနိုင်ငံမှာတော့ သုံးစွဲမှုနည်းပါးတဲ့ Slack နဲ့ Trello App တွေကိုပါ Support ပြုလုပ်နိုင်ပါတယ်။ Wavebox က ဘယ်လောက်ထိ အဆင်ပြေလဲဆိုရင် Google Document တွေကိုပါ Wavebox app ထဲမှာပဲ Edit လုပ်နိုင်ပါတယ်။

တကယ်လို့များ Webites Tabs တွေဖွင့်၊ သီးသန့် Software တွေအများကြီးဖွင့်ထားတာထက်စာရင် Wavebox Mail Client က တစ်ခုထဲမှာ ပြီးပြည့်စုံတဲ့အတွက် စမ်းသပ်သုံးစွဲကြည့်တဲ့ Software တစ်ခုလို့ပဲ သတ်မှတ်ချင်ပါတယ်။

Zawyè (Akhayar) 

www.akhayar.com