စမတ္ဖုန္းေတြရဲ႕ ေရစိုခံႏိုင္စြမ္း (သို႔) IP Rating ေတြက ဘာကိုဆုိလုိသလဲ?

အခုႏွစ္ေနာက္ပိုင္းမွာ ဖုန္းေတြမွာ ေရစိုခံလာေအာင္ Hardware Protection ေတြထည့္သြင္းလာၾကပါတယ္။ အဲ့လုိေရစိုခံႏုိင္မႈေတြကိုလည္း IP Rating ေတြနဲ႔ IP 65/67 ဆုိျပီးေၾကာ္ျငာလာၾကပါတယ္။ အဲ့ဒီအတြက္ အခု IP Rating ဆိုတာ ဘာလဲ? IP Rating စနစ္မွာပါဝင္တဲ့နံပါတ္ေတြက ဘာကိုေျပာတာလဲဆိုတာကို အနည္းငယ္ရွင္းျပေပးခ်င္ပါတယ္။

အရင္ဆံုးအေနနဲ႔ Water Resistant နဲ႔ Splash Resistant ဆိုျပီး ေရစိုခံတာနဲ႔ ေရစိမ္ခံတာ ၂ မ်ိဳးကို ခြဲျခားႏုိင္ဖို႔က အဓိကပါ။ အခုအခ်ိန္မွာ အခ်ိဳ႕ဖုန္းေတြက သာမန္ ေရစင္တာကို ခံႏုိင္တာကို ေရစိုတာနဲ႔ အမွတ္မွားေနၾကပါေသးတယ္။

(1) Waterproof Phone (အခ်ိန္အကန္႔အသတ္မရွိေရစိမ္ခံျခင္း)

Waterproof ဆုိတာက ဖုန္းအတြင္းပိုင္းအကုန္လံုးကို အခ်ိန္ဘယ္ေလာက္ကန္႔သတတ္ခ်က္မရွိပဲ ေရစိမ္ခံႏုိင္ျခင္းျဖစ္ပါတယ္။ ဘယ္ေလာက္ပဲေရနဲ႔ထိေတြ႕ပါေစ ဖုန္းကိုမထိခုိက္ႏုိင္တဲ့အတြက္ သူ႕ကို IP Rating သတ္မွတ္ျခင္းမရွိပါဘူး။ လက္ရွိေစ်းကြက္ထဲမွာေရာင္းခ်ေနတဲ့ဖုန္းေတြရဲ႕ 90% ေက်ာ္က Waterproof Phone အဆင့္ကိုမေရာက္ေသးပါဘူး။

(2) Water Resistant Phone (ေရစိုခံႏုိင္ျပီး အတုိင္းအတာတစ္ခုအတြင္း ေရစိမ္ခံျခင္း)

Water Resistant ဆိုတာကေတာ့ ပံုမွန္ေရစိုခံတာျဖစ္ျပီး ေရခ်ိဳးတဲ့အခ်ိန္မွာ၊ မိုးေရေအာက္မွာ ဖုန္းကိုပံုမွန္အတိုင္းအသံုးျပဳႏုိင္တာျဖစ္ပါတယ္။ ဒါ့အျပင္ Water Resistant ဖုန္းေတြဟာ အခ်ိန္အတိုင္းအတာတစ္ခု၊ ေရအနက္သတ္မွတ္ခ်က္တစ္ခုေအာက္မွာ ေရစိမ္ခံႏုိင္ပါေသးတယ္။ အဲ့ဒါကိုမွ IP Rating နဲ႔ ဘယ္ေလာက္ေရအနက္မွာ ဘယ္အခ်ိန္ထိေရစိမ္ခံတယ္ဆုိတာကို သတ္မွတ္ၾကတာျဖစ္ပါတယ္။ လက္ရွိဖုန္းအမ်ားစုက Water Resistant ဖုန္္းေတြပဲျဖစ္ပါတယ္။

(3) Splash Resistant (ေရစင္၊ ေရစိုခံျခင္း)

ေလာေလာဆယ္မွာေတာ့ Xiaomi Mi6 လုိမ်ိဳး စမတ္ဖုန္းေတြမွာပါဝင္တဲ့ Splash Resistant က လက္ရွိ ေရစိုခံႏုိင္တဲ့အဆင့္ေတြထဲမွာ အနိမ့္ဆံုးပါ။ သာမန္ မုိးေရ (သို႔) အျခားေရ မေတာ္တဆစိုတာကလြဲျပီး က်န္တဲ့ ေရစိုတာမ်ိဳး၊ ေရစိမ္ခံႏုိင္တာမ်ိဳးမရွိတဲ့ အမ်ိဳးအစားျဖစ္ပါတယ္။

IP Rating ေတြဆုိတာ….

IP ရဲ႕ အရွည္ေကာက္ Ingress Protection ကိုေျပာတာျဖစ္ျပီး International Electrotechnical Commission (IEC) ကေန သတ္မွတ္ထားတဲ့ ႏုိင္ငံတကာမွာက်င့္သံုးေနတဲ့ စက္ပစၥည္းအတြင္းပိုင္း အထိခိုက္ခံႏုိင္တဲ့ပမာဏကို ေဖာ္ျပတာျဖစ္ပါတယ္။

IP Rating ေတြကို ကိန္းဂဏန္း ၂ ခုနဲ႔ေဖာ္ျပေလ့ရွိျပီး ပထမကိန္းဂဏန္းက ဖုန္၊ အမႈန္စတဲ့ အရာဝတၳဳဝင္ေရာက္မႈကိုေဖာ္ျပျခင္းျဖစ္ျပီး ဒုတိယေျမာက္ ကိန္းဂဏန္းကေတာ့ ေရ စတဲ့ အရည္ဝင္ေရာက္မႈကိုတိုင္းတာျခင္းျဖစ္ပါတယ္။

ပထမဆုံး အေရွ႕က နံပါတ္ျဖစ္တဲ့ Dust Resistant လုိ႔ေခၚတဲ့ ဖုန္၊ အမႈန္စတဲ့ အရာဝတၳဳဝင္ေရာက္မႈကိုေဖာ္ျပဖို႔အတြက္ အသံုးျပဳတာပဲျဖစ္ပါတယ္။

IP 1x – ၾကီးမားတဲ့အရာဝတၳဳ (ဥပမာ – လက္ျဖင့္ဆုပ္ကိုင္ျခင္း) ကိုခံႏုိင္ရည္ရွိျခင္း။
IP 2x – လက္ေခ်ာင္း သို႔မဟုတ္ အျခားဆင္တူအရာဝတၳဳေတြနဲ႔ အသံုးျပဳႏုိင္ျခင္း။
IP 3x – ဝါယာၾကိဳး သို႔မဟုတ္အျခား Tools ေတြဝင္ေရာက္မႈကို ခံႏုိင္ရည္ရွိျခင္း။
IP 4x – ပုရြတ္ဆိတ္၊ ေသးငယ္တဲ့ Screw ေတြ နဲ႔အျခားဆင္တူ အရာဝတၳဳမ်ားဝင္ေရာက္မႈကိုခံႏုိင္ရည္ရွိျခင္း။
IP 5x – ဖုန္မႈန္႔ မေတာ္တဆဝင္ေရာက္ျခင္းကို ခံႏုိင္ရည္ရွိျခင္း။
IP 6x – ဖုန္မႈန္႔ ဒဏ္ကို လံုးဝခံႏုိင္ရည္ရွိျခင္း။

ဒုတိယ နံပါတ္ျဖစ္တဲ့ Water Resistant ခံႏုိင္တဲ့ အတိုင္းအတာေတြကေတာ့

IP x1 – အေပၚတည့္တည့္မွ ေရတစက္တစက္က်ျခင္းကို ခံႏုိင္ရည္ရွိျခင္း။
IP x2 – 15 Degree Angle ကေန ေရတစက္တစက္က်ျခင္းကို ခံႏုိင္ရည္ရွိျခင္း။
IP x3 – 60 Degree Angle မွ ေရေလာင္းခ်ျခင္းကို ခံႏုိင္ရည္ရွိျခင္း။
IP x4 – မည့္သည့္ Angle မွမဆုိ ေရေလာင္းခ်ျခင္းကို ခံႏုိင္ရည္ရွိျခင္း။
IP x5 – Pressure ပါဝင္ေသာ Nozzle 6.3mm ေခါင္းမွတစ္ဆင့္ ေရပက္ျဖန္းျခင္းကို ခံႏုိင္ရည္ရွိျခင္း။
IP x6 – Pressure ပိုမိုၾကီးမားတဲ့ Nozzle 12.5mm ေခါင္းမွတစ္ဆင့္ ေရပက္ျဖန္းျခင္းကို ခံႏုိင္ရည္ရွိျခင္း။
IP x7 – ေရအနက္ ၁ မီတာအတြင္း အခ်ိန္ကန္႔သတ္ခ်က္တစ္ခုအထိ (မ်ားေသာအားျဖင့္ မိနစ္ ၃၀အထိ) ေရထဲစိမ္ထားႏုိင္ျခင္း။
IP x8 – ေရအနက္ ၁ မီတာမွ ၃ မီတာအထိ အခ်ိန္ကန္႔သတ္ခ်က္တစ္ခုအတြင္း ေရစိမ္ခံႏုိင္ျခင္း။

အခုေနာက္ပိုင္း ထြက္ရွိလာတဲ့ iPhone ေတြအပါအဝင္ Samsung Galaxy S9, Sony Xperia XZ2 အစရွိတဲ့ Flagship ဖုန္းေတြအားလံုးနီးပါးက အခု Water Resistant Feature ကို မျဖစ္မေနကို ထည့္သြင္းလာၾကျပီပဲျဖစ္ပါတယ္။ အခုလုိမ်ိဳး Flagship ဖုန္းေတြ Water Resistant ျဖစ္လာသလုိပဲ ဒီႏွစ္ထဲမွာ Mid Range ဖုန္းေတြပါ Water Resistant Feature ပါဝင္လာဖုိ႔ကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

အခုနှစ်နောက်ပိုင်းမှာ ဖုန်းတွေမှာ ရေစိုခံလာအောင် Hardware Protection တွေထည့်သွင်းလာကြပါတယ်။ အဲ့လိုရေစိုခံနိုင်မှုတွေကိုလည်း IP Rating တွေနဲ့ IP 65/67 ဆိုပြီးကြော်ငြာလာကြပါတယ်။ အဲ့ဒီအတွက် အခု IP Rating ဆိုတာ ဘာလဲ? IP Rating စနစ်မှာပါဝင်တဲ့နံပါတ်တွေက ဘာကိုပြောတာလဲဆိုတာကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။

အရင်ဆုံးအနေနဲ့ Water Resistant နဲ့ Splash Resistant ဆိုပြီး ရေစိုခံတာနဲ့ ရေစိမ်ခံတာ ၂ မျိုးကို ခွဲခြားနိုင်ဖို့က အဓိကပါ။ အခုအချိန်မှာ အချို့ဖုန်းတွေက သာမန် ရေစင်တာကို ခံနိုင်တာကို ရေစိုတာနဲ့ အမှတ်မှားနေကြပါသေးတယ်။

(1) Waterproof Phone (အချိန်အကန့်အသတ်မရှိရေစိမ်ခံခြင်း)

Waterproof ဆိုတာက ဖုန်းအတွင်းပိုင်းအကုန်လုံးကို အချိန်ဘယ်လောက်ကန့်သတတ်ချက်မရှိပဲ ရေစိမ်ခံနိုင်ခြင်းဖြစ်ပါတယ်။ ဘယ်လောက်ပဲရေနဲ့ထိတွေ့ပါစေ ဖုန်းကိုမထိခိုက်နိုင်တဲ့အတွက် သူ့ကို IP Rating သတ်မှတ်ခြင်းမရှိပါဘူး။ လက်ရှိဈေးကွက်ထဲမှာရောင်းချနေတဲ့ဖုန်းတွေရဲ့ 90% ကျော်က Waterproof Phone အဆင့်ကိုမရောက်သေးပါဘူး။

(2) Water Resistant Phone (ရေစိုခံနိုင်ပြီး အတိုင်းအတာတစ်ခုအတွင်း ရေစိမ်ခံခြင်း)

Water Resistant ဆိုတာကတော့ ပုံမှန်ရေစိုခံတာဖြစ်ပြီး ရေချိုးတဲ့အချိန်မှာ၊ မိုးရေအောက်မှာ ဖုန်းကိုပုံမှန်အတိုင်းအသုံးပြုနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် Water Resistant ဖုန်းတွေဟာ အချိန်အတိုင်းအတာတစ်ခု၊ ရေအနက်သတ်မှတ်ချက်တစ်ခုအောက်မှာ ရေစိမ်ခံနိုင်ပါသေးတယ်။ အဲ့ဒါကိုမှ IP Rating နဲ့ ဘယ်လောက်ရေအနက်မှာ ဘယ်အချိန်ထိရေစိမ်ခံတယ်ဆိုတာကို သတ်မှတ်ကြတာဖြစ်ပါတယ်။ လက်ရှိဖုန်းအများစုက Water Resistant ဖုန်းတွေပဲဖြစ်ပါတယ်။

(3) Splash Resistant (ရေစင်၊ ရေစိုခံခြင်း)

လောလောဆယ်မှာတော့ Xiaomi Mi6 လိုမျိုး စမတ်ဖုန်းတွေမှာပါဝင်တဲ့ Splash Resistant က လက်ရှိ ရေစိုခံနိုင်တဲ့အဆင့်တွေထဲမှာ အနိမ့်ဆုံးပါ။ သာမန် မိုးရေ (သို့) အခြားရေ မတော်တဆစိုတာကလွဲပြီး ကျန်တဲ့ ရေစိုတာမျိုး၊ ရေစိမ်ခံနိုင်တာမျိုးမရှိတဲ့ အမျိုးအစားဖြစ်ပါတယ်။

IP Rating တွေဆိုတာ….

IP ရဲ့ အရှည်ကောက် Ingress Protection ကိုပြောတာဖြစ်ပြီး International Electrotechnical Commission (IEC) ကနေ သတ်မှတ်ထားတဲ့ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ စက်ပစ္စည်းအတွင်းပိုင်း အထိခိုက်ခံနိုင်တဲ့ပမာဏကို ဖော်ပြတာဖြစ်ပါတယ်။

IP Rating တွေကို ကိန်းဂဏန်း ၂ ခုနဲ့ဖော်ပြလေ့ရှိပြီး ပထမကိန်းဂဏန်းက ဖုန်၊ အမှုန်စတဲ့ အရာဝတ္ထုဝင်ရောက်မှုကိုဖော်ပြခြင်းဖြစ်ပြီး ဒုတိယမြောက် ကိန်းဂဏန်းကတော့ ရေ စတဲ့ အရည်ဝင်ရောက်မှုကိုတိုင်းတာခြင်းဖြစ်ပါတယ်။

ပထမဆုံး အရှေ့က နံပါတ်ဖြစ်တဲ့ Dust Resistant လို့ခေါ်တဲ့ ဖုန်၊ အမှုန်စတဲ့ အရာဝတ္ထုဝင်ရောက်မှုကိုဖော်ပြဖို့အတွက် အသုံးပြုတာပဲဖြစ်ပါတယ်။

IP 1x – ကြီးမားတဲ့အရာဝတ္ထု (ဥပမာ – လက်ဖြင့်ဆုပ်ကိုင်ခြင်း) ကိုခံနိုင်ရည်ရှိခြင်း။
IP 2x – လက်ချောင်း သို့မဟုတ် အခြားဆင်တူအရာဝတ္ထုတွေနဲ့ အသုံးပြုနိုင်ခြင်း။
IP 3x – ဝါယာကြိုး သို့မဟုတ်အခြား Tools တွေဝင်ရောက်မှုကို ခံနိုင်ရည်ရှိခြင်း။
IP 4x – ပုရွတ်ဆိတ်၊ သေးငယ်တဲ့ Screw တွေ နဲ့အခြားဆင်တူ အရာဝတ္ထုများဝင်ရောက်မှုကိုခံနိုင်ရည်ရှိခြင်း။
IP 5x – ဖုန်မှုန့် မတော်တဆဝင်ရောက်ခြင်းကို ခံနိုင်ရည်ရှိခြင်း။
IP 6x – ဖုန်မှုန့် ဒဏ်ကို လုံးဝခံနိုင်ရည်ရှိခြင်း။

ဒုတိယ နံပါတ်ဖြစ်တဲ့ Water Resistant ခံနိုင်တဲ့ အတိုင်းအတာတွေကတော့

IP x1 – အပေါ်တည့်တည့်မှ ရေတစက်တစက်ကျခြင်းကို ခံနိုင်ရည်ရှိခြင်း။
IP x2 – 15 Degree Angle ကနေ ရေတစက်တစက်ကျခြင်းကို ခံနိုင်ရည်ရှိခြင်း။
IP x3 – 60 Degree Angle မှ ရေလောင်းချခြင်းကို ခံနိုင်ရည်ရှိခြင်း။
IP x4 – မည့်သည့် Angle မှမဆို ရေလောင်းချခြင်းကို ခံနိုင်ရည်ရှိခြင်း။
IP x5 – Pressure ပါဝင်သော Nozzle 6.3mm ခေါင်းမှတစ်ဆင့် ရေပက်ဖြန်းခြင်းကို ခံနိုင်ရည်ရှိခြင်း။
IP x6 – Pressure ပိုမိုကြီးမားတဲ့ Nozzle 12.5mm ခေါင်းမှတစ်ဆင့် ရေပက်ဖြန်းခြင်းကို ခံနိုင်ရည်ရှိခြင်း။
IP x7 – ရေအနက် ၁ မီတာအတွင်း အချိန်ကန့်သတ်ချက်တစ်ခုအထိ (များသောအားဖြင့် မိနစ် ၃၀အထိ) ရေထဲစိမ်ထားနိုင်ခြင်း။
IP x8 – ရေအနက် ၁ မီတာမှ ၃ မီတာအထိ အချိန်ကန့်သတ်ချက်တစ်ခုအတွင်း ရေစိမ်ခံနိုင်ခြင်း။

အခုနောက်ပိုင်း ထွက်ရှိလာတဲ့ iPhone တွေအပါအဝင် Samsung Galaxy S9, Sony Xperia XZ2 အစရှိတဲ့ Flagship ဖုန်းတွေအားလုံးနီးပါးက အခု Water Resistant Feature ကို မဖြစ်မနေကို ထည့်သွင်းလာကြပြီပဲဖြစ်ပါတယ်။ အခုလိုမျိုး Flagship ဖုန်းတွေ Water Resistant ဖြစ်လာသလိုပဲ ဒီနှစ်ထဲမှာ Mid Range ဖုန်းတွေပါ Water Resistant Feature ပါဝင်လာဖို့ကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Zawyè (Akhayar) 

www.akhayar.com