[Zawgyi]

Drake ရဲ႕ In My Feelings သီခ်င္းMV ထဲမွာ ပါသြားတဲ့ BTS အဖြဲ႕၀င္ J Hope

ကမာၻတစ္လႊားက ႏႈတ္ခမ္းနီမေလးေတြရဲ႕ အားေပးမႈမ်ားစြာရရွိထားတဲ့ Kpop အဖြဲ႕၀င္ေတြထဲမွာ BTS အဖြဲ႕၀င္ J Hope တစ္ေယာက္လည္း အပါအ၀င္ျဖစ္ပါတယ္။ခ်စ္စရာေကာင္းတဲ့ ရုပ္ရည္သြင္ျပင္ပုိင္ဆုိင္ထားတဲ့ ကုိရီးယားနာမည္ေက်ာ္အဆုိေတာ္ J Hope ကေတာ့ ကမာၻေက်ာ္အဆုိေတာ္ Drake သီဆုိထားတဲ့ Music Video တစ္ခုမွာ ပါ၀င္ေနတယ္လုိ႕သိရပါတယ္။

In My Feelings MV

လက္တေလာ ႏိုင္ငံတကာမွာလူၾကဳိက္မ်ားေရပန္းစားေနတဲ့ In My Feelings သီခ်င္းဗီဒီယုိရဲ႕ ေနာက္ဆုံးျပီးခါနီး (၈)မိနစ္အလုိေလာက္မွာ သူ႕ရဲ႕ KiKi Challenge ကျပထားတဲ့ လႈပ္ရွားမႈဗီဒီယုိဖုိင္ေလးကုိပါ ထည့္သြင္းထားတာေတြ႕ရပါတယ္။ ဒီသီခ်င္းေလးကေနအစျပဳတဲ့ KiKi Challenge ဟာ J Hope အပါအ၀င္ ႏုိင္ငံတကာက ဆယ္လီေတြေတာ္ေတာ္မ်ားမ်ား ပါ၀င္ကျပထားၾကတာျဖစ္ပါတယ္။

J-Hope-Drake

ဒါေၾကာင့္ Drake ရဲ႕ သီခ်င္းဗီဒီယိုထဲမွာ J Hope တစ္ေယာက္ ပါ၀င္ေနတာမုိ႕ သူ႕ပရိသတ္ေတြၾကားမွာပါ သတင္းၾကီးလ်က္ရွိေနပါတယ္။အသက္(၂၄)ႏွစ္အရြယ္ J Hope ဟာ အႏုပညာေလာကထဲကုိ (၂၀၁၂)ခုႏွစ္ထဲက ၀င္ေရာက္ခဲ့ျပီး လက္ရွိမွာေတာ့ ကုိရီးယားမွာသာမက ကမာၻတစ္လႊားက ပရိသတ္အားေပးမႈေတြကုိပါရရွိထားပါတယ္။

Stella(Akhayar)

www.Akhayar.com 

[Unicode] 

Drake ရဲ့ In My Feelings သီချင်းMV ထဲမှာ ပါသွားတဲ့ BTS အဖွဲ့ဝင် J Hope

ကမ္ဘာတစ်လွှားက နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုများစွာရရှိထားတဲ့ Kpop အဖွဲ့ဝင်တွေထဲမှာ BTS အဖွဲ့ဝင် J Hope တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ ရုပ်ရည်သွင်ပြင်ပိုင်ဆိုင်ထားတဲ့ ကိုရီးယားနာမည်ကျော်အဆိုတော် J Hope ကတော့ ကမ္ဘာကျော်အဆိုတော် Drake သီဆိုထားတဲ့ Music Video တစ်ခုမှာ ပါဝင်နေတယ်လို့သိရပါတယ်။

In My Feelings MV

လက်တလော နိုင်ငံတကာမှာလူကြိုက်များရေပန်းစားနေတဲ့ In My Feelings သီချင်းဗီဒီယိုရဲ့ နောက်ဆုံးပြီးခါနီး (၈)မိနစ်အလိုလောက်မှာ သူ့ရဲ့ KiKi Challenge ကပြထားတဲ့ လှုပ်ရှားမှုဗီဒီယိုဖိုင်လေးကိုပါ ထည့်သွင်းထားတာတွေ့ရပါတယ်။ ဒီသီချင်းလေးကနေအစပြုတဲ့ KiKi Challenge ဟာ J Hope အပါအဝင် နိုင်ငံတကာက ဆယ်လီတွေတော်တော်များများ ပါဝင်ကပြထားကြတာဖြစ်ပါတယ်။

J-Hope-Drake

ဒါကြောင့် Drake ရဲ့ သီချင်းဗီဒီယိုထဲမှာ J Hope တစ်ယောက် ပါဝင်နေတာမို့ သူ့ပရိသတ်တွေကြားမှာပါ သတင်းကြီးလျက်ရှိနေပါတယ်။ အသက်(၂၄)နှစ်အရွယ် J Hope ဟာ အနုပညာလောကထဲကို (၂၀၁၂)ခုနှစ်ထဲက ဝင်ရောက်ခဲ့ပြီး လက်ရှိမှာတော့ ကိုရီးယားမှာသာမက ကမ္ဘာတစ်လွှားက ပရိသတ်အားပေးမှုတွေကိုပါရရှိထားပါတယ်။

Stella(Akhayar)

www.Akhayar.com