[Zawgyi]

ငိုထားလား ေပ်ာ္ေနလား ေဝခြဲမရျဖစ္ေနတဲ့ Selena Gomez ရဲ႕ ပံုရိပ္မ်ား

လတ္တေလာ New York ၿမိဳ႕ရဲ႕ လမ္းေတြထက္မွာ Paparazzi ေတြရဲ႕ ဓါတ္ပံု႐ိုက္ခ်က္မိခဲ့တဲ့ Selena ရဲ႕ ပံုရိပ္ေတြထဲမွာ သူမရဲ႕ မ်က္ႏွာအေျခအေန ၂ မ်ိဳးျဖစ္ေနတာေၾကာင့္ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ား သို႔ေလာသို႔ေလာနဲ႔ ေဝခြဲမရျဖစ္ခဲ့ရပါတယ္။

Justin Bieber နဲ႔ Hailey Baldwin တို႔ရဲ႕ တရားဝင္ေစ့စပ္ေၾကာင္းလမ္းမႈသတင္းေတြ ထြက္ေပၚလာၿပီးေနာက္ လတ္တေလာသတင္း Media ေတြထက္မွာ ပရိသတ္စိတ္အဝင္စားဆံုးခံရသူေတြကေတာ့ JB၊ Hailey နဲ႔ Selena တို႔ပဲျဖစ္ပါတယ္။

၁၀ ႏွစ္ေက်ာ္ၾကာျပတ္လိုက္ဆက္လိုက္ အခ်စ္ၿမဲခဲ့ၾကတဲ့ JB နဲ႔ Slelna တို႔စံုတြဲ ဒီတခါ ျပတ္စဲမႈကေတာ့ ေတာ္ေတာ္ေလး ျပင္းထန္တယ္လို႔ဆိုရမလိုပါပဲ။

ခုလည္း JB ေနာက္ဆံုး တြဲခဲ့တဲ့ Hailey နဲ႔ ရက္သတၱပတ္နည္းနည္းအၾကာမွာပဲ ေစ့စပ္ခဲ့တာဆိုေတာ့ Selena ရဲ႕ အေျခအေနဘယ္လိုရွိမယ္ဆိုတာ စိတ္ပူေနၾကတဲ့သူေတြအမ်ားအျပားကို Selena ရဲ႕ ေနာက္ဆံုး တက္လာတဲ့ပံုေတြက ဒြိဟျဖစ္ေစခဲ့ပါတယ္။

အေၾကာင္းကေတာ့ အက်ႌ T Shirt အမဲအပြေလးနဲ႔ ခဲေရာင္ Pant ေလးတြဲဖက္ဝတ္ဆင္ထားတဲ့ Selena ကို Boat Party က်င္းပအၿပီး အားရပါးရေပ်ာ္ရႊင္ျမဴးတူးေနတဲ့ပံုေတြေတြ႕ရသလို

တစ္ဖက္မွာလည္း လမ္းမေပၚမွာ မို႔ေမာက္အစ္ေဖာင္းေနတဲ့မ်က္ႏွာမ်က္လံုးေတြနဲ႔ လမ္းေလွ်ာက္ေနပံုေတြကို ေတြ႕ျမင္ခဲ့ရပါလို႔ပါပဲ။

အားရပါးရရယ္ေမာေနပံုေတြမွာေတာ့ မ်က္မွန္တပ္ထားတာမို႔ မ်က္လံုးအစ္ေနမေနကို ေသခ်ာၾကည့္လို႔မရသလို လမ္းမေပၚသြားေနတဲ့ပံုေတြဟာလည္း သူမ ႏွာေခ်ဖို႔ အရမ္းအခက္အခဲျဖစ္ေနခ်ိန္ကို Paparazzi ေတြက ကြက္တိသတင္းဓါတ္ပံု႐ိုက္ယူသြားတာပါလို႔ သတင္းထြက္ေနပါတယ္။

အဲ့ဒီပံုေတြေၾကာင့္ သူမရဲ႕ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားၾကားမွာလည္း ထင္ျမင္ခ်က္ေတြအမ်ိဳးမ်ိဳးထြက္ေပၚေနပါတယ္။

ဘာေတြပဲျဖစ္ေနျဖစ္ေန Selena ကေတာ့ အားလံုးကို ေအးေဆးျဖတ္သန္းၿပီး ဘဝအတြက္ အဓိပၸာယ္ရွိမယ့္အရာေတြပဲလုပ္သြားေတာ့မယ္ဆိုတဲ့အတိုင္း ဘာအပူအပင္မွမရွိ သာယာလ်က္ပါပဲ။ ဒီတစ္ခါေရာ JB အေနနဲ႔ Selena ဆီ ျပန္လာႏိုင္ေခ်ရွိေသးလားဆိုတာကေတာ့ ခ်စ္ႀကိဳက္ကြဲျငားလြယ္တဲ့ Hollywood အႏုပညာေလာကသဘာဝအတိုင္း ေတြးစရာအပုံအပင္ပါပဲ။

EiEiKhineMinn (Akhayar)

[Unicode]

ငိုထားလား ပျော်နေလား ဝေခွဲမရဖြစ်နေတဲ့ Selena Gomez ရဲ့ ပုံရိပ်များ

လတ်တလော New York မြို့ရဲ့ လမ်းတွေထက်မှာ Paparazzi တွေရဲ့ ဓါတ်ပုံရိုက်ချက်မိခဲ့တဲ့ Selena ရဲ့ ပုံရိပ်တွေထဲမှာ သူမရဲ့ မျက်နှာအခြေအနေ ၂ မျိုးဖြစ်နေတာကြောင့် ပရိသတ်တွေတော်တော်များများ သို့လောသို့လောနဲ့ ဝေခွဲမရဖြစ်ခဲ့ရပါတယ်။

Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ တရားဝင်စေ့စပ်ကြောင်းလမ်းမှုသတင်းတွေ ထွက်ပေါ်လာပြီးနောက် လတ်တလောသတင်း Media တွေထက်မှာ ပရိသတ်စိတ်အဝင်စားဆုံးခံရသူတွေကတော့ JB၊ Hailey နဲ့ Selena တို့ပဲဖြစ်ပါတယ်။

၁၀ နှစ်ကျော်ကြာပြတ်လိုက်ဆက်လိုက် အချစ်မြဲခဲ့ကြတဲ့ JB နဲ့ Slelna တို့စုံတွဲ ဒီတခါ ပြတ်စဲမှုကတော့ တော်တော်လေး ပြင်းထန်တယ်လို့ဆိုရမလိုပါပဲ။

ခုလည်း JB နောက်ဆုံး တွဲခဲ့တဲ့ Hailey နဲ့ ရက်သတ္တပတ်နည်းနည်းအကြာမှာပဲ စေ့စပ်ခဲ့တာဆိုတော့ Selena ရဲ့ အခြေအနေဘယ်လိုရှိမယ်ဆိုတာ စိတ်ပူနေကြတဲ့သူတွေအများအပြားကို Selena ရဲ့ နောက်ဆုံး တက်လာတဲ့ပုံတွေက ဒွိဟဖြစ်စေခဲ့ပါတယ်။

အကြောင်းကတော့ အကျႌ T Shirt အမဲအပွလေးနဲ့ ခဲရောင် Pant လေးတွဲဖက်ဝတ်ဆင်ထားတဲ့ Selena ကို Boat Party ကျင်းပအပြီး အားရပါးရပျော်ရွှင်မြူးတူးနေတဲ့ပုံတွေတွေ့ရသလို

တစ်ဖက်မှာလည်း လမ်းမပေါ်မှာ မို့မောက်အစ်ဖောင်းနေတဲ့မျက်နှာမျက်လုံးတွေနဲ့ လမ်းလျှောက်နေပုံတွေကို တွေ့မြင်ခဲ့ရပါလို့ပါပဲ။

အားရပါးရရယ်မောနေပုံတွေမှာတော့ မျက်မှန်တပ်ထားတာမို့ မျက်လုံးအစ်နေမနေကို သေချာကြည့်လို့မရသလို လမ်းမပေါ်သွားနေတဲ့ပုံတွေဟာလည်း သူမ နှာချေဖို့ အရမ်းအခက်အခဲဖြစ်နေချိန်ကို Paparazzi တွေက ကွက်တိသတင်းဓါတ်ပုံရိုက်ယူသွားတာပါလို့ သတင်းထွက်နေပါတယ်။

အဲ့ဒီပုံတွေကြောင့် သူမရဲ့ ပရိသတ်တွေတော်တော်များများကြားမှာလည်း ထင်မြင်ချက်တွေအမျိုးမျိုးထွက်ပေါ်နေပါတယ်။

ဘာတွေပဲဖြစ်နေဖြစ်နေ Selena ကတော့ အားလုံးကို အေးဆေးဖြတ်သန်းပြီး ဘဝအတွက် အဓိပ္ပာယ်ရှိမယ့်အရာတွေပဲလုပ်သွားတော့မယ်ဆိုတဲ့အတိုင်း ဘာအပူအပင်မှမရှိ သာယာလျက်ပါပဲ။ ဒီတစ်ခါရော JB အနေနဲ့ Selena ဆီ ပြန်လာနိုင်ချေရှိသေးလားဆိုတာကတော့ ချစ်ကြိုက်ကွဲငြားလွယ်တဲ့ Hollywood အနုပညာလောကသဘာဝအတိုင်း တွေးစရာအပုံအပင်ပါပဲ။

EiEiKhineMinn (Akhayar)