[Zawgyi]

အစ္မျဖစ္သူဝါဆိုမိုးဦးလိုပဲ အနုပညာကို စိတ္အားထက္သန္တဲ့ သဥၨာ





 



ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

အစ်မဖြစ်သူဝါဆိုမိုးဦးလိုပဲ အနုပညာကို စိတ်အားထက်သန်တဲ့ သဉ္ဇာ

ညီအစ်မ အရင်းတွေဖြစ်ကြပြီး အနုပညာလုပ်ငန်းတွေကိုလည်း အတူတူလုပ်ကိုင်သွားကြမယ့် သွေးသားရင်းခြာ ညီအစ်မတွေထဲမှာမှ ဝါဆိုမိုးဦးတို့ညီအစ်မနှစ်ယောက်ဟာ လည်း တော်တော်လေးကို ချစ်ချစ်ခင်ခင်နဲ့ ကူညီဖေးမကြတာကိုတွေ့ရပါတယ်။ ဝါဆိုမိုးဦးက သူရဲ့ညီမဖြစ်သူ သဉ္ဇာကို မီဒီယာတွေနဲ့ မိတ်ဆက်ပေးခဲ့ပြီးနောက်မှာ အနုပညာအလုပ်တွေကိုလည်း အခုဆိုရင် စတင်လုပ်ဆောင်နေတာတွေတွေ့ရပါတယ်။

ညီမဖြစ်သူကလည်း အစ်မလိုပဲ အနုပညာအလုပ်တွေကို ဝါသနာပါသူတစ်ဦးဖြစ်တဲ့အတွက် ကြော်ငြာတွေကို လက်ခံရိုက်ကူးနေသလို အလှဓါတ်ပုံ ရိုက်ကူးခြင်းတွေကိုလည်း ဝါသနာပါသူတစ်ဦးပါ။

ဝါဆိုမိုးဦးရဲ့ညီမလေး သဉ္ဇာ

အစ်မဖြစ်သူ ဝါဆိုမိုးဦး က ကလေးသရုပ်ဆောင်ဘဝထဲ ကအနုပညာလောကကို ရောက်ရှိခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် သူမအနေနဲ့လည်း အစ်မဆီကနေ အနုပညာနဲ့ပတ်သက်တာတွေကို များစွာသိရှိရတယ်လို့ မီဒီယာတွေနဲ့အင်တာဗျူးတော်တော်များများ မှာဖြေလေ့ရှိပါတယ်။

 

သူတို့ညီအစ်မနှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့ ဓါတ်ပုံလေးတွေကိုလည်း ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Thinzar Tz Facebook

ကြည်သာ (Akhayar)

www.akhayar.com