[Zawgyi]


‘Aquaman’


Aquaman

Aquaman



‘Shazam!’

Shazam!

Shazam!



www.akhayar.com

Source : techcrunch.com
[Unicode]

First Trailer ထွက်ရှိလာတဲ့ DC ရဲ့ ‘Aquaman’ နဲ့ ‘Shazam!’

‘Aquaman’

Jason Momoa ပါဝင်သရုပ်ဆောင်ထားတဲ့ Superhero ဇာတ်ကား ‘Aquaman’ ကတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ၂၀၁၈ ခုနှစ်မှာ ရုံတင်ပါတော့မယ်။ ဒီဇာတ်ကားရဲ့ဒါရိုက်တာ James Wan ကတော့ “ဒီဇာတ်ကားကို သမားရိုးကျ Superhero ဇာတ်ကားတစ်ကားဆိုတာထက် ထူးခြားဆန်းကြယ်တဲ့ Sci-fi ဇာတ်ကားပုံစံဘက်ရောက်အောင် ဖန်တီးထားတယ်” လို့ Comic-Con မှာ ပြောကြားခဲ့ပါတယ်။

Aquaman

Aquaman

‘Aquaman’ ဇာတ်ကားရဲ့ Trailer ကိုလည်း အချိန်အကြာကြီး စောင့်ခဲ့ရတဲ့အပေါ် “သူ့အနေနဲ့ Visual Effects တွေ အဆင်သင့်ဖြစ်ပြီဆိုတာ သေချာစေချင်တဲ့အတွက် အချိန်စောင့်ခဲ့တယ်” လို့ James Wan က  ထပ်မံပြောကြားခဲ့ပါတယ်။ ‘Aquaman’ ရဲ့ Trailer ကိုတော့ ဒီမှာ ရှုစားပါ။

‘Aquaman’ Trailer မှာ Aquaman ရဲ့ ချစ်သူ Mera (Amber Heard) ၊ သူ့ရဲ့ အမေ Atlanna (Nicole Kidman) နဲ့ သူ့ရဲ့ ပြိုင်ဘက် Orm (Patrick Wilson) တို့နဲ့ ကြားထဲက ဆက်ဆံရေးတွေကို ပုံဖော်ထားပြီး ရေအောက်လှုပ်ရှားမှုတွေနဲ့ Effects တွေ ပြည့်နေတဲ့ ရုပ်ရှင်ဇာတ်ကားတွေ တွေ့ရမှာပါ။

‘Shazam!’

Shazam!

Shazam!

‘Shazam!’  ကတော့ DC ရဲ့ Comedy ဇာတ်ကားပုံစံမျိုးတွေ့မြင်ရပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ ရုံတင်မှာ ဖြစ်တဲ့အတွက် တစ်နှစ်လောက်နီးပါး စောင့်ရဦးမှာ ဖြစ်ပါတယ်။ Trailer ထဲမှာတော့ Billy Batson (Asher Angel) ဆိုတဲ့ ကလေးလေးဟာ “Shazam!” လို့ ရေရွတ်လိုက်တာနဲ့ Superhero ကြီး အသွင်ပြောင်းသွားတာကို တွေ့ရမှာပါ။

Shazam ရဲ့ ဖန်တီးရှင် ဒါရိုက်တာ David F.Sandberg ကလည်း ‘Lights Out’ နဲ့ ‘Annabelle : Creation’ လို ထိတ်လန့်သည်းဖိုဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့သူ ဖြစ်ပေမယ့်လည်း ‘Shazam!’ မှာတော့ ပေါ့ပေါ့ပါးပါးချဉ်းကပ်ထားပုံရပါတယ်။ Superhero ဇာတ်ကောင်တစ်ကောင်ဆိုပေမယ့် Shazam ဟာ ပေါတောတောချာတိတ်လေးပုံ ဖမ်းထားပါတယ်။

www.akhayar.com

Source : techcrunch.com