[Zawgyi]

ေရေအးနဲ႔ေရေႏြး ဘယ္ဟာက က်န္းမာေရးနဲ႔ပိုညီညြတ္သလဲ

ေရက လူေတြေန႔စဥ္ရွင္သန္ေနထိုင္ဖို႔အတြက္ မရွိမျဖစ္လိုအပ္ပါတယ္။ အရြယ္ေရာက္ၿပီးသားလူရဲ႕ခႏၶာကိုယ္မွာ ေရဓာတ္ ၅၀ရာခိုင္ႏႈန္းကေန ၆၀ ရာခိုင္ႏႈန္းအထိပါဝင္ပါတယ္။ ေရကက်န္းမာေရးအတြက္ မရွိမျဖစ္လိုအပ္သလုိ ခႏၶာကိုယ္ရဲ႕လုပ္ငန္းေဆာင္တာေတြ ေကာင္းစြာအလုပ္လုပ္ဖုိ႔အတြက္လည္း အလြန္အေရးပါပါတယ္။ ေရခ်င္းအတူတူေပမယ္႔ ေရေအးနဲ႔ ေရေႏြးရဲ႕မတူညီတဲ႔အခ်က္ေတြလည္းရွိပါေသးတယ္။ ေရေအးၾကိဳက္သူနဲ႔ ေရေႏြးၾကိဳက္သူေတြမွာ ဘယ္သူေတြက က်န္းမာေရးနဲ႔ပိုညီညြတ္သလဲဆိုတာ ေလ႔လာၾကည္႔ရေအာင္ပါ။

ေရေအးဆိုတာက အပူခ်ိန္ ၄၅°Fahrenheit(၇ °Celsius) ကေန ၇၀°Fahrenheit(၂၁ °Celsius) ၾကားမွာရွိတဲ႔ ေရကို ေခၚပါတယ္။ အထူးသျဖင့္ ေႏြရာသီိလိုအခ်ိန္မ်ဳိးမွာ အျပင္ကေနေမာေမာပန္းပန္းနဲ႔ ျပန္ေရာက္လာရင္ ေရေအးေလးေသာက္လိုက္ရင္ အေမာကုိေျပသြားတာပဲဆိုၿပီး ေသာက္သံုးတတ္ၾကပါတယ္။ ေရထဲကို ေရခဲတံုးထည္႔ျပီး ေအးသထက္ေအးတဲ႔ေရခဲေရကို ေသာက္တတ္ပါေသးတယ္။ ေရေအးေအးေသာက္လိုက္တာက ေသာက္လုိ႔ေကာင္းေပမယ္႔ ဒီလုိေရေအးေသာက္ျခင္းေၾကာင္႔ရရွိလာတဲ႔ ဆိုးက်ိဳးေတြကေတာ႔အမာ်းၾကီးပါ။

အစာေျခစနစ္ကုိ ကေမာက္ကမျဖစ္ေစတယ္

ေရေအးေအးေလးေသာက္သံုးလိုက္တဲ႔အခါမွာ ေသြးေၾကာေလးေတြက က်ဳံ႕သြားၿပီး အစာေျခဖ်က္ႏိုင္စြမ္းကို တားဆီးပိတ္ပင္လိုက္ပါတယ္။ ဒါေၾကာင္႔ အစာေျခစနစ္ကေမာက္ကမျဖစ္ၿပီး အစာအိမ္နာျခင္း၊ ဝမ္းဗုိက္နာက်င္ျခင္းနဲ႕ ဝမ္းခ်ဳပ္ျခင္းေတြကို ျဖစ္ပြားေစပါတယ္။

Upset your digestion

Upset your digestion

အားအင္ကုန္ခန္းေစတယ္

ေရေအးေသာက္ထားရင္ ခႏၶာကိုယ္ရဲ႕နဂိုအပူခ်ိန္အတိုင္းျပန္လည္ရရွိေစဖို႔ ခႏၶာကိုယ္တြင္းက စြမ္းအင္ကိုမ်ားမ်ား ပိုသံုးေပးရပါတယ္။ စြမ္းအင္ေတြ ပိုမိုကုန္ခန္းတဲ့အတြက္ လူကအားအင္ကုန္ခန္းၿပီး ပိုမိုပင္ပန္းႏြယ္နယ္လာေစပါတယ္။ ဒါေၾကာင့္မို႔ မနက္ခင္းမွာ ေရေႏြးေႏြးတစ္ခြက္နဲ႔အစျပဳတာက တစ္ေန႔တာလံုးလႈပ္ရွားရုန္းကန္ဖုိ႔ အားအင္ေတြရေစပါတယ္။

Sap Energy

Sap Energy

ႏွလံုးခုန္ႏႈန္းေႏွးေကြးေစတယ္

ေရေအးေအးေလးေသာက္လိုက္တဲ႔အခါမွာ ႏွလံုးခုန္ႏႈန္းက်ဆင္းတတ္ပါတယ္။ ေရေအးက ခႏၶာကိုယ္ရဲ႕အေရးအပါဆံုးျဖစ္တဲ႔ ဦးေႏွာက္အာရုံေၾကာစနစ္တစ္ခုျဖစ္တဲ႔ Vagus Nerve ကို လႈံ႕ေဆာ္ေပးပါတယ္။ အဲလိုလႈံ႔ေဆာ္မႈျပဳလုပ္လိုက္တဲ႔အခါမွာ ႏွလုံးခုန္ႏႈန္းေႏွးေကြးလာပါလိမ္႔မယ္။

Slow your heart rate

Slow your heart rate

ခႏၶာကုိယ္တြင္းခၽြဲသလိပ္ေတြျဖစ္ေစတယ္

ေရေအးေသာက္ျခင္းေၾကာင္႔ ခႏၶာကိုယ္တြင္းမွုာ ခၽြဲ၊ သလိပ္ေတြ ပိုျဖစ္လာေစပါတယ္။ ကိုယ္ခံစြမ္းအားကုိထိခိုက္ေစတဲ႔အတြက္ ႏွာရည္ေတြယုိလာကာ စိုးရိမ္ရေလာက္တဲ့အထိ အဖ်ားေတြႀကီးလာၿပီး က်န္းမာေရးကို ဆိုးရြားသြားေစႏိုင္ပါတယ္။

Create mucus in your body

Create mucus in your body

ေရေႏြးကေတာ႔ အပူခ်ိန္ ၈၀°Fahrenheit(၂၆ °Celsius) ကေန ၁၀၆ °Fahrenheit( ၄၁ °Celsius) အတြင္းရွိတဲ့ ေရကိုဆုိလုိပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ေရေႏြးကို အျဖဴထည္ေသာက္ရတာထက္ ေကာ္ဖီေတြ၊ လက္ဘက္ရည္ေတြနဲ႔႔ ေရာေသာက္ရတာကို ပိုႏွစ္သက္ၾကပါတယ္။ အမွန္မွာေတာ့ ေရေႏြးအျဖဴေသာက္ျခင္း ေရေႏြးၾကမ္းေသာက္သံုးျခင္းက အက်ဳိးေက်းဇူးေတြ မ်ားစြာရရွိေစပါတယ္။ ေရေႏြးေသာက္ျခင္းေၾကာင့္ ရရွိေစတဲ့အက်ဳိးေက်းဇူးေတြကေတာ့…

Cold water

Cold water

ခႏၶာကိုယ္ကိုအဆိပ္အေတာက္ေျပေစတယ္

မနက္ခင္းမွာ ေရေႏြးေႏြးေလးေသာက္ျခင္းက ေျမာက္ျမားလွစြာေသာ ေရာဂါပိုးကိုျဖစ္ေစတဲ႔ ခႏၶာကိုယ္ထဲမွာရွိတဲ႔ အဆိပ္ေတြကို ရွင္းလင္းေစဖို႔ ကူညီေပးပါတယ္။ ပိုၿပီးထိေရာက္တဲ႔အက်ဳိးရလဒ္ကို ရရွိေစဖို႔အတြက္္ဆိုရင္ ေရေႏြးေႏြးေလးထဲကို သံပုရာသီးတစ္ျခမ္းေလာက္ထည့္ၿပီး ေသာက္ေပးလို႔႔ ရပါတယ္။ သံပရာေရေႏြးေသာက္ျခင္းေၾကာင္႔ Vitamin C ရရွိလာၿပီး ဆဲလ္ေတြ ျပန္လည္ရွင္သန္လာေစသလို ခႏၶာကိုယ္ရွိ မလိုအပ္တဲ႔ အဆိပ္ေတြကို ေျပေပ်ာက္သြားေစပါတယ္။

Detoxifies your body.

Detoxifies your body.

နာက်င္မႈကိုတိုက္ခိုက္ေပးတယ္

သုေတသနျပဳခ်က္ေတြအရ ေရေႏြးက ဓမၼတာလာစဥ္နာက်င္ကိုက္ခဲျခင္းနဲ႔ ေခါင္းကိုက္ျခင္းေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။ ေရေႏြးေသာက္တဲ႔အခါမွာ ေသြးလည္ပတ္မႈစနစ္ေကာင္းမြန္လာေစျပီး ေသြးစီးဆင္းမႈႏႈန္းကို ပိုမိုေကာင္းမြန္လာေစပါတယ္။ ၾကြက္တက္တဲ့အခ်ိန္မ်ဴိးမွာလည္း ေရေႏြးေႏြးေလးေသာက္ေပးတဲ႔အခါမွာ ၾကြက္သားေတြကို ေျပေလ်ာ႔သြားေစပါတယ္။

It fight pain

It fight pain

စိတ္ဖိစီးမႈေတြကိုလည္း ေလ်ာ့က်ေစတယ္

စိတ္ဖိစီးမႈနဲ႔ စိတ္ထဲမွာတစ္ခုခုစိုးထိတ္မႈကို ခံစားရတဲ႔အခ်ိန္မွာ ေရေႏြးေႏြးေလးတစ္ခြက္ကိုေသာက္ၾကည္႔ပါ။ ေရေႏြးက ဗဟိုအာရုံေၾကာလည္ပတ္မႈစနစ္ကို ေကာင္းမြန္စြာအလုပ္လုပ္ေအာင္ ကူညီေပးပါတယ္။ Cortisol လို႔ေခၚတဲ႔ စိတ္ဖိစီးမႈုျဖစ္ေစတဲ႔ ေဟာ္မုန္းဓာတ္က ေရဓာတ္ခန္းေျခာက္တဲ႔အခါမွာ ပိုမိုတိုးပြားလာပါတယ္။ စိတ္ဖိစီးမႈဒဏ္ကိုပုိခံႏိုင္ဖို႔အတြက္ဆို ေရဓာတ္ျပည္႔ဝေနဖို႔ လိုပါတယ္။

Decrease the level of stress

Decrease the level of stress

ဝိတ္က်လာေစပါတယ္

ဘယ္လိုေရမ်ဳိးကိုပဲေသာက္ေသာက္ ေရေသာက္ျခင္းက ဝိတ္က်ေစဖို႔ ကူညီေပးပါတယ္။ ေရေႏြးကိုေသာက္ရင္ေတာ့ ခႏၶာကိုယ္တြင္းရွိ ဇိဝကမၼျဖစ္စဥ္ေတြကို တိုးတက္ေကာင္းမြန္ေစပါတယ္။ ေရေႏြးက ခႏၶာကိုယ္အပူခ်ိန္ကို ျမင္႔တက္လာေစၿပီး ကဲြျပားသြားတဲ႔အပူခ်ိ္န္ကို ပံုမွန္အတိုင္းျဖစ္ေအာင္ ျပန္လည္ထိန္းညိွေပးတဲ့အခါမွာ အဆီေတြစတင္ေလာင္ကၽြမ္းျပီး ဝိတ္က်လာေအာင္ ကူညီေပးပါတယ္။

Lose Weight

Lose Weight

ေသြးလည္ပတ္မႈကိုတိုးတက္ေကာင္းမြန္ေစပါတယ္

ေရေအးက ေသြးျပန္ေၾကာေတြကို ပိတ္ေစေပမယ္႔ ေရေႏြးကေတာ႔ ေသြးလည္ပတ္မႈေကာင္းေအာင္ကူညီေပးပါတယ္။ ေသြးလည္ပတ္မႈေကာင္းလာတဲ႔အခါမွာ ခႏၶာကိုယ္ကို ေကာင္းမြန္တဲ႔အက်ဳိးသက္ေရာက္မႈေတြ ျဖစ္ေပၚလာေစသလို ေသြးဖိအားျမင္႔တက္လာျခင္းေၾကာင့္ ျဖစ္တဲ႔ ႏွလံုးနဲ႔ ေသြးေၾကာမ်ားဆိုင္ရာ ေရာဂါေတြျဖစ္ပြားျခင္းကိုလည္း ေလ်ာ႔က်လာေအာင္ ကူညီေပးပါတယ္။

အခ်ိန္မတိုင္မီအိုမင္းရင္႔ေရာ္ျခင္းကိုရပ္တန္႔ေစပါတယ္

အရြယ္မတိုင္မီ အိုမင္းရင္႔ေရာ္ျခင္းဆိုတာက အမ်ဳိးသမီးေတြအတြက္ အိပ္မက္ဆိုးတစ္ခုလိုပါပဲ။ အမ်ဳိးသမီးေတြရဲ႕ ခႏၶာကိုယ္မွာ အဆိပ္အေတာက္ေတြမ်ားလာတဲ႔အခါ အိပ္မက္ဆိုးက တကယ္ျဖစ္လာပါေတာ့တယ္။ ေရေႏြးေသာက္ေပးျခင္းက အမ်ဳိးသမီးေတြရဲ႕ ခႏၶာကိုယ္ထဲမွာရွိတဲ႔ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးပါတယ္။ အဆိပ္အေတာက္ေတြကင္းေဝးသြားတဲ႔အခါမွာေတာ႔ ႏုပ်ိဳတဲ႔အလွကို ရရွိပိုင္ဆုိင္ႏိုင္မွာျဖစ္ပါတယ္။

ကိုယ္က ေရေႏြးေသာက္ရတာပိုႀကိဳက္တဲ႔သူလား ေရေအးေသာက္ရတာပိုႀကိဳက္တဲ့သူလား ဘာကိုပဲႀကိဳက္ႀကိဳက္ ဒီစာေလးကို ဖတ္ၿပီးသြားရင္ေတာ့ က်န္းမာေရးကိုအေလးထားတဲ႔အေနနဲ႔ ေရေႏြးကိုမၾကာမၾကာေသာက္ေပးပါလုိ႔ အၾကံျပဳခ်င္ပါတယ္ေနာ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ရေအေးနဲ့ရေနွေး ဘယ်ဟာက ကျန်းမာရေးနဲ့ပိုညီညွတ်သလဲ

ရေက လူတွေနေ့စဉ်ရှင်သန်နေထိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသားလူရဲ့ခန္ဓာကိုယ်မှာ ရေဓာတ် ၅၀ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိပါဝင်ပါတယ်။ ရေကကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သလို ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေ ကောင်းစွာအလုပ်လုပ်ဖို့အတွက်လည်း အလွန်အရေးပါပါတယ်။ ရေချင်းအတူတူပေမယ့် ရေအေးနဲ့ ရေနွေးရဲ့မတူညီတဲ့အချက်တွေလည်းရှိပါသေးတယ်။ ရေအေးကြိုက်သူနဲ့ ရေနွေးကြိုက်သူတွေမှာ ဘယ်သူတွေက ကျန်းမာရေးနဲ့ပိုညီညွတ်သလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

ရေအေးဆိုတာက အပူချိန် ၄၅°Fahrenheit(၇ °Celsius) ကနေ ၇၀°Fahrenheit(၂၁ °Celsius) ကြားမှာရှိတဲ့ ရေကို ခေါ်ပါတယ်။ အထူးသဖြင့် နွေရာသီလိုအချိန်မျိုးမှာ အပြင်ကနေမောမောပန်းပန်းနဲ့ ပြန်ရောက်လာရင် ရေအေးလေးသောက်လိုက်ရင် အမောကိုပြေသွားတာပဲဆိုပြီး သောက်သုံးတတ်ကြပါတယ်။ ရေထဲကို ရေခဲတုံးထည့်ပြီး အေးသထက်အေးတဲ့ရေခဲရေကို သောက်တတ်ပါသေးတယ်။ ရေအေးအေးသောက်လိုက်တာက သောက်လို့ကောင်းပေမယ့် ဒီလိုရေအေးသောက်ခြင်းကြောင့်ရရှိလာတဲ့ ဆိုးကျိုးတွေကတော့အမာျးကြီးပါ။

အစာခြေစနစ်ကို ကမောက်ကမဖြစ်စေတယ်

ရေအေးအေးလေးသောက်သုံးလိုက်တဲ့အခါမှာ သွေးကြောလေးတွေက ကျုံ့သွားပြီး အစာခြေဖျက်နိုင်စွမ်းကို တားဆီးပိတ်ပင်လိုက်ပါတယ်။ ဒါကြောင့် အစာခြေစနစ်ကမောက်ကမဖြစ်ပြီး အစာအိမ်နာခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်းနဲ့ ဝမ်းချုပ်ခြင်းတွေကို ဖြစ်ပွားစေပါတယ်။

Upset your digestion

Upset your digestion

အားအင်ကုန်ခန်းစေတယ်

ရေအေးသောက်ထားရင် ခန္ဓာကိုယ်ရဲ့နဂိုအပူချိန်အတိုင်းပြန်လည်ရရှိစေဖို့ ခန္ဓာကိုယ်တွင်းက စွမ်းအင်ကိုများများ ပိုသုံးပေးရပါတယ်။ စွမ်းအင်တွေ ပိုမိုကုန်ခန်းတဲ့အတွက် လူကအားအင်ကုန်ခန်းပြီး ပိုမိုပင်ပန်းနွယ်နယ်လာစေပါတယ်။ ဒါကြောင့်မို့ မနက်ခင်းမှာ ရေနွေးနွေးတစ်ခွက်နဲ့အစပြုတာက တစ်နေ့တာလုံးလှုပ်ရှားရုန်းကန်ဖို့ အားအင်တွေရစေပါတယ်။

Sap Energy

Sap Energy

နှလုံးခုန်နှုန်းနှေးကွေးစေတယ်

ရေအေးအေးလေးသောက်လိုက်တဲ့အခါမှာ နှလုံးခုန်နှုန်းကျဆင်းတတ်ပါတယ်။ ရေအေးက ခန္ဓာကိုယ်ရဲ့အရေးအပါဆုံးဖြစ်တဲ့ ဦးနှောက်အာရုံကြောစနစ်တစ်ခုဖြစ်တဲ့ Vagus Nerve ကို လှုံ့ဆော်ပေးပါတယ်။ အဲလိုလှုံ့ဆော်မှုပြုလုပ်လိုက်တဲ့အခါမှာ နှလုံးခုန်နှုန်းနှေးကွေးလာပါလိမ့်မယ်။

Slow your heart rate

Slow your heart rate

ခန္ဓာကိုယ်တွင်းချွဲသလိပ်တွေဖြစ်စေတယ်

ရေအေးသောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းမှုာ ချွဲ၊ သလိပ်တွေ ပိုဖြစ်လာစေပါတယ်။ ကိုယ်ခံစွမ်းအားကိုထိခိုက်စေတဲ့အတွက် နှာရည်တွေယိုလာကာ စိုးရိမ်ရလောက်တဲ့အထိ အဖျားတွေကြီးလာပြီး ကျန်းမာရေးကို ဆိုးရွားသွားစေနိုင်ပါတယ်။

Create mucus in your body

Create mucus in your body

ရေနွေးကတော့ အပူချိန် ၈၀°Fahrenheit(၂၆ °Celsius) ကနေ ၁၀၆ °Fahrenheit( ၄၁ °Celsius) အတွင်းရှိတဲ့ ရေကိုဆိုလိုပါတယ်။ လူတော်တော်များများက ရေနွေးကို အဖြူထည်သောက်ရတာထက် ကော်ဖီတွေ၊ လက်ဘက်ရည်တွေနဲ့ ရောသောက်ရတာကို ပိုနှစ်သက်ကြပါတယ်။ အမှန်မှာတော့ ရေနွေးအဖြူသောက်ခြင်း ရေနွေးကြမ်းသောက်သုံးခြင်းက အကျိုးကျေးဇူးတွေ များစွာရရှိစေပါတယ်။ ရေနွေးသောက်ခြင်းကြောင့် ရရှိစေတဲ့အကျိုးကျေးဇူးတွေကတော့…

Cold water

Cold water

ခန္ဓာကိုယ်ကိုအဆိပ်အတောက်ပြေစေတယ်

မနက်ခင်းမှာ ရေနွေးနွေးလေးသောက်ခြင်းက မြောက်မြားလှစွာသော ရောဂါပိုးကိုဖြစ်စေတဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်တွေကို ရှင်းလင်းစေဖို့ ကူညီပေးပါတယ်။ ပိုပြီးထိရောက်တဲ့အကျိုးရလဒ်ကို ရရှိစေဖို့အတွက်ဆိုရင် ရေနွေးနွေးလေးထဲကို သံပုရာသီးတစ်ခြမ်းလောက်ထည့်ပြီး သောက်ပေးလို့ ရပါတယ်။ သံပရာရေနွေးသောက်ခြင်းကြောင့် Vitamin C ရရှိလာပြီး ဆဲလ်တွေ ပြန်လည်ရှင်သန်လာစေသလို ခန္ဓာကိုယ်ရှိ မလိုအပ်တဲ့ အဆိပ်တွေကို ပြေပျောက်သွားစေပါတယ်။

Detoxifies your body.

Detoxifies your body.

နာကျင်မှုကိုတိုက်ခိုက်ပေးတယ်

သုတေသနပြုချက်တွေအရ ရေနွေးက ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေကို သက်သာပျောက်ကင်းစေပါတယ်။ ရေနွေးသောက်တဲ့အခါမှာ သွေးလည်ပတ်မှုစနစ်ကောင်းမွန်လာစေပြီး သွေးစီးဆင်းမှုနှုန်းကို ပိုမိုကောင်းမွန်လာစေပါတယ်။ ကြွက်တက်တဲ့အချိန်မျိူးမှာလည်း ရေနွေးနွေးလေးသောက်ပေးတဲ့အခါမှာ ကြွက်သားတွေကို ပြေလျော့သွားစေပါတယ်။

It fight pain

It fight pain

စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေတယ်

စိတ်ဖိစီးမှုနဲ့ စိတ်ထဲမှာတစ်ခုခုစိုးထိတ်မှုကို ခံစားရတဲ့အချိန်မှာ ရေနွေးနွေးလေးတစ်ခွက်ကိုသောက်ကြည့်ပါ။ ရေနွေးက ဗဟိုအာရုံကြောလည်ပတ်မှုစနစ်ကို ကောင်းမွန်စွာအလုပ်လုပ်အောင် ကူညီပေးပါတယ်။ Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုုဖြစ်စေတဲ့ ဟော်မုန်းဓာတ်က ရေဓာတ်ခန်းခြောက်တဲ့အခါမှာ ပိုမိုတိုးပွားလာပါတယ်။ စိတ်ဖိစီးမှုဒဏ်ကိုပိုခံနိုင်ဖို့အတွက်ဆို ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။

Decrease the level of stress

Decrease the level of stress

ဝိတ်ကျလာစေပါတယ်

ဘယ်လိုရေမျိုးကိုပဲသောက်သောက် ရေသောက်ခြင်းက ဝိတ်ကျစေဖို့ ကူညီပေးပါတယ်။ ရေနွေးကိုသောက်ရင်တော့ ခန္ဓာကိုယ်တွင်းရှိ ဇိဝကမ္မဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေပါတယ်။ ရေနွေးက ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်လာစေပြီး ကွဲပြားသွားတဲ့အပူချိန်ကို ပုံမှန်အတိုင်းဖြစ်အောင် ပြန်လည်ထိန်းညှိပေးတဲ့အခါမှာ အဆီတွေစတင်လောင်ကျွမ်းပြီး ဝိတ်ကျလာအောင် ကူညီပေးပါတယ်။

Lose Weight

Lose Weight

သွေးလည်ပတ်မှုကိုတိုးတက်ကောင်းမွန်စေပါတယ်

ရေအေးက သွေးပြန်ကြောတွေကို ပိတ်စေပေမယ့် ရေနွေးကတော့ သွေးလည်ပတ်မှုကောင်းအောင်ကူညီပေးပါတယ်။ သွေးလည်ပတ်မှုကောင်းလာတဲ့အခါမှာ ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာစေသလို သွေးဖိအားမြင့်တက်လာခြင်းကြောင့် ဖြစ်တဲ့ နှလုံးနဲ့ သွေးကြောများဆိုင်ရာ ရောဂါတွေဖြစ်ပွားခြင်းကိုလည်း လျော့ကျလာအောင် ကူညီပေးပါတယ်။

အချိန်မတိုင်မီအိုမင်းရင့်ရော်ခြင်းကိုရပ်တန့်စေပါတယ်

အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းဆိုတာက အမျိုးသမီးတွေအတွက် အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေများလာတဲ့အခါ အိပ်မက်ဆိုးက တကယ်ဖြစ်လာပါတော့တယ်။ ရေနွေးသောက်ပေးခြင်းက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အဆိပ်အတောက်တွေကင်းဝေးသွားတဲ့အခါမှာတော့ နုပျိုတဲ့အလှကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ကိုယ်က ရေနွေးသောက်ရတာပိုကြိုက်တဲ့သူလား ရေအေးသောက်ရတာပိုကြိုက်တဲ့သူလား ဘာကိုပဲကြိုက်ကြိုက် ဒီစာလေးကို ဖတ်ပြီးသွားရင်တော့ ကျန်းမာရေးကိုအလေးထားတဲ့အနေနဲ့ ရေနွေးကိုမကြာမကြာသောက်ပေးပါလို့ အကြံပြုချင်ပါတယ်နော်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။