အခရာပရိသတ်ကြီးရေ။ သင်္ကြန်တွင်း စည်တယ် မစည်ဘူး ကိစ္စက တစ်ဖက်၊ ဒီကြားထဲ မြောက်ကိုရီးယားနဲ့ အမေရိကန် ဆော်ကြ နှက်ကြမယ်ဆိုပြီး တစ်ဖက်နဲ့ တိုင်းရေးပြည်ရေးကလည်း တယ်မအေးချမ်းဘူး ဖြစ်နေတာ။ သူတို့ စစ်ကြေညာကြတယ်ဆိုတော့ ကိုယ်တွေလည်း ရေသာဆော့နေကြတယ် ဘယ်ချိန်ထချမလဲပေါ့.. Air Max 2016 Goedkoop စိတ်တထင့်ထင့်နဲ့။ တကယ်တော့ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ကြေညာတယ်ဆိုတာ မလွယ်ပါဘူးခင်ဗျ။ စစ်ကြေညာတယ်ဆိုတာ တစ်နိုင်ငံက အခြားတစ်နိုင်ငံအပေါ် စစ်ပွဲစတင်တော့မယ် ဆိုတာကို တရားဝင် အသိပေးခြင်းပါပဲ။ အစိုးရတစ်ရပ်ရဲ့ အာဏာရအဖွဲ့အစည်းတစ်ခုခုကနေ မိန့်ခွန်းတစ်ခု၊ ကြေညာမှုတစ်ခု ထုတ်လိုက်တာပဲဖြစ်ဖြစ်၊ စာရွက်စာတမ်းတစ်ခုခုကို လက်မှတ်ထိုးလိုက်ရာကပဲ ဖြစ်ဖြစ် နိုင်ငံနှစ်ခု ဒါမှ မဟုတ် နိုင်ငံအများအပြားနဲ့ စစ်ပွဲစတင်ဖန်တီးတော့မယ်လို့ အသိပေးတာကို စစ်ကြေညာတာလို့ ခေါ်ပါတယ်။ နိုင်ငံတစ်ခုမှာ ဘယ်သူက တရားဝင် စစ်ကြေညာမှုအမိန့် ထုတ်ခွင့်ရှိတယ်ဆိုတာကတော့ နိုင်ငံတွေနဲ့ သူတို့ရဲ့ အုပ်ချုပ်သူအစိုးရတွေပေါ် မူတည်ပြီး ကွဲပြားပါတယ်။ နိုင်ငံအတော်များများမှာတော့ ဒီအမိန့်ထုတ်ခွင့်ကို နိုင်ငံ့ဥသျှောင်အကြီးအကဲ ဒါမှမဟုတ် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာအပေါ် အပ်နှင်းထားတတ်ပါတယ်။ စစ်ကြေညာမှုများအတွက် တရားဝင်အပြည်ပြည်ဆိုင်ရာ Protocol ကိုတော့ ၁၉၀၇ ခုနှစ်မှာ ပြုလုပ်တဲ့ ဟိဂ်ကွန်ဗင်းရှင်း (III) မှာ သတ်မှတ်ခဲ့ပါတယ်။ တကယ်တော့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခတွေမှာ အင်အားသုံးမှုနဲ့ ခြိမ်းခြောက်မှုတွေကို တားမြစ်ထားတဲ့ ကုလသမဂ္ဂပဋိညာဉ်စာတမ်းလို နိုင်ငံတကာဥပဒေဆိုင်ရာဖြစ်ပေါ်တိုးတက်မှုတွေဟာ ၁၉၄၅ ခုနှစ်ထဲက ရှိခဲ့တာပါ။ အဲဒီမတိုင်ခင်ကတော့ ပထမကမ္ဘာစစ် (၁၉၁၄-၁၉၁၈) နဲ့ ဒုတိယကမ္ဘာစစ် (၁၉၃၉-၁၉၄၅) ဆိုပြီး ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကြီးတွေ ဖြစ်ပွားခဲ့ကြပါတယ်။ ပထမကမ္ဘာစစ်ရဲ့ စစ်မီးလျှံကတော့ သိတဲ့အတိုင်း သြစတြီးယားမင်းသား Archduke Franz Ferdinand တစ်ယောက် ဆာရာယေဗိုမြို့မှာ ၁၉၁၄ ခုနှစ် ဇွန်လ ၂၈ရက်နေ့မှာ လုပ်ကြံခံခဲ့ရတာက စပြီး စစ်မီးတောက်လောင်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်ကတော့ အရင်တည်းက ရှိခဲ့တဲ့ ပဋိပက္ခတွေကို အခြေခံပြီး ပြင်သစ်၊ပိုလန်၊ UK၊ ဟော်လန်၊ ဂရိ၊ ယူဂိုစလပ်ဗ်နဲ့ နောက်ဆုံး ဆိုဗီယက်ယူနီယံတို့လို မဟာမိတ်နိုင်ငံတွေက တစ်ဖက်၊ အီတလီ၊ ဂျာမဏီနဲ့ ဂျပန်ဝင်ရိုးစွန်းနိုင်ငံတွေက တစ်ဖက်ဆိုပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ အပြန်အလှန် တိုက်ခိုက်ကြတာပါပဲ။  

ဒီအတောအတွင်း ထင်ရှားတဲ့ တစ်ဖက်နဲ့ တစ်ဖက်စစ်ကြေညာမှုတွေကတော့

ပထမကမ္ဘာစစ်အတွင်း

ဇူလိုင်လ ၂၈ရက် ၁၉၁၄ – သြစတြီးယား- ဟန်ဂေရီဟာ ဆာဘီးယားကို စစ်ကြေညာခဲ့ပါတယ်။ ဧပြီလ ၆ရက် ၁၉၁၇ – အမေရိကန်နိုင်ငံဟာ ဂျာမန်အင်ပါယာကို စစ်ကြေညာခဲ့ပါတယ်။  

ဒုတိယကမ္ဘာစစ်အတွင်း

စက်တင်ဘာလ ၃ ရက် ၁၉၃၉ – UK၊ အိန္ဒိယ၊ ပြင်သစ်၊ သြစတြေးလျနဲ့ နယူးဇီလန်ဟာ ဂျာမဏီကို စစ်ကြေညာခဲ့ကြပါတယ်။ ဇွန်လ ၁၀ ရက် ၁၉၄၀ – အီတလီက UK နဲ့ ပြင်သစ်အပေါ် စစ်ကြေညာခဲ့ပါတယ်။ ဇူလိုင် ၃ရက် ၁၉၄၁ – ဆိုဗီယက်ယူနီယံက ဂျာမဏီအပေါ် စစ်ကြေညာခဲ့ပါတယ်။ ဒီဇင်ဘာ ၇ ရက် ၁၉၄၁ – ဂျပန်အင်ပါယာက အမေရိကန်နဲ့ ဗြိတိသျှအင်ပါယာကို စစ်ကြေညာခဲ့ပါတယ်။ ဒီဇင်ဘာ ၈ ရက် ၁၉၄၁ – နောက်တစ်နေ့မှာတော့ US၊ UK၊ သြစတြေးလျ၊နယ်သာလန်၊ နယူးဇီလန်စတဲ့ နိုင်ငံတွေဟာ ဂျပန်အပေါ် ပြန်လည် စစ်ကြေညာမှုပြုလုပ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၁ ရက် ၁၉၄၁ – ဂျာမဏီနဲ့ အီတလီက US ကို စစ်ကြေညာခဲ့ပြီး အပြန်အလှန်အနေနဲ့ US ကလည်း အဲဒီ နှစ်နိုင်ငံအပေါ် စစ်ကြေညာမှုပြုလုပ်ခဲ့ပါတယ်။ စက်တင်ဘာ ၉ ရက် ၁၉၄၃ – အီရန်က ဂျာမဏီကို စစ်ကြေညာခဲ့ပါတယ်။  

ဒုတိယကမ္ဘာစစ်အပြီးမှာတော့

မေလ ၁၅ရက် ၁၉၄၈ – အီရတ်၊ဂျော်ဒန်၊ ဆီးရီးယား၊ အီရတ်နဲ့ လက်ဘနွန်တို့က အစ္စရေးကို စစ်ကြေညာခဲ့ပါတယ် ။ (အာရပ်-အစ္စရေးစစ်ပွဲ) စက်တင်ဘာ ၂၂ ရက် ၁၉၈၀ – အီရတ်က အီရန်ကို စစ်ကြေညာခဲ့ပါတယ်။ (အီရန်-အီရတ်စစ်ပွဲ) မေလ ၁၁ ရက် ၁၉၈၂ – အာဂျင်တီးနားက UK ကို စစ်ဇုန်သတ်မှတ်ကြေညာခဲ့ပါတယ်။ (ဖောက်ကလန်အရေးအခင်း)   ဒါတွေကတော့ သမိုင်းထဲက ထင်ရှားတဲ့ စစ်ကြေညာမှုများဖြစ်ပါတယ်။ ဒီတစ်ခေါက် မြောက်ကိုရီးယားနဲ့ အမေရိကန်အရေးဟာလည်း ဘယ်လို ဆက်ဖြစ်ကြမယ်ဆိုတာတော့…..