[Zawgyi]

ဝိတ္က်လွပေစဖုိ႔အတြက္ ေန႔တိုင္းေသာက္ေနက် ေကာ္ဖီကို ဒီလိုေလး ေျပာင္းေသာက္ၾကည့္မယ္

မနက္ခင္းကို ခြန္အားအျပည့္နဲ႔ လန္းဆန္းတက္ၾကြစြာ ျဖတ္သန္းႏိုင္ဖို႔အတြက္ဆို ေကာ္ဖီကမပါမျဖစ္ပါပဲ။ ေကာ္ဖီႀကိဳက္တဲ႔သူေတြအတြက္ဆို ေကာ္ဖီမေသာက္ရတဲ႔ေန႔ေတြဟာ စိန္ေခၚမႈတစ္ခုကို ျဖတ္သန္းရသလို အင္အားေတြြ ကုန္ခမ္းကာ ပင္ပန္းႏြယ္နယ္ေနတတ္ၾကပါတယ္။ ေကာ္ဖီမွာ ပါဝင္တဲ႔ Caffeine ဓာတ္ဟာ ေန႔တစ္ေန႔အစျပဳဖို႔ ခႏၶာကုိယ္နဲ႔ ဦးေႏွာက္အတြက္ မရွိမျဖစ္လိုအပ္သလို ေကာ္ဖီမွာ ပါဝင္တဲ႔ သၾကားဓာတ္ကလည္း ခႏၶာကိုယ္ကုိ ထိခိုက္ေစႏိုင္တဲ႔အတြက္ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ ေကာ္ဖီခ်စ္သူေတြအေနနဲ႔ ေကာ္ဖီျဖတ္ဖို႔ဆုိတာကလည္း ေသခိုင္းတာနဲ႔တူလို႔ ျဖတ္ဖို႔ဆိုတာ ဘယ္လိုမွ မလြယ္ကူပါဘူး။ ေကာ္ဖီကလည္း ျဖတ္ဖို႔မလြယ္ကူသလို က်န္းမာေရးကို ထိခိုက္ေစႏိုင္ၿပီး ဝိတ္တက္လာေစႏုိင္တာေတြလည္း ျဖစ္ေစႏိုင္လို႔ ေကာ္ဖီမျဖတ္ဘဲ ဝိတ္က်ေစမယ့္ နည္းလမ္းေကာင္းေလးကို ေဝမွ်ေပးခ်င္ပါတယ္။

ေကာ္ဖီသမားေတြဟာ ကဖင္းဓာတ္တစ္ခုတည္းေၾကာင့္ က်န္းမာေရးထိခိုက္တာမဟုတ္ဘဲ သၾကားဓာတ္ေၾကာင့္လည္း ထိခိုက္ႏိုင္ပါေသးတယ္။ ေကာ္ဖီမွာပါဝင္တဲ႔ သၾကား၊ ႏြားႏို႔ နဲ႔ Cream ေတြဟာ ကယ္လိုရီကို တက္ေစသလို ဆီးခ်ဳိေရာဂါလိုမ်ဳိး ေရာဂါေတြကိုလည္း ျဖစ္ပြားေစႏိုင္ပါတယ္။ ကယ္လိုရီမတက္ေအာင္လို႔ အခ်ဳိဓာတ္ျဖစ္ေစမယ့္ အရာေတြကို ေရွာင္ရွားႏိုင္တယ္ဆိုရင္ ဝိတ္က်ေစႏိုင္သလို က်န္းမာေရးကိုလည္း ဂရုစိုက္ၿပီးသား ျဖစ္ေစပါတယ္။

ေကာ္ဖီေသာက္ၿပီး ဝိတ္က်ဖို႔အတြက္ဆို ရုိးရွင္းတဲ႔နည္းလမ္းေလးတစ္ခုပဲ ေျပာင္းလုပ္ဖို႔ လုိပါတယ္။ ေကာ္ဖီျဖတ္ဖို႔မလိုဘဲ ဝိတ္က်ေစႏုိင္တဲ႔ အစြမ္းထက္နည္းလမ္းေလးကို ေကာ္ဖီသမားေတြတိုင္း သိခ်င္ေနၾကၿပီမွတ္လား။ အဲ့ဒီနည္းလမ္းကေတာ့ ေကာ္ဖီေသာက္တဲ႔အခါ သၾကားအစား သစ္ၾကံပိုးေခါက္ကို အစားထုိးၿပီး ေသာက္သံုးေပးျခင္းပဲ ျဖစ္ပါတယ္။ သစ္ၾကံပုိးေခါက္ဟာ အလြယ္တကူရွာေဖြ ဝယ္ယူလို႔ရတဲ႔ မီးဖိုေခ်ာင္သံုးပစၥည္း ျဖစ္ပါတယ္။ သစ္ၾကံပိုးေခါက္ထည့္ၿပီး ေသာက္လုိက္တဲ႔အခါ အရသာကလည္း ေသာက္ေနၾက အရသာမ်ဳိးမဟုတ္ဘဲ သဘာဝအခ်ဳိဓာတ္မ်ဳိး ပိုရရွိေစႏုိင္ပါတယ္။

Coffee and Cinnamon

Coffee and Cinnamon

သၾကားအစား သစ္ၾကံပိုးေခါက္ေျပာင္းထည့္ၿပီး ေကာ္ဖီေသာက္သံုးျခင္းက ဝိတ္က်ေစတဲ႔အျပင္ တျခားေသာ က်န္းမာေရးအက်ဳိးေက်းဇူးေတြလည္း ရရွိေစပါေသးတယ္။ သစ္ၾကံပိုးေခါက္ထည့္ၿပီး ေကာ္ဖီေသာက္ျခင္းက ေရာင္ရမ္းျခင္းေတြေလ်ာ့ၾကေစၿပီး သစ္ၾကံပိုးေခါက္မွာ ပါဝင္တဲ႔ Satiety Hormone က အဆာခံႏိုင္ေစပါတယ္။သစ္ၾကံပိုးေခါက္မွာ ပါဝင္တဲ႔ Chemical ဓာတ္တစ္ခုျဖစ္တဲ႔ Cinnamaldehyde ဟာ ဆဲလ္ေတြကို လႈံေဆာ္ေပးၿပီး ဇီဝရုပ္ျဖစ္ပ်က္မႈႏႈန္းကို တိုးျမွင့္ေပးပါတယ္။

ရုိးရွင္းလြယ္ကူတဲ႔ နည္းလမ္းေလးကို ေကာ္ဖီေသာက္တုိင္း ေျပာင္းလဲက်င့္သံုးၾကည့္ျခင္းအားျဖင့္ အက်င့္ျဖစ္သြားရင္ က်န္းမာေရးကိုလည္း ပိုမိုဂရုစိုက္ၿပီးသားျဖစ္ကာ ဝိတ္က်ၿပီး အခ်ဳိးက်လွပလာကာ ျမင္သူတကာ ေငးေမာအားက်ရတဲ႔ ခႏၶာကိုယ္ကို ရရွိပိုင္ဆိုင္ႏုိင္မွာပါ။ ဒီလိုလြယ္ကူတဲ႔ အစားထုိးမႈ ျပဳလုပ္ရုံနဲ႔ တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ အက်ဳိးေက်းဇူးရရွိမွာဆိုေတာ့ ဒီေန႔ကစၿပီး ေျပာင္းလဲက်င့္သံုးၾကည္႔လိုက္ၾကရေအာင္။

H.H(Akhayar)

www.akhayar.com

[Unicode]

ဝိတ်ကျလှပစေဖို့အတွက် နေ့တိုင်းသောက်နေကျ ကော်ဖီကို ဒီလိုလေး ပြောင်းသောက်ကြည့်မယ်

မနက်ခင်းကို ခွန်အားအပြည့်နဲ့ လန်းဆန်းတက်ကြွစွာ ဖြတ်သန်းနိုင်ဖို့အတွက်ဆို ကော်ဖီကမပါမဖြစ်ပါပဲ။ ကော်ဖီကြိုက်တဲ့သူတွေအတွက်ဆို ကော်ဖီမသောက်ရတဲ့နေ့တွေဟာ စိန်ခေါ်မှုတစ်ခုကို ဖြတ်သန်းရသလို အင်အားတွေ ကုန်ခမ်းကာ ပင်ပန်းနွယ်နယ်နေတတ်ကြပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ Caffeine ဓာတ်ဟာ နေ့တစ်နေ့အစပြုဖို့ ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွက် မရှိမဖြစ်လိုအပ်သလို ကော်ဖီမှာ ပါဝင်တဲ့ သကြားဓာတ်ကလည်း ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကော်ဖီချစ်သူတွေအနေနဲ့ ကော်ဖီဖြတ်ဖို့ဆိုတာကလည်း သေခိုင်းတာနဲ့တူလို့ ဖြတ်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူပါဘူး။ ကော်ဖီကလည်း ဖြတ်ဖို့မလွယ်ကူသလို ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ဝိတ်တက်လာစေနိုင်တာတွေလည်း ဖြစ်စေနိုင်လို့ ကော်ဖီမဖြတ်ဘဲ ဝိတ်ကျစေမယ့် နည်းလမ်းကောင်းလေးကို ဝေမျှပေးချင်ပါတယ်။

ကော်ဖီသမားတွေဟာ ကဖင်းဓာတ်တစ်ခုတည်းကြောင့် ကျန်းမာရေးထိခိုက်တာမဟုတ်ဘဲ သကြားဓာတ်ကြောင့်လည်း ထိခိုက်နိုင်ပါသေးတယ်။ ကော်ဖီမှာပါဝင်တဲ့ သကြား၊ နွားနို့ နဲ့ Cream တွေဟာ ကယ်လိုရီကို တက်စေသလို ဆီးချိုရောဂါလိုမျိုး ရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ ကယ်လိုရီမတက်အောင်လို့ အချိုဓာတ်ဖြစ်စေမယ့် အရာတွေကို ရှောင်ရှားနိုင်တယ်ဆိုရင် ဝိတ်ကျစေနိုင်သလို ကျန်းမာရေးကိုလည်း ဂရုစိုက်ပြီးသား ဖြစ်စေပါတယ်။

ကော်ဖီသောက်ပြီး ဝိတ်ကျဖို့အတွက်ဆို ရိုးရှင်းတဲ့နည်းလမ်းလေးတစ်ခုပဲ ပြောင်းလုပ်ဖို့ လိုပါတယ်။ ကော်ဖီဖြတ်ဖို့မလိုဘဲ ဝိတ်ကျစေနိုင်တဲ့ အစွမ်းထက်နည်းလမ်းလေးကို ကော်ဖီသမားတွေတိုင်း သိချင်နေကြပြီမှတ်လား။ အဲ့ဒီနည်းလမ်းကတော့ ကော်ဖီသောက်တဲ့အခါ သကြားအစား သစ်ကြံပိုးခေါက်ကို အစားထိုးပြီး သောက်သုံးပေးခြင်းပဲ ဖြစ်ပါတယ်။ သစ်ကြံပိုးခေါက်ဟာ အလွယ်တကူရှာဖွေ ဝယ်ယူလို့ရတဲ့ မီးဖိုချောင်သုံးပစ္စည်း ဖြစ်ပါတယ်။ သစ်ကြံပိုးခေါက်ထည့်ပြီး သောက်လိုက်တဲ့အခါ အရသာကလည်း သောက်နေကြ အရသာမျိုးမဟုတ်ဘဲ သဘာဝအချိုဓာတ်မျိုး ပိုရရှိစေနိုင်ပါတယ်။

Coffee and Cinnamon

Coffee and Cinnamon

သကြားအစား သစ်ကြံပိုးခေါက်ပြောင်းထည့်ပြီး ကော်ဖီသောက်သုံးခြင်းက ဝိတ်ကျစေတဲ့အပြင် တခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရရှိစေပါသေးတယ်။ သစ်ကြံပိုးခေါက်ထည့်ပြီး ကော်ဖီသောက်ခြင်းက ရောင်ရမ်းခြင်းတွေလျော့ကြစေပြီး သစ်ကြံပိုးခေါက်မှာ ပါဝင်တဲ့ Satiety Hormone က အဆာခံနိုင်စေပါတယ်။သစ်ကြံပိုးခေါက်မှာ ပါဝင်တဲ့ Chemical ဓာတ်တစ်ခုဖြစ်တဲ့ Cinnamaldehyde ဟာ ဆဲလ်တွေကို လှုံဆော်ပေးပြီး ဇီဝရုပ်ဖြစ်ပျက်မှုနှုန်းကို တိုးမြှင့်ပေးပါတယ်။

ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးကို ကော်ဖီသောက်တိုင်း ပြောင်းလဲကျင့်သုံးကြည့်ခြင်းအားဖြင့် အကျင့်ဖြစ်သွားရင် ကျန်းမာရေးကိုလည်း ပိုမိုဂရုစိုက်ပြီးသားဖြစ်ကာ ဝိတ်ကျပြီး အချိုးကျလှပလာကာ မြင်သူတကာ ငေးမောအားကျရတဲ့ ခန္ဓာကိုယ်ကို ရရှိပိုင်ဆိုင်နိုင်မှာပါ။ ဒီလိုလွယ်ကူတဲ့ အစားထိုးမှု ပြုလုပ်ရုံနဲ့ တစ်ချက်ခုတ်နှစ်ချက်ပြတ် အကျိုးကျေးဇူးရရှိမှာဆိုတော့ ဒီနေ့ကစပြီး ပြောင်းလဲကျင့်သုံးကြည့်လိုက်ကြရအောင်။

H.H(Akhayar)

www.akhayar.com