[Zawgyi]

Gym မွာ ႀကီးခ်င္တဲ့ အပိုင္းကိုေရြးမေဆာ့သင့္ေၾကာင္းထူးေအာင္ေျပာျပခဲ့

က်န္းမာေရးေကာင္းေအာင္ Gym ေဆာ့သင့္ေၾကာင္းနဲ႔ ကစားေနၿပီးဝိတ္မက်တာကလည္း ဘာအေၾကာင္းေၾကာင့္ဆိုတာေတြကို ေမာ္ဒယ္သရုပ္ေဆာင္ထူးေအာင္က သူေတြ႔ၾကံဳခဲ့ရတာေတြေပၚမွာ အေျခခံၿပီးအခုလိုေျပာျပထားတာလည္း ျဖစ္ပါတယ္။

Gym ေဆာ့ျခင္းနဲ႔ က်န္းမာေရးဆက္ႏြယ္ပံုအေၾကာင္းကို အခုလိုေျပာပါတယ္။

အားကစားခန္းမကို လာတဲ့သူေတြကရည္ရြယ္ခ်က္အမ်ိဳးမ်ိဳးရွိၾကပါတယ္။ ဝတဲ့သူကပိန္ခ်င္တယ္ ၊ ပိန္တဲ့သူက ဝခ်င္တယ္။ တခ်ိဳ႕ေတြက်ေတာ့လည္း ခႏၶာကိုယ္အခ်ိဳးအစားလွပခ်င္လို႔ သူတို႔ေတြရဲ ႔အဓိကသြားတဲ့ တစ္ခ်က္က က်န္းမာေရးေကာင္းမြန္ခ်င္လို႔ ဆိုတဲ့ အခ်က္တစ္ခ်က္သြားေတြ႕တယ္။ က်န္းမာေရးက ေကာင္းဖို႔ဆိုတာက ကြ်န္ေတာ္တို႔ေကာင္းမြန္စြာေနထိုင္စားေသာက္တတ္ဖုိ႔ လိုအပ္တယ္။ ကြ်န္ေတာ္တို႔ပိန္ခ်င္တယ္ဆိုရင္ အဆီပါတဲ့ အစားအစာေတြကိုေလ်ာ့ၿပီး စားသံုးရမယ္။ပိန္တဲ့သူဆိုရင္လည္း ဝဖို႔အတြက္ဆိုရင္ ခႏၶာကိုယ္အခ်ိဳးအစားညီညႊတ္ဖို႔အတြက္ ဘယ္လိုအစားေတြကို က်န္းမာေရးညီညႊတ္ေအာင္စားရမလဲဆိုတာကို ေလ့လာရမယ္။

ႀကီးခ်င္တဲ့အပိုင္းကိုေရြးေဆာ့တာမွားတယ္ဆိုၿပီးလည္း ေျပာျပခဲ့ပါတယ္။

တခ်ိဳ႕ေတြက်ေတာ့ ႀကီးခ်င္တဲ့အပိုင္းေတြေရြးေဆာ့တတ္တယ္ ေယာက္က်ားေလးေတြမွာပိုေတြ႔ရပါတယ္။ ႀကီးခ်င္တဲ့ အပိုင္းကိုေရြးေဆာ့တာေတြ ၊ အဲ့ဒါမွားပါတယ္။ လက္ေမာင္းႀကီးခ်င္လို႔ ဆိုၿပီးလက္ေမာင္းႀကီးပဲေရြးမေဆာ့ပါနဲ႔ ။ ဘယ္အစိတ္အပိုင္းပဲ ႀကီးခ်င္ႀကီးခ်င္၊ ဘယ္အစိတ္အပိုင္းပဲေသးခ်င္ေသးခ်င္တစ္ကိုယ္လံုးေဆာ့ရပါတယ္။ ေအာက္ပိုင္းထိုင္ရမယ့္ရက္ဆိုရင္ မထိုင္ခ်င္ေတာ့ဘူး ဆိုတာမ်ိဳးနဲ႔ ေက်ာ္လိုက္တာေတြရွိတယ္။ အဲ့ဒါဆိုရင္ Trainer ေတြကေအာ္ၾကတယ္။ ဒါမ်ိဳးေတြေတြ႕ရပါတယ္။ ဘယ္အစိတ္အပိုင္းပဲလွခ်င္လွခ်င္ တစ္ကို္ယ္လံုးေဆာ့ရတယ္ ဆိုတဲ့ အရာတစ္ခုကို တစ္ခ်ိန္က်ရင္ေတာ့သိမွာပါ။ ကြ်န္ေတာ့ခႏၶာကိုယ္မွာ ဘယ္အစိတ္အပိုင္းကို သေဘာက်သလဲ ဆိုရင္တစ္ကိုယ္လံုးကိုသေဘာက်တယ္။ တစ္ကိုယ္လံုးလွေအာင္အျမဲတမ္းေဆာ့ေနတာ။ ကြ်န္ေတာ္လည္း အႀကီးႀကီးျဖစ္ေနတာလည္း မဟုတ္ဘူး ကြ်န္ေတာ့္ခႏၶာကိုယ္အခ်ိဳးအစားလွေအာင္လို႔အျမဲတမ္း ႀကိဳးစားေနသူတစ္ေယာက္ပါ။ ကြ်န္ေတာ္လည္း ဆရာႀကီးေတာ့မဟုတ္ပါဘူး လို႔ေျပာျပခဲ့တာျဖစ္ပါတယ္။

သူကိုယ္တိုင္ Gym ကို ျပင္းျပင္းထန္ထန္ေဆာ့ျဖစ္ခဲ့တဲ့အေၾကာင္းကိုအခုလိုေျပာပါတယ္။

ကြ်န္ေတာ္အနုပညာေလာကကိုစဝင္တဲ့ အခ်ိန္မွာ သူမ်ားေတြကခႏၶာကိုယ္ေတြလွၾကတာကို ေတြ႔ရတယ္ေပါ့ေနာ္။ အဲ့မွာ ကြ်န္ေတာ္ေတြးမိတာက ငါေရာသူတို႔ေတြလိုမျဖစ္နိုင္ဘူးလား ။ငါလည္းရသေလာက္ေတာ့ လုပ္ၾကည့္မယ္ဆိုၿပီးေတာ့ လုပ္တာပါ။ ကြ်န္ေတာ္လည္း အရင္တုန္းက ပိန္တယ္ဗ် ဘာစားစားကိုမဝဘူးဗ်။ တစ္ေန႔ တစ္ေန႔ ထမင္းေတြသာစားတယ္အမ်ားႀကီး ဒါေပမယ့္ဝမလာဘူး။ အဲ့တုန္း တတ္နိုင္သေလာက္လုပ္မယ္ဆိုၿပီး တစ္ရက္ခ်င္းစီ၊ တစ္လခ်င္းစီ ပိုပိုၿပီးေတာ့ေကာင္းေအာင္လုပ္လာတယ္။ ကိုယ္လုပ္ေဆာင္ရမယ့္ တာဝန္ေတြကို တစ္ရက္ခ်င္းစီပ်က္ကြက္လာရင္ေတာ့ ကိုယ္ပဲထိခိုက္တာေပါ့ေနာ္။

အစားအေသာက္က ပိုအေရးႀကီးတယ္ဆိုတာကိုလည္း ရွင္းျပခဲ့ပါေသးတယ္။

Gym ကိုေတာ့ေန႔တိုင္းသြားေနတယ္။ ထူးျခားမလာဘူးဆိုရင္ ကိုယ္စားတဲ့အစားအစာနဲ႔ဆိုင္တယ္ဆုိတာကို သိဖို႔လို႔လိုပါတယ္။ ပံုမွန္လည္း ေဆာ့ေနတယ္ ဝိတ္ကမက်လာပါဘူး ဒါကကိုယ္စားတဲ့ အစာမွာ အဆီမစိမ့္ေတြရယ္၊ ပိုၿပီးေတာ့စားတာေတြရယ္ေၾကာင့္ျဖစ္ပါတယ္။ ကိုယ္စားတာေတြကိုျပန္ေျခေနရတာနဲ႔ပဲ ခႏၶာကိုယ္က ေဆာ့ေနေပမယ့္လို႔ မေျပာင္းလဲတာျဖစ္ပါတယ္ ဆိုၿပီးေတာ့ ရွင္းျပခဲ့တာျဖစ္ပါတယ္။

အရင္ကထူးေအာင္ရဲ ႔ပံု

 

ထူးေအာင္ကို ခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြလည္း က်န္းမာလွပတဲ့ ခႏၶာကိုယ္ကိုပိုင္ဆိုင္ခ်င္တယ္ဆိုရင္ သူေျပာသလိုေလးေတြကို လုပ္ၾကည့္ၾကဦးေနာ္။ လွပတဲ့ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ ေပ်ာ္ရႊင္ေအာင္ျမင္တဲ့ဘဝေတြကို ပိုင္ဆိုင္နိုင္ၾကပါေစေနာ္။

ၾကည္သာ (Akhayar)

Photo Credit: Htoo Aung Facebook

www.akhayar.com

[Unicode]

Gym မှာ ကြီးချင်တဲ့ အပိုင်းကိုရွေးမဆော့သင့်ကြောင်းထူးအောင်ပြောပြခဲ့

ကျန်းမာရေးကောင်းအောင် Gym ဆော့သင့်ကြောင်းနဲ့ ကစားနေပြီးဝိတ်မကျတာကလည်း ဘာအကြောင်းကြောင့်ဆိုတာတွေကို မော်ဒယ်သရုပ်ဆောင်ထူးအောင်က သူတွေ့ကြုံခဲ့ရတာတွေပေါ်မှာ အခြေခံပြီးအခုလိုပြောပြထားတာလည်း ဖြစ်ပါတယ်။

Gym ဆော့ခြင်းနဲ့ ကျန်းမာရေးဆက်နွယ်ပုံအကြောင်းကို အခုလိုပြောပါတယ်။

အားကစားခန်းမကို လာတဲ့သူတွေကရည်ရွယ်ချက်အမျိုးမျိုးရှိကြပါတယ်။ ဝတဲ့သူကပိန်ချင်တယ် ၊ ပိန်တဲ့သူက ဝချင်တယ်။ တချို့တွေကျတော့လည်း ခန္ဓာကိုယ်အချိုးအစားလှပချင်လို့ သူတို့တွေရဲ့အဓိကသွားတဲ့ တစ်ချက်က ကျန်းမာရေးကောင်းမွန်ချင်လို့ ဆိုတဲ့ အချက်တစ်ချက်သွားတွေ့တယ်။ ကျန်းမာရေးက ကောင်းဖို့ဆိုတာက ကျွန်တော်တို့ကောင်းမွန်စွာနေထိုင်စားသောက်တတ်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့ပိန်ချင်တယ်ဆိုရင် အဆီပါတဲ့ အစားအစာတွေကိုလျော့ပြီး စားသုံးရမယ်။ပိန်တဲ့သူဆိုရင်လည်း ဝဖို့အတွက်ဆိုရင် ခန္ဓာကိုယ်အချိုးအစားညီညွှတ်ဖို့အတွက် ဘယ်လိုအစားတွေကို ကျန်းမာရေးညီညွှတ်အောင်စားရမလဲဆိုတာကို လေ့လာရမယ်။

ကြီးချင်တဲ့အပိုင်းကိုရွေးဆော့တာမှားတယ်ဆိုပြီးလည်း ပြောပြခဲ့ပါတယ်။

တချို့တွေကျတော့ ကြီးချင်တဲ့အပိုင်းတွေရွေးဆော့တတ်တယ် ယောက်ကျားလေးတွေမှာပိုတွေ့ရပါတယ်။ ကြီးချင်တဲ့ အပိုင်းကိုရွေးဆော့တာတွေ ၊ အဲ့ဒါမှားပါတယ်။ လက်မောင်းကြီးချင်လို့ ဆိုပြီးလက်မောင်းကြီးပဲရွေးမဆော့ပါနဲ့ ။ ဘယ်အစိတ်အပိုင်းပဲ ကြီးချင်ကြီးချင်၊ ဘယ်အစိတ်အပိုင်းပဲသေးချင်သေးချင်တစ်ကိုယ်လုံးဆော့ရပါတယ်။ အောက်ပိုင်းထိုင်ရမယ့်ရက်ဆိုရင် မထိုင်ချင်တော့ဘူး ဆိုတာမျိုးနဲ့ ကျော်လိုက်တာတွေရှိတယ်။ အဲ့ဒါဆိုရင် Trainer တွေကအော်ကြတယ်။ ဒါမျိုးတွေတွေ့ရပါတယ်။ ဘယ်အစိတ်အပိုင်းပဲလှချင်လှချင် တစ်ကိုယ်လုံးဆော့ရတယ် ဆိုတဲ့ အရာတစ်ခုကို တစ်ချိန်ကျရင်တော့သိမှာပါ။ ကျွန်တော့ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းကို သဘောကျသလဲ ဆိုရင်တစ်ကိုယ်လုံးကိုသဘောကျတယ်။ တစ်ကိုယ်လုံးလှအောင်အမြဲတမ်းဆော့နေတာ။ ကျွန်တော်လည်း အကြီးကြီးဖြစ်နေတာလည်း မဟုတ်ဘူး ကျွန်တော့်ခန္ဓာကိုယ်အချိုးအစားလှအောင်လို့အမြဲတမ်း ကြိုးစားနေသူတစ်ယောက်ပါ။ ကျွန်တော်လည်း ဆရာကြီးတော့မဟုတ်ပါဘူး လို့ပြောပြခဲ့တာဖြစ်ပါတယ်။

သူကိုယ်တိုင် Gym ကို ပြင်းပြင်းထန်ထန်ဆော့ဖြစ်ခဲ့တဲ့အကြောင်းကိုအခုလိုပြောပါတယ်။

ကျွန်တော်အနုပညာလောကကိုစဝင်တဲ့ အချိန်မှာ သူများတွေကခန္ဓာကိုယ်တွေလှကြတာကို တွေ့ရတယ်ပေါ့နော်။ အဲ့မှာ ကျွန်တော်တွေးမိတာက ငါရောသူတို့တွေလိုမဖြစ်နိုင်ဘူးလား ။ငါလည်းရသလောက်တော့ လုပ်ကြည့်မယ်ဆိုပြီးတော့ လုပ်တာပါ။ ကျွန်တော်လည်း အရင်တုန်းက ပိန်တယ်ဗျ ဘာစားစားကိုမဝဘူးဗျ။ တစ်နေ့ တစ်နေ့ ထမင်းတွေသာစားတယ်အများကြီး ဒါပေမယ့်ဝမလာဘူး။ အဲ့တုန်း တတ်နိုင်သလောက်လုပ်မယ်ဆိုပြီး တစ်ရက်ချင်းစီ၊ တစ်လချင်းစီ ပိုပိုပြီးတော့ကောင်းအောင်လုပ်လာတယ်။ ကိုယ်လုပ်ဆောင်ရမယ့် တာဝန်တွေကို တစ်ရက်ချင်းစီပျက်ကွက်လာရင်တော့ ကိုယ်ပဲထိခိုက်တာပေါ့နော်။

အစားအသောက်က ပိုအရေးကြီးတယ်ဆိုတာကိုလည်း ရှင်းပြခဲ့ပါသေးတယ်။

Gym ကိုတော့နေ့တိုင်းသွားနေတယ်။ ထူးခြားမလာဘူးဆိုရင် ကိုယ်စားတဲ့အစားအစာနဲ့ဆိုင်တယ်ဆိုတာကို သိဖို့လို့လိုပါတယ်။ ပုံမှန်လည်း ဆော့နေတယ် ဝိတ်ကမကျလာပါဘူး ဒါကကိုယ်စားတဲ့ အစာမှာ အဆီမစိမ့်တွေရယ်၊ ပိုပြီးတော့စားတာတွေရယ်ကြောင့်ဖြစ်ပါတယ်။ ကိုယ်စားတာတွေကိုပြန်ခြေနေရတာနဲ့ပဲ ခန္ဓာကိုယ်က ဆော့နေပေမယ့်လို့ မပြောင်းလဲတာဖြစ်ပါတယ် ဆိုပြီးတော့ ရှင်းပြခဲ့တာဖြစ်ပါတယ်။

အရင်ကထူးအောင်ရဲ့ပုံ

 

ထူးအောင်ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ချင်တယ်ဆိုရင် သူပြောသလိုလေးတွေကို လုပ်ကြည့်ကြဦးနော်။ လှပတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ပျော်ရွှင်အောင်မြင်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

ကြည်သာ (Akhayar)

Photo Credit: Htoo Aung Facebook

www.akhayar.com