Walking Dead Television Series က TV ထဲကေန အျပင္ေလာကကို Mobile Game တစ္ခုနဲ႔ ထုိးေဖာက္လာဖုိ႔ရွိပါတယ္။ Walking Dead ကေန အခုေနာက္ဆံုးမွာ Walking Dead : Our World အမည္ရတဲ့ Mobile Game တစ္ခုရဲ႕ Trailer ကိုျပသခဲ့ျပီး Trailer အရေတာ့ မႏွစ္ကေအာင္ျမင္ခဲ့တဲ့ Pokémon Go ဂိမ္းလုိမ်ိဳးပဲ တစ္ေနရာနဲ႔ တစ္ေနရာကို ေလွ်ာက္သြားျပီး ေဆာ့ကစားရမယ့္ Augmented Reality ဂိမ္းအမ်ိဳးအစားျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။


Walking Dead : Our World Trailer အရေတာ့ ဂိမ္းဘယ္လိုကစားရမလဲ၊ ဘယ္လုိ Control မ်ိဳးအသံုးျပဳရမလဲဆုိတာကို အေသးစိတ္မေဖာ္ျပသြားေပမယ့္ ဂိမ္းကစားမယ့္သူေတြဟာ ဂိမ္းထဲမွာ ဇြန္ဘီဖုတ္ေကာင္ေတြကို သတ္မွတ္ထားတဲ့ေနရာမွာရွိတဲ့ လက္နက္ေတြကို ရယူျပီးတုိက္ခုိက္ရမွာျဖစ္ပါတယ္။


အခု Walking Dead : Our World ဂိမ္းလုိပဲ Pokémon Go ဂိမ္းကလည္း စတင္ထြက္ရွိခဲ့တဲ့ႏွစ္မွာေတာ့ အလြန္ေအာင္ျမင္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ေဆာ့ကစားသူနည္းပါးသြားျပီပဲျဖစ္ပါတယ္။ Walking Dead TV Series ကလည္း လူၾကည့္မ်ားတဲ့့ Series တစ္ခုျဖစ္ေပမယ့္္ ဂိမ္းအေနနဲ႔ေတာ့ ေအာင္ျမင္မလားဆုိတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရလာလိမ့္မယ္။

Walking Dead : Our World ဂိမ္းက Apple iOS အတြက္ေရာ Android အတြက္ပါထြက္ရွိလာမွာျဖစ္ျပီး ထြက္ရွိမယ့္ ေန႔ရက္အတိအက်ကိုေတာ့ မထုုတ္ျပန္ထားေသးပါဘူး။ Game Trailer ကိုပါ ေဖာ္ျပေပးလုိက္ပါတယ္။

Ref : The Verge

[Unicode]

Walking Dead Television Series က TV ထဲကနေ အပြင်လောကကို Mobile Game တစ်ခုနဲ့ ထိုးဖောက်လာဖို့ရှိပါတယ်။ Walking Dead ကနေ အခုနောက်ဆုံးမှာ Walking Dead : Our World အမည်ရတဲ့ Mobile Game တစ်ခုရဲ့ Trailer ကိုပြသခဲ့ပြီး Trailer အရတော့ မနှစ်ကအောင်မြင်ခဲ့တဲ့ Pokémon Go ဂိမ်းလိုမျိုးပဲ တစ်နေရာနဲ့ တစ်နေရာကို လျှောက်သွားပြီး ဆော့ကစားရမယ့် Augmented Reality ဂိမ်းအမျိုးအစားဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

Walking Dead : Our World Trailer အရတော့ ဂိမ်းဘယ်လိုကစားရမလဲ၊ ဘယ်လို Control မျိုးအသုံးပြုရမလဲဆိုတာကို အသေးစိတ်မဖော်ပြသွားပေမယ့် ဂိမ်းကစားမယ့်သူတွေဟာ ဂိမ်းထဲမှာ ဇွန်ဘီဖုတ်ကောင်တွေကို သတ်မှတ်ထားတဲ့နေရာမှာရှိတဲ့ လက်နက်တွေကို ရယူပြီးတိုက်ခိုက်ရမှာဖြစ်ပါတယ်။

အခု Walking Dead : Our World ဂိမ်းလိုပဲ Pokémon Go ဂိမ်းကလည်း စတင်ထွက်ရှိခဲ့တဲ့နှစ်မှာတော့ အလွန်အောင်မြင်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဆော့ကစားသူနည်းပါးသွားပြီပဲဖြစ်ပါတယ်။ Walking Dead TV Series ကလည်း လူကြည့်များတဲ့ Series တစ်ခုဖြစ်ပေမယ့်် ဂိမ်းအနေနဲ့တော့ အောင်မြင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရလာလိမ့်မယ်။

Walking Dead : Our World ဂိမ်းက Apple iOS အတွက်ရော Android အတွက်ပါထွက်ရှိလာမှာဖြစ်ပြီး ထွက်ရှိမယ့် နေ့ရက်အတိအကျကိုတော့ မထုုတ်ပြန်ထားသေးပါဘူး။ Game Trailer ကိုပါ ဖော်ပြပေးလိုက်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

HGID_KV_Ads_Square