[ZawGyi]

ရန္ကုန္ၿမိဳ႕ရဲ႕ အေကာင္းဆံုး ဒူးရင္းမလိုင္နဲ ႔ဒူးရင္းဘူေဖးရတဲ့ဆိုင္ေလး Wake n’ Bake

ဒီလိုဒူးရင္းသီး လိႈင္လိႈင္ေပါတဲ့ ရာသီမ်ားေရာက္ရင္ ကိုယ္တို႔ ဗမာေတြ အားရပါးရ ေတာင့္တၾကတာ ဒူးရင္းသီးရယ္ သူနဲ႔လုပ္တဲ့ မုန္႔မ်ိဳးစံုပဲမလား။

ဒီိအခ်ိန္ေတာ့ ဒူးရင္းပဲ ဓါတ္ေတြ႕ေနလို႔ လတ္တေလာ ဒူးရင္းသီးနဲ႔ပတ္သက္ရင္ ဒူးရင္း ကိတ္၊ ဒူးရင္း Sandwich ၊ ဒူးရင္း pillow ၊ ဒူးရင္းေဖ်ာ္ရည္ အျပင္ ခုေနာက္ဆံုး ဒူးရင္းမလိုင္ပါ စံုပလံုစိေနေအာင္ရတဲ့ လတ္တေလာနာမည္ႀကီး ဒူးရင္းဆိုင္ေလးဆီ အခရာက ခ်ီတက္ခဲ့ပါေတာ့တယ္။

ဆိုင္ေလးက လူတိုင္းသိၿပီးသားပါ။ “Wake n’ Bake ” တဲ့။ ဒူးရင္းမုန္႔ေတြအေကာင္းဆံုးစားလို႔ရမယ့္ ဆိုင္ေလးေပါ့။ လူတိုင္းမသိေသးတာက သူ႔ဆီမွာ ခုေနာက္ဆံုးထြက္တဲ့ ဒူးရင္းမလိုင္နဲ႔ ဒူးရင္း Elixir ဘူေဖး အဝစားအေၾကာင္းပါ။ စိတ္ဝင္စားသြားၿပီမလား?

ဆိုင္ေလးထဲကို ဝင္လိုက္တာနဲ႔ ဒူးရင္းျခင္းႀကီးေတြဆိုတာ ၄,၅ ျခင္းပံုေနေရာ။ ဒူးရင္းနံ႔ေလးေတြလည္း သင္းလို႔။ ၿပီးေတာ့ မွန္ပံုးေလးေတြနဲ႔ ကိတ္ေတြ၊ မုန္႔ေတြ နဲ႔ တျခားစားေသာက္စရာေလးေတြေရာင္းတယ္။ ဆိုင္ေလးက ၂ ထပ္ရွိတယ္။ အေပၚထပ္ေလးေတြ ထိုင္လို႔ေကာင္းတယ္။

ကိုယ္ကေတာ့ ဒူးရင္းပဲ စိတ္ဝင္စားလို႔ ဒူးရင္းမုန္႔ေတြရဲ႕ ေခၚေဆာင္ရာတျဖည္းျဖည္းပါသြားတာဆိုတာ။ ေရြးရခက္ေနရင္းနဲ႔ပဲ ဘာၾကည့္ၾကည့္ ဒူးရင္းဖတ္ေတြခ်ည္းျမင္ရတဲ့ ဒူးရင္း Sandwich ရယ္၊ သူ႔ဆိုင္ရဲ႕ အေကာင္းဆံုး ဒူးရင္း ေခါင္းအုန္း ေခၚတဲ့ မုန္႔ေလးရယ္၊ နာမည္ႀကီး ေနာက္ဆံုးထြက္ထားတဲ့ ဒူးရင္းမလိုင္ရယ္ မွာစားခဲ့တယ္။

ပထမဆံုးစားေစခ်င္တာက “Wake n Bake” ရဲ႕ ေနာက္ဆံုးထြက္တဲ့ နာမည္ႀကီး ဒူးရင္းမလိုင္ပါ။ တစ္ပြဲလုံး မလိုင္အႏွစ္အဖတ္ေတြ ျပည့္ေနတာကတပိုင္း၊ က်န္တျခမ္းမွာက ဒူးရင္းအႏွစ္အလႊာလိုက္ႀကီးက အျပည့္၊ ႏြားႏို႔ရည္ဆိမ့္ဆိမ့္ေလးနဲ႔ဆိုေတာ့ ေကာင္းခ်က္က လွ်ာပါလည္တယ္။

ရန္ကုန္ၿမိဳ႕ရဲ႕ အေကာင္းဆံုးဒူးရင္းမလိုင္ပါပဲ။ သူ႔ဟာက အခ်ိဳထက္အဆိမ့္ဘက္သြားလို႔ တျခားခ်ိဳအီတဲ့ဟာေတြမစားခင္ ဒူးရင္းမလိုင္အရင္စားမွ အဆင္ေၿပမွာပါ။ ၃၅၀၀ ကေတာ့ တန္ခ်က္ပါပဲ။

ဒုတိယ အႀကိဳက္ဆံုးက ႐ိုးရာမပ်က္ေကာင္းေနဆဲ ဒူးရင္း Elixir ေခၚ Pillow ေလးေတြပါ။ Whipping Cream အေကာင္းစားသံုးထားတယ္။ ဒူးရင္းဖတ္အကိတ္ႀကီးေတြအျပည့္ပါတယ္။ အျပင္ခြံသားေလးဆိမ့္တယ္။ ၿပီးေတာ့ ခပ္ႀကီးႀကီး ၂ခုလံုးမွ ၂၈၀၀ တဲ့။ ၂၀၀၀ တန္လည္းရွိတယ္။ ေရာက္ရင္မျဖစ္မေနစားခဲ့ရမယ့္မုန္႔ပါ။

ေနာက္ဆံုးစားခဲ့တာေတာ့ Durian Sandwich ပါ။ ဒူးရင္းသီး အႏွစ္ေတြအျပည့္ကို Sandwich ေပါင္မုန္႔သားထဲ ၫွပ္ထည့္ထားတာပါ။ ဒါကေတာ့ ဒူးရင္းနဲ႔ ေပါင္မုန္႔အရသာခ်ည္း သီးသန္႔ပါ။ ဒူးရင္းအရသာ ခ်ိဳအီေနတာ ခံစားရမွာပါ။ ၃၀၀၀ ပါတဲ့။

သတင္းေကာင္းတစ္ခုက အပတ္စဥ္ ဒူးရင္းရာသီမကုန္မခ်င္း ၾကာသပေတးနဲ႔ ေသာၾကာေန႔ ညတိုင္း ည ၇ နာရီကေန ည ၁၀ နာရီထိ ဒူးရင္း Elixir Buffet ရွိတယ္တဲ့။ ည ၇ နာရီကေန ၁၀ နာရီထိ ဒူးရင္း Elixir မုန္႔ေလးေတြ ႀကိဳက္သေလာက္အဝစားမွ ၈၈၀၀ က်ပ္နဲ႔ အခ်ိန္လည္း မကန္႔သတ္ထားေတာ့ ေပ်ာ္စရာႀကီးပါပဲ။ ေဆးသာေဆာင္ထားေပေတာ့ပဲ။

“Wake n Bake” ကို တစ္ခုသေဘာက်မိတာက ဒူးရင္းသီးေတြကို အလံုးေကာင္း ခ်ိဳေမႊးေနတဲ့ အသီးေတြခ်ည္း ေသခ်ာေစတနာနဲ႔သံုးထားတာကိုပါပဲ။ စားရတာ တစ္ပြဲဆိုတစ္ပြဲ ေက်နပ္မႈအျပည့္ရေစမွာပါ။

လိပ္စာက အမွတ္ ၉၄၁,A သစၥာလမ္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ဘုရားလမ္းမွတ္တိုင္နားပါ။ အမွတ္ ၉, E (၁) ကမ႓ာေအးဘုရားလမ္း၊ နဝရတ္လမ္းသြယ္၊ မရမ္းကုန္းမွာလည္း ရွိေသးတယ္တဲ့ေနာ္။ ဒူးရင္းဘူေဖးကေတာ့ ညမွရတာေနာ္။ အရသာေကာင္းလြန္းလို႔ ဒူးရင္းခ်စ္သူေတြ မျဖစ္မေနေျပးစားရမယ့္ ဆိုင္ေလးပါလို႔။

EiEiKhineMinn ( Akhayar )
[Unicode]

ရန်ကုန်မြို့ရဲ့ အကောင်းဆုံး ဒူးရင်းမလိုင်နဲ့ဒူးရင်းဘူဖေးရတဲ့ဆိုင်လေး Wake n’ Bake

ဒီလိုဒူးရင်းသီး လှိုင်လှိုင်ပေါတဲ့ ရာသီများရောက်ရင် ကိုယ်တို့ ဗမာတွေ အားရပါးရ တောင့်တကြတာ ဒူးရင်းသီးရယ် သူနဲ့လုပ်တဲ့ မုန့်မျိုးစုံပဲမလား။

ဒီအချိန်တော့ ဒူးရင်းပဲ ဓါတ်တွေ့နေလို့ လတ်တလော ဒူးရင်းသီးနဲ့ပတ်သက်ရင် ဒူးရင်း ကိတ်၊ ဒူးရင်း Sandwich ၊ ဒူးရင်း pillow ၊ ဒူးရင်းဖျော်ရည် အပြင် ခုနောက်ဆုံး ဒူးရင်းမလိုင်ပါ စုံပလုံစိနေအောင်ရတဲ့ လတ်တလောနာမည်ကြီး ဒူးရင်းဆိုင်လေးဆီ အခရာက ချီတက်ခဲ့ပါတော့တယ်။

ဆိုင်လေးက လူတိုင်းသိပြီးသားပါ။ “Wake n’ Bake ” တဲ့။ ဒူးရင်းမုန့်တွေအကောင်းဆုံးစားလို့ရမယ့် ဆိုင်လေးပေါ့။ လူတိုင်းမသိသေးတာက သူ့ဆီမှာ ခုနောက်ဆုံးထွက်တဲ့ ဒူးရင်းမလိုင်နဲ့ ဒူးရင်း Elixir ဘူဖေး အဝစားအကြောင်းပါ။ စိတ်ဝင်စားသွားပြီမလား?

ဆိုင်လေးထဲကို ဝင်လိုက်တာနဲ့ ဒူးရင်းခြင်းကြီးတွေဆိုတာ ၄,၅ ခြင်းပုံနေရော။ ဒူးရင်းနံ့လေးတွေလည်း သင်းလို့။ ပြီးတော့ မှန်ပုံးလေးတွေနဲ့ ကိတ်တွေ၊ မုန့်တွေ နဲ့ တခြားစားသောက်စရာလေးတွေရောင်းတယ်။ ဆိုင်လေးက ၂ ထပ်ရှိတယ်။ အပေါ်ထပ်လေးတွေ ထိုင်လို့ကောင်းတယ်။

ကိုယ်ကတော့ ဒူးရင်းပဲ စိတ်ဝင်စားလို့ ဒူးရင်းမုန့်တွေရဲ့ ခေါ်ဆောင်ရာတဖြည်းဖြည်းပါသွားတာဆိုတာ။ ရွေးရခက်နေရင်းနဲ့ပဲ ဘာကြည့်ကြည့် ဒူးရင်းဖတ်တွေချည်းမြင်ရတဲ့ ဒူးရင်း Sandwich ရယ်၊ သူ့ဆိုင်ရဲ့ အကောင်းဆုံး ဒူးရင်း ခေါင်းအုန်း ခေါ်တဲ့ မုန့်လေးရယ်၊ နာမည်ကြီး နောက်ဆုံးထွက်ထားတဲ့ ဒူးရင်းမလိုင်ရယ် မှာစားခဲ့တယ်။

ပထမဆုံးစားစေချင်တာက “Wake n Bake” ရဲ့ နောက်ဆုံးထွက်တဲ့ နာမည်ကြီး ဒူးရင်းမလိုင်ပါ။ တစ်ပွဲလုံး မလိုင်အနှစ်အဖတ်တွေ ပြည့်နေတာကတပိုင်း၊ ကျန်တခြမ်းမှာက ဒူးရင်းအနှစ်အလွှာလိုက်ကြီးက အပြည့်၊ နွားနို့ရည်ဆိမ့်ဆိမ့်လေးနဲ့ဆိုတော့ ကောင်းချက်က လျှာပါလည်တယ်။

ရန်ကုန်မြို့ရဲ့ အကောင်းဆုံးဒူးရင်းမလိုင်ပါပဲ။ သူ့ဟာက အချိုထက်အဆိမ့်ဘက်သွားလို့ တခြားချိုအီတဲ့ဟာတွေမစားခင် ဒူးရင်းမလိုင်အရင်စားမှ အဆင်ပြေမှာပါ။ ၃၅၀၀ ကတော့ တန်ချက်ပါပဲ။

ဒုတိယ အကြိုက်ဆုံးက ရိုးရာမပျက်ကောင်းနေဆဲ ဒူးရင်း Elixir ခေါ် Pillow လေးတွေပါ။ Whipping Cream အကောင်းစားသုံးထားတယ်။ ဒူးရင်းဖတ်အကိတ်ကြီးတွေအပြည့်ပါတယ်။ အပြင်ခွံသားလေးဆိမ့်တယ်။ ပြီးတော့ ခပ်ကြီးကြီး ၂ခုလုံးမှ ၂၈၀၀ တဲ့။ ၂၀၀၀ တန်လည်းရှိတယ်။ ရောက်ရင်မဖြစ်မနေစားခဲ့ရမယ့်မုန့်ပါ။

နောက်ဆုံးစားခဲ့တာတော့ Durian Sandwich ပါ။ ဒူးရင်းသီး အနှစ်တွေအပြည့်ကို Sandwich ပေါင်မုန့်သားထဲ ညှပ်ထည့်ထားတာပါ။ ဒါကတော့ ဒူးရင်းနဲ့ ပေါင်မုန့်အရသာချည်း သီးသန့်ပါ။ ဒူးရင်းအရသာ ချိုအီနေတာ ခံစားရမှာပါ။ ၃၀၀၀ ပါတဲ့။

သတင်းကောင်းတစ်ခုက အပတ်စဉ် ဒူးရင်းရာသီမကုန်မချင်း ကြာသပတေးနဲ့ သောကြာနေ့ ညတိုင်း ည ၇ နာရီကနေ ည ၁၀ နာရီထိ ဒူးရင်း Elixir Buffet ရှိတယ်တဲ့။ ည ၇ နာရီကနေ ၁၀ နာရီထိ ဒူးရင်း Elixir မုန့်လေးတွေ ကြိုက်သလောက်အဝစားမှ ၈၈၀၀ ကျပ်နဲ့ အချိန်လည်း မကန့်သတ်ထားတော့ ပျော်စရာကြီးပါပဲ။ ဆေးသာဆောင်ထားပေတော့ပဲ။

“Wake n Bake” ကို တစ်ခုသဘောကျမိတာက ဒူးရင်းသီးတွေကို အလုံးကောင်း ချိုမွှေးနေတဲ့ အသီးတွေချည်း သေချာစေတနာနဲ့သုံးထားတာကိုပါပဲ။ စားရတာ တစ်ပွဲဆိုတစ်ပွဲ ကျေနပ်မှုအပြည့်ရစေမှာပါ။

လိပ်စာက အမှတ် ၉၄၁,A သစ္စာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ဘုရားလမ်းမှတ်တိုင်နားပါ။ အမှတ် ၉, E (၁) ကမ္ဘာအေးဘုရားလမ်း၊ နဝရတ်လမ်းသွယ်၊ မရမ်းကုန်းမှာလည်း ရှိသေးတယ်တဲ့နော်။ ဒူးရင်းဘူဖေးကတော့ ညမှရတာနော်။ အရသာကောင်းလွန်းလို့ ဒူးရင်းချစ်သူတွေ မဖြစ်မနေပြေးစားရမယ့် ဆိုင်လေးပါလို့။

EiEiKhineMinn ( Akhayar )