[Zawgyi]

လူငယ္ေတြႀကိဳးစားရင္ ဘာမဆိုျဖစ္ႏိုင္တယ္ဆိုတာကို ျပသလိုက္တဲ႔ “ဥပါယ္တံမ်ဥ္”

လတ္တေလာ ပရိသတ္ေတြၾကားမွာေရပန္းစားေနတဲ့ “ဥပါယ္တံမ်ဥ္”ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ပတ္သက္ၿပီး Myanmar Media 7 & 7 Sense Film Production မွ ကိုေဝမင္းေမာင္က လူငယ္ေတြႀကိဳးစားရင္ဘာမဆိုျဖစ္ႏိုင္တယ္ဆိုတာကို “ဥပါယ္တံမ်ဥ္”ရုပ္ရွင္ဇာတ္ကားႀကီးက သက္ေသျပသြားတယ္လို႔ ဆိုပါတယ္။

လူငယ္ဒါရိုက္တာနဲ႔ သရုပ္ေဆာင္အသစ္ေတြကို ပရိသတ္ေတြနဲ႔ထိေတြ႔ေပးထားတဲ့ “ဥပါယ္တံမ်ဥ္” ရုပ္ရွင္ဇာတ္ကားႀကီးအေပၚကို ကိုေဝမင္းေမာင္က “ ေကာင္းတယ္ ကၽြန္ေတာ္ကေတာ့လက္ခံပါတယ္။ ဘယ္အလုပ္မဆို အေဟာင္းနဲ႔အသစ္ကရွိတယ္။ အခုလက္ရွိအေဟာင္းဆိုတာကလည္း အသစ္ဘဝကေနစတာပါ။ ေျပာင္းလဲျခင္းေတြလည္းရွိလာတဲ့အေပၚကိုလည္း ဒီေျပာင္းလဲျခငး္က ေကာင္းတဲ့ေျပာင္းလဲျခင္းေတြပဲျဖစ္မွာပါ။ ကၽြန္ေတာ္ကေတာ့ အားေပးတယ္။ အသစ္ေတြရဲ႕ႀကိဳးစားမႈေတြ၊ အသစ္ေတြရဲ႕တင္ဆင္မႈေတြကို လက္ခံတယ္။ ဒါကားဆိုရင္လည္း ျမန္မာဇာတ္ကားေတြထဲမွာ ေတာ္ေတာ္ကိုေကာင္းတဲ့ ရုပ္ရွင္ကားတစ္ကားလည္းျဖစ္တယ္။ လူငယ္ေတြအေနနဲ႔လည္း ႀကိဳးစားရင္ႀကိဳးစားသေလာက္ျပန္ရတယ္ဆိုတာကို “ဥပါယ္တံမ်ဥ္”ရုပ္ရွင္ဇာတ္ကားက ျပလုိက္တာပါ။ အရမ္းကိုႀကိဳဆိုတယ္။ ကၽြန္ေတာ္ကိုယ္တိုင္ကလည္း အေဟာင္းနဲ႔အသစ္ၾကားမွာျဖစ္ေနတယ္။ လက္ရွိအႏုပညာေလာကမွာ ေအာင္ျမင္တဲ့သူေတြနဲ႔ မိသားစုေတြလိုအလုပ္ကိုလုပ္ေနတဲ့အျပင္ အသစ္ေတြနဲ႔ကလည္းအလုပ္ေတြလုပ္ေနရတယ္။ ကိုယ္ေတြဖန္တီးလုိက္တဲ့အရာက ေကာင္းတယ္။ အရည္အခ်င္းရွိတယ္ဆိုရင္ေတာ့ ပရိသတ္ေတြက လက္ခံမွာပါ။ အဲဒီအတြက္ ကၽြန္ေတာ္တို႔ကုမၸဏီက အေကာင္းဆံုးျပင္ဆင္ထားတယ္” လို႔ ဆိုပါတယ္။

7 Sense Film Production အေနနဲ႔လည္း ၂၀၁၈ မွာ အကယ္ဒမီေနတိုး၊ ေရႊထူးတို႔နဲ႔အတူ လက္တြဲရိုက္ကူးသြားမွာျဖစ္ကာ ၂၀၁၇ အကယ္ဒမီေပးပြဲအတြက္လည္း ထုတ္လုပ္ေရးက ရုပ္ရွင္ဇာတ္ကား၂ကားပါဝင္တယ္လုိ႔လည္း သိရပါတယ္။ “၂၀၁၇ထဲမွာ ကၽြန္ေတာ္တို႔ထုတ္လုပ္ေရးက ဇာတ္ကားႀကီး၂ကားပါတယ္။ “ေၾကာက္ေၾကာက္ေၾကာက္” ရယ္၊ “ပက္ပက္စက္စက္ညွိဳ႕”နဲ႔ ရွိတယ္။ အကယ္ဒမီအတြက္ ရင္ခုန္မႈကေတာ့ ထုတ္လုပ္ေရးတိုင္းမွာရွိပါတယ္။ ဒီႏွစ္မွာ ကၽြန္ေတာ္တို႔အေနနဲ႔ အမ်ားႀကီးမေမွ်ာ္လင့္ထားပါဘူး။ ပါဝင္ပတ္သက္တဲ့သရုပ္ေဆာင္ေတြနဲ႔ အတတ္ပညာရွင္ေတြေလာက္ပဲ ေမွ်ာ္လင့္လို႔ရပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ဇာတ္ကားကိုက ဟာသသရဲကားလိုပံုစံမ်ိဳး၊ စိတ္ကူးယဥ္ဆန္တဲ့အခ်စ္ဇာတ္လမ္းမ်ိဳးေလးဆိုေတာ့လည္း သိပ္ေတာ့မေမွ်ာ္လင့္ပါဘူး။ ဒီႏွစ္ထဲမွာ တျခားထုတ္လုပ္ေရးကေန အရမ္းကိုေကာင္းတဲ့ဇာတ္ကားေတြကိုလည္း အမ်ားႀကီးေတြ႕ရတယ္” လို႔ အကယ္ဒမီနဲ႔ပတ္သက္ၿပီး ရင္ခုန္မႈကို ကိုေဝမင္းေမာင္ကေျပာပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လူငယ်တွေကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို ပြသလိုက်တဲ့ “ဥပါယ်တံမျဉ်”

လတ်တလော ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ “ဥပါယ်တံမျဉ်”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး Myanmar Media 7 & 7 Sense Film Production မှ ကိုဝေမင်းမောင်က လူငယ်တွေကြိုးစားရင်ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို “ဥပါယ်တံမျဉ်”ရုပ်ရှင်ဇာတ်ကားကြီးက သက်သေပြသွားတယ်လို့ ဆိုပါတယ်။

လူငယ်ဒါရိုက်တာနဲ့ သရုပ်ဆောင်အသစ်တွေကို ပရိသတ်တွေနဲ့ထိတွေ့ပေးထားတဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးအပေါ်ကို ကိုဝေမင်းမောင်က “ ကောင်းတယ် ကျွန်တော်ကတော့လက်ခံပါတယ်။ ဘယ်အလုပ်မဆို အဟောင်းနဲ့အသစ်ကရှိတယ်။ အခုလက်ရှိအဟောင်းဆိုတာကလည်း အသစ်ဘဝကနေစတာပါ။ ပြောင်းလဲခြင်းတွေလည်းရှိလာတဲ့အပေါ်ကိုလည်း ဒီပြောင်းလဲခြင်းက ကောင်းတဲ့ပြောင်းလဲခြင်းတွေပဲဖြစ်မှာပါ။ ကျွန်တော်ကတော့ အားပေးတယ်။ အသစ်တွေရဲ့ကြိုးစားမှုတွေ၊ အသစ်တွေရဲ့တင်ဆင်မှုတွေကို လက်ခံတယ်။ ဒါကားဆိုရင်လည်း မြန်မာဇာတ်ကားတွေထဲမှာ တော်တော်ကိုကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားလည်းဖြစ်တယ်။ လူငယ်တွေအနေနဲ့လည်း ကြိုးစားရင်ကြိုးစားသလောက်ပြန်ရတယ်ဆိုတာကို “ဥပါယ်တံမျဉ်”ရုပ်ရှင်ဇာတ်ကားက ပြလိုက်တာပါ။ အရမ်းကိုကြိုဆိုတယ်။ကျွန်တော်ကိုယ်တိုင်ကလည်း အဟောင်းနဲ့အသစ်ကြားမှာဖြစ်နေတယ်။ လက်ရှိအနုပညာလောကမှာ အောင်မြင်တဲ့သူတွေနဲ့ မိသားစုတွေလိုအလုပ်ကိုလုပ်နေတဲ့အပြင် အသစ်တွေနဲ့ကလည်းအလုပ်တွေလုပ်နေရတယ်။ ကိုယ်တွေဖန်တီးလိုက်တဲ့အရာက ကောင်းတယ်။ အရည်အချင်းရှိတယ်ဆိုရင်တော့ ပရိသတ်တွေက လက်ခံမှာပါ။ အဲဒီအတွက် ကျွန်တော်တို့ကုမ္ပဏီက အကောင်းဆုံးပြင်ဆင်ထားတယ်” လို့ ဆိုပါတယ်။

7 Sense Film Production အနေနဲ့လည်း ၂၀၁၈ မှာ အကယ်ဒမီနေတိုး၊ ရွှေထူးတို့နဲ့အတူ လက်တွဲရိုက်ကူးသွားမှာဖြစ်ကာ ၂၀၁၇ အကယ်ဒမီပေးပွဲအတွက်လည်း ထုတ်လုပ်ရေးက ရုပ်ရှင်ဇာတ်ကား၂ကားပါဝင်တယ်လို့လည်း သိရပါတယ်။ “၂၀၁၇ထဲမှာ ကျွန်တော်တို့ထုတ်လုပ်ရေးက ဇာတ်ကားကြီး၂ကားပါတယ်။ “ကြောက်ကြောက်ကြောက်” ရယ်၊ “ပက်ပက်စက်စက်ညှို့”နဲ့ ရှိတယ်။ အကယ်ဒမီအတွက် ရင်ခုန်မှုကတော့ ထုတ်လုပ်ရေးတိုင်းမှာရှိပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့အနေနဲ့ အများကြီးမမျှော်လင့်ထားပါဘူး။ပါဝင်ပတ်သက်တဲ့သရုပ်ဆောင်တွေနဲ့ အတတ်ပညာရှင်တွေလောက်ပဲ မျှော်လင့်လို့ရပါတယ်။ ကျွန်တော်တို့ရဲ့ဇာတ်ကားကိုက ဟာသသရဲကားလိုပုံစံမျိုး၊ စိတ်ကူးယဉ်ဆန်တဲ့အချစ်ဇာတ်လမ်းမျိုးလေးဆိုတော့လည်း သိပ်တော့မမျှော်လင့်ပါဘူး။ ဒီနှစ်ထဲမှာ တခြားထုတ်လုပ်ရေးကနေ အရမ်းကိုကောင်းတဲ့ဇာတ်ကားတွေကိုလည်း အများကြီးတွေ့ရတယ်” လို့ အကယ်ဒမီနဲ့ပတ်သက်ပြီး ရင်ခုန်မှုကို ကိုဝေမင်းမောင်ကပြောပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။