Rapper ၊ အဆိုေတာ္တစ္ဦးအျဖစ္ ပရိသတ္အားေပးမႈရရွိခဲ႔ျပီး သရုပ္ေဆာင္အျဖစ္ဇာတ္ကားရိုက္ကူးခ်ိန္မွာလည္း ပီျပင္တဲ႔သရုပ္ေဆာင္ခ်က္ေတြနဲ႔ ပရိသတ္ကိုေဖ်ာ္ေျဖႏိုင္ခဲ႔သူ ေဝလ်ွံက သူအရိုက္မ်ားတဲ႔ မိန္းမလ်ာဇာတ္ရုပ္နဲ႔ပတ္သက္ျပီး အခုလိုေျပာျပခဲ႔ပါတယ္။

“ကၽြန္ေတာ္ အရင္ကေတာ႔ မိ္န္းမလ်ာဇာတ္ရုပ္ကို ဆက္တိုက္ရို္က္ခဲ႔တယ္။ ပထမဆံုးမိန္းမလ်ာ ဇာတ္ရုပ္ကေတာ႔ ဒါရိုက္တာေက်ာ္ေဇာလင္းရိုက္ကူးတဲ႔ ရိတ္သိမ္းခြင္႔ဆိုတဲ႔ကားေလးမွာပါ။ ကိုရဲေအာင္ ၊ ကိုျမင္႔ျမတ္တို႔နဲ႔အတူတြဲဖက္ရိုက္ကူးခဲ႔ပါတယ္။ အဓိကက ကိုယ္႔ကိုဗီဒီယိုစရိုက္ေပးတဲ႔ ေအာင္တိုင္းေက်ာ္ကေန ကမ္းလွမ္းတဲ႔အတြက္ အားနာျပီးေတာ႔ ပထမဆံုးစရိုက္ျဖစ္ခဲ႔တာပါ။ ကၽြန္ေတာ္က အဲဒီတုန္းက အဆိုေတာ္လည္းျဖစ္ေတာ႔ တစ္ဖက္မွာကိုယ္႔ရဲ႕ဂီတလမ္းေၾကာင္းကို အေႏွာက္အယွက္မ်ားျဖစ္ေစမလားဆိုျပီးေတာ႔ ရိုက္ရတာစိတ္လည္းမပါဘူး။ Mood လည္းမဝင္ဘူး။ အဲဒီေတာ႔ အိုက္တင္ေတြက အဆင္မေျပဘဲၾကည္႔ရတာ ေတာင္႔ေတာင္႔ၾကီးျဖစ္ေနတယ္။ အဲဒါနဲ႔ ဒါရိုက္တာရယ္ ၊ ကိုရဲေအာင္နဲ႔ကိုျမင္႔ျမတ္တို႔က ကၽြန္ေတာ္႔ကိုသင္ေပးပါတယ္။ သရုပ္ေဆာင္ဆိုတာက ကိုယ္တာဝန္ယူထားတဲ႔ဇာတ္ေကာင္ေနရာကိုပီျပင္ေအာင္ လုပ္ႏိုင္ရမယ္။ ဆိုးေပေတခ်င္လည္း ဆိုးေပေတရမွာပဲ ၊ ေျခာက္ဆိုရင္လည္း ေျခာက္ႏိုင္ရမယ္။ ဒါမွသာ အႏုပညာအစစ္ဆိုျပီး သင္ေပးပါတယ္။ အဲဒီအတြက္ ကၽြန္ေတာ္သရုပ္ေဆာင္ပိုင္းမွာ ၾကိဳးစားတတ္လာပါတယ္” လို႔ေျပာပါတယ္။

အခုအခ်ိန္မွာ မိန္းမလ်ာဇာတ္ရုပ္ေတြကိုနားထားတယ္ဆိုတဲ႔အေၾကာင္းကိုေတာ႔ “ကၽြန္ေတာ္ ေနာက္ပိုင္းဇာတ္ရုပ္ေတြမွာေတာ႔ မိန္းမလ်ာဇာတ္ရုပ္ကိုနားထားပါတယ္။ ပထမဆံုးရိုက္ကူးတဲ႔ မိန္းမလ်ာဇာတ္ရုပ္ေၾကာင္႔ ပရိသတ္အားေပးတာလည္းၾကံဳရတယ္ ၊ ေဝဖန္တာလည္းၾကံဳရတယ္ ၊ သီခ်င္းဆိုတဲ႔အခ်ိန္မွာေတာင္ ဟိုအေျခာက္ေလး သီခ်င္းဆိုေနတယ္လို႔ေျပာတာမ်ိဳး ၾကံဳရပါတယ္။ ကၽြန္ေတာ္က မိန္းမလ်ာဇာတ္ရုပ္ကို ဆက္တိုက္ရိုက္တာမ်ိဳးေတာ႔မဟုတ္ဘူး ၊ တျခားဇာတ္ေကာင္ေတြလည္းရိုက္ပါတယ္။ ဒါေပမဲ႔ ေအာ္ရင္ဂ်င္နယ္ ဂမ္းစတား ၃ တို႔လို သားမက္ေတာ္ ကြက္ေက်ာ္တို႔လို ကားေတြက ရံုတင္တာေနာက္က်ေနေတာ႔ ကိုယ္႔ကိုတျခား ကာရိုက္တာနဲ႔ မျမင္ရသလိုျဖစ္သြားတာပါ။

ဒီႏွစ္အတြင္းေတြမွာ ပဲခူးဆားနဲ႔သူ၏ဗိုင္းရပ္စ္မ်ား ၊ ရိုက္လိုက္ပါဦး ၊ ျပီးေတာ႔ ငါ႔အကယ္ဒမီကားေတြက ေတာက္ေလွ်ာက္ဆိုသလိုထြက္လာေတာ႔ ကၽြန္ေတာ္က မိန္းမလ်ာဇာတ္ရုပ္ၾကီးပဲ ေတာက္ေလွ်ာက္ရိုက္သလိုျဖစ္ေနတယ္။

အခုေတာ႔ မိန္းမလ်ာဇာတ္ရုပ္ကို တစ္ႏွစ္ ႏွစ္ႏွစ္နားထားပါတယ္။ နားထားလို႔ လံုးဝမရိုက္ဘူးလို႔လည္းမဟုတ္ပါဘူး။ ဒီဇာတ္ရုပ္နဲ႔ပရိသတ္ကို မက္ေဆ႔ခ်္ေကာင္းေကာင္းေပးႏိုင္တာမ်ိဳးဆိုရင္ေတာ႔ ရိုက္ပါမယ္။ ျပီးေတာ႔ ကၽြန္ေတာ္က မင္းသားတစ္ေယာက္မဟုတ္ပါဘူး ၊ တိုက္ပိုင္လည္းမရွိပါဘူး။ အဲဒါေၾကာင္႔ ဒါရိုက္တာေတြခိုင္းတဲ႔ ကာရိုက္တာကိုပဲ ၾကိဳးစားခြင္႔ရပါတယ္။ ဒါေၾကာင္႔ တျခားကာရိုက္တာေတြကိုလည္း ၾကိဳးစားခြင္႔ရခ်င္ပါေသးတယ္” လို႔ဖြင္႔ဟပါတယ္။

မိန္းမလ်ာဇာတ္ရုပ္အေပၚ ပရိသတ္ရဲ႕ေဝဖန္မႈနဲ႔ပတ္သက္ျပီးေတာ႔လည္း “မိန္းမလ်ာဇာတ္ရုပ္နဲ႔ပတ္သက္ရင္ ပရိသတ္အားေပးမႈကေတာ႔ ပီျပင္တယ္ ၊ မိန္းကေလးနဲ႔တူတယ္လို႔ေျပာၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ Entertain လုပ္တဲ႔ေနရာမွာ ဇာတ္ေကာင္ေနရာကို အံဝင္ခြင္က်ျဖစ္ေအာင္ သရုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ပီျပင္ေအာင္အရမ္း ၾကိဳးစားထားပါတယ္။ မိန္းမလ်ာဇာတ္ရုပ္အေပၚ တခ်ိဳ႕ပရိသတ္ေတြက အားေပးၾကသလိုတခ်ိဳ႕ကလည္း အဲဒါၾကီးပဲမရိုက္ပါနဲ႔လို႔ေျပာၾကတယ္။  မိန္းမလ်ာဇာတ္ရုပ္အေနနဲ႔ ကၽြန္ေတာ္ေနာက္ဆံုးရိုက္ထားတာက ဝက္ဝက္ကြဲေအာင္ပြင္႔ဆိုတဲ႔ ကားေလးပါ။ လတ္တေလာမွာေတာ႔ ဘူမသိကိုးမသိဆိုတဲ႔ ကားေလးထပ္ထြက္လာဖို႔ရွိပါတယ္” လို႔ေျပာျပခဲ႔ပါတယ္။

www.akhayar.com

Unicode

Rapper ၊ အဆိုတော်တစ်ဦးအဖြစ် ပရိသတ်အားပေးမှုရရှိခဲ့ပြီး သရုပ်ဆောင်အဖြစ်ဇာတ်ကားရိုက်ကူးချိန်မှာလည်း ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်ကိုဖျော်ဖြေနိုင်ခဲ့သူ ဝေလျှံက သူအရိုက်များတဲ့ မိန်းမလျာဇာတ်ရုပ်နဲ့ပတ်သက်ပြီး အခုလိုပြောပြခဲ့ပါတယ်။
“ကျွန်တော် အရင်ကတော့ မိန်းမလျာဇာတ်ရုပ်ကို ဆက်တိုက်ရိုက်ခဲ့တယ်။ ပထမဆုံးမိန်းမလျာ ဇာတ်ရုပ်ကတော့ ဒါရိုက်တာကျော်ဇောလင်းရိုက်ကူးတဲ့ ရိတ်သိမ်းခွင့်ဆိုတဲ့ကားလေးမှာပါ။ ကိုရဲအောင် ၊ ကိုမြင့်မြတ်တို့နဲ့အတူတွဲဖက်ရိုက်ကူးခဲ့ပါတယ်။ အဓိကက ကိုယ့်ကိုဗီဒီယိုစရိုက်ပေးတဲ့ အောင်တိုင်းကျော်ကနေ ကမ်းလှမ်းတဲ့အတွက် အားနာပြီးတော့ ပထမဆုံးစရိုက်ဖြစ်ခဲ့တာပါ။ ကျွန်တော်က အဲဒီတုန်းက အဆိုတော်လည်းဖြစ်တော့ တစ်ဖက်မှာကိုယ့်ရဲ့ဂီတလမ်းကြောင်းကို အနှောက်အယှက်များဖြစ်စေမလားဆိုပြီးတော့ ရိုက်ရတာစိတ်လည်းမပါဘူး။ Mood လည်းမဝင်ဘူး။ အဲဒီတော့ အိုက်တင်တွေက အဆင်မပြေဘဲကြည့်ရတာ တောင့်တောင့်ကြီးဖြစ်နေတယ်။ အဲဒါနဲ့ ဒါရိုက်တာရယ် ၊ ကိုရဲအောင်နဲ့ကိုမြင့်မြတ်တို့က ကျွန်တော့်ကိုသင်ပေးပါတယ်။ သရုပ်ဆောင်ဆိုတာက ကိုယ်တာဝန်ယူထားတဲ့ဇာတ်ကောင်နေရာကိုပီပြင်အောင် လုပ်နိုင်ရမယ်။ ဆိုးပေတေချင်လည်း ဆိုးပေတေရမှာပဲ ၊ ခြောက်ဆိုရင်လည်း ခြောက်နိုင်ရမယ်။ ဒါမှသာ အနုပညာအစစ်ဆိုပြီး သင်ပေးပါတယ်။ အဲဒီအတွက် ကျွန်တော်သရုပ်ဆောင်ပိုင်းမှာ ကြိုးစားတတ်လာပါတယ်” လို့ပြောပါတယ်။
အခုအချိန်မှာ မိန်းမလျာဇာတ်ရုပ်တွေကိုနားထားတယ်ဆိုတဲ့အကြောင်းကိုတော့ “ကျွန်တော် နောက်ပိုင်းဇာတ်ရုပ်တွေမှာတော့ မိန်းမလျာဇာတ်ရုပ်ကိုနားထားပါတယ်။ ပထမဆုံးရိုက်ကူးတဲ့ မိန်းမလျာဇာတ်ရုပ်ကြောင့် ပရိသတ်အားပေးတာလည်းကြုံရတယ် ၊ ဝေဖန်တာလည်းကြုံရတယ် ၊ သီချင်းဆိုတဲ့အချိန်မှာတောင် ဟိုအခြောက်လေး သီချင်းဆိုနေတယ်လို့ပြောတာမျိုး ကြုံရပါတယ်။ ကျွန်တော်က မိန်းမလျာဇာတ်ရုပ်ကို ဆက်တိုက်ရိုက်တာမျိုးတော့မဟုတ်ဘူး ၊ တခြားဇာတ်ကောင်တွေလည်းရိုက်ပါတယ်။ ဒါပေမဲ့ အော်ရင်ဂျင်နယ် ဂမ်းစတား ၃ တို့လို သားမက်တော် ကွက်ကျော်တို့လို ကားတွေက ရုံတင်တာနောက်ကျနေတော့ ကိုယ့်ကိုတခြား ကာရိုက်တာနဲ့ မမြင်ရသလိုဖြစ်သွားတာပါ။
ဒီနှစ်အတွင်းတွေမှာ ပဲခူးဆားနဲ့သူ၏ဗိုင်းရပ်စ်များ ၊ ရိုက်လိုက်ပါဦး ၊ ပြီးတော့ ငါ့အကယ်ဒမီကားတွေက တောက်လျှောက်ဆိုသလိုထွက်လာတော့ ကျွန်တော်က မိန်းမလျာဇာတ်ရုပ်ကြီးပဲ တောက်လျှောက်ရိုက်သလိုဖြစ်နေတယ်။
အခုတော့ မိန်းမလျာဇာတ်ရုပ်ကို တစ်နှစ် နှစ်နှစ်နားထားပါတယ်။ နားထားလို့ လုံးဝမရိုက်ဘူးလို့လည်းမဟုတ်ပါဘူး။ ဒီဇာတ်ရုပ်နဲ့ပရိသတ်ကို မက်ဆေ့ချ်ကောင်းကောင်းပေးနိုင်တာမျိုးဆိုရင်တော့ ရိုက်ပါမယ်။ ပြီးတော့ ကျွန်တော်က မင်းသားတစ်ယောက်မဟုတ်ပါဘူး ၊ တိုက်ပိုင်လည်းမရှိပါဘူး။ အဲဒါကြောင့် ဒါရိုက်တာတွေခိုင်းတဲ့ ကာရိုက်တာကိုပဲ ကြိုးစားခွင့်ရပါတယ်။ ဒါကြောင့် တခြားကာရိုက်တာတွေကိုလည်း ကြိုးစားခွင့်ရချင်ပါသေးတယ်” လို့ဖွင့်ဟပါတယ်။

မိန်းမလျာဇာတ်ရုပ်အပေါ် ပရိသတ်ရဲ့ဝေဖန်မှုနဲ့ပတ်သက်ပြီးတော့လည်း
“မိန်းမလျာဇာတ်ရုပ်နဲ့ပတ်သက်ရင် ပရိသတ်အားပေးမှုကတော့ ပီပြင်တယ် ၊ မိန်းကလေးနဲ့တူတယ်လို့ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် Entertain လုပ်တဲ့နေရာမှာ ဇာတ်ကောင်နေရာကို အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပီပြင်အောင်အရမ်း ကြိုးစားထားပါတယ်။ မိန်းမလျာဇာတ်ရုပ်အပေါ် တချို့ပရိသတ်တွေက အားပေးကြသလိုတချို့ကလည်း အဲဒါကြီးပဲမရိုက်ပါနဲ့လို့ပြောကြတယ်။  မိန်းမလျာဇာတ်ရုပ်အနေနဲ့ ကျွန်တော်နောက်ဆုံးရိုက်ထားတာက ဝက်ဝက်ကွဲအောင်ပွင့်ဆိုတဲ့ ကားလေးပါ။ လတ်တလောမှာတော့ ဘူမသိကိုးမသိဆိုတဲ့ ကားလေးထပ်ထွက်လာဖို့ရှိပါတယ်” လို့ပြောပြခဲ့ပါတယ်။

www.akhayar.com