[Zawgyi]

ဂ်ပန္ေရာက္လားထင္မွတ္မွားရမယ့္ ၃၂လမ္းထဲက လ်ိဳ႕ဝွက္ဂ်ပန္ဆိုင္ေလး

ဂ်ပန္စာဆို ဘာႀကိဳက္ၾကလဲဗ်ိဳ႕?

ဆူရွီလား၊ ဆာရွိမိလား၊ အဲ့ဒါေတြထက္ပိုၿပီး ဗမာေတြအႀကိဳက္ျဖစ္မယ့္အစားအစာေလး အခရာက ေတြ႕ရွိထားတာကေတာ့ Ramen..Ramen..Ramen ပါပဲရွင့္။

Ramen ထဲကမွ ဂ်ပန္မွာစားေနရသလိုခံစားရမယ့္ Ramen ေကာင္းေကာင္းရတဲ့ဆိုင္ေလး ေတြ႕ထားလို႔။ ေကာင္းဆို ဘာမွေျပာစရာအပိုအလိုမရွိကြက္တိ။

ဆိုင္ေလးကလည္း လ်ိဳ႕ဝွက္ဖြင့္ထားသလို ၃၂လမ္း၊ အေပၚဘေလာက္ထဲမွာ တကယ့္ေသးေသးေလး။ အေပၚထပ္၊ ေအာက္ထပ္၂ထပ္ရွိတယ္။ အေပၚထပ္ေလးက စားပြဲခံုပုေလးေတြနဲ႔ ပုဆစ္တုပ္ထိုင္ရတာ။ အဲ့အေပၚမွာထိုင္မိရင္ ကိုယ္ရန္ကုန္မွာဆိုတာ ခနေလးေမ့သြားမယ္။

Ramen ၄ မ်ိဳးေလာက္ရတယ္။ တျခား ထမင္း Set ေတြ၊ တန္ပူရာေၾကာ္ေတြနဲ႔ ဂ်ပန္အစားအစာေတြရတယ္။

မွာလိုက္မိတဲ့ထဲက အေကာင္းဆံုးလို႔ ခံစားရတာ Spicy Ramen ပဲ။ Ramen ထဲမွာ ၾကက္ဥ၊ မွ်စ္ႏု၊ ေရညွိဖတ္ေတြ၊ ႏွမ္းနဲ႔ ၾကက္သြန္ၿမိတ္ဖတ္ေလးေတြကို ႏွမ္းဆီနံ႔သင္းေနတဲ့ Ramen အရည္စပ္စပ္ေလးနဲ႔ အိုးး….စားေကာင္းလိုက္တာဆိုတာ ဒီ Ramen အရသာက တကယ္ လွ်ာေပၚဆြဲပဲ။ ၅၅၀၀ တဲ့။

ၾကက္ဥလိပ္ေလးကေတာ့ ပူပူေလး။ အျပင္ပန္းက အိအိေလးနဲ႔ အထဲကေတာ့ အႏွစ္ေလးေတြ ေပ်ာ္က်ေနတာ။ ေလးဆိမ့္ဆိမ့္ေလးနဲ႔ စားေကာင္းတယ္။ ၂၈၀၀ တဲ့။

ဒီမွာနာမည္ႀကီးတဲ့ထဲ ေဂၚဖီရယ္၊ ဝက္သားနဲ႔ ၾကက္ဥေရာေၾကာ္ထားတဲ့ Omelette ေလးလည္းရွိတယ္။ Mayonnaise ေလးနဲ႔ အိဆိမ့္ေနတာပဲ။ သူက် ၃၈၀၀ တဲ့။

ဆိုင္ေရာက္လို႔ ဘာစားရမလဲ အၾကံအိုက္ေနရင္ေတာ့ မစားမခ်င္စားေစခ်င္တာေလးေတြဆို-
(၁) Ramen
(၂) ၾကက္ဥလိပ္
(၃) ၾကက္သားအခ်ိဳေၾကာ္
(၄) Pork Omelette
(၅)ၾကက္ဆာေတးနဲ႔
(၆) ဝက္သားဂ်င္းအခ်ိဳခ်က္ေလးေတြ စားလို႔ေကာင္းတယ္ေနာ္။

ေစ်းက အတန္ႀကီးမဟုတ္သလို ေစ်းအႀကီးႀကီးလို႔လည္း ေျပာလို႔မရဘူး။

လူအမ်ားႀကီးမဆန္႔သလို က်ယ္က်ယ္ျပန္႔ျပန္႔လည္းမရွိဘူး။ ဒါေပမယ့္ ရန္ကုန္မွာေနရင္းကို ဂ်ပန္အေငြ႕အသက္ေတြ အမ်ားႀကီး ပ်ံ႕လြင့္ေနတဲ့ ဒီဆိုင္ေလးက ဂ်ပန္စာေကာင္းေကာင္း၊ Ramen ေကာင္းေကာင္းႀကိဳက္တဲ့သူေတြကို ၫႊန္ခ်င္ပါတယ္။

ဆိုင္နာမည္ေလးက Wabi Sabi တဲ့။ အမွတ္ ၂၂၅၊ ၃၂ လမ္း အေပၚဘေလာက္မွာရွိပါတယ္။ မနက္ ၁၁ နာရီခြဲကေန ည ၁၀ နာရီခြဲထိဖြင့္တယ္။ အပိုမေျပာဘူး။ Ramen ေကာင္းေကာင္းကို ဂ်ပန္မွာစားရသလိုစားဖို႔ဆို ဒီဆိုင္ေလးက ရွယ္ပါပဲဗ်ိဳ႕။

[Unicode]

ဂျပန်ရောက်လားထင်မှတ်မှားရမယ့် ၃၂လမ်းထဲက လျို့ဝှက်ဂျပန်ဆိုင်လေး

ဂျပန်စာဆို ဘာကြိုက်ကြလဲဗျို့?

ဆူရှီလား၊ ဆာရှိမိလား၊ အဲ့ဒါတွေထက်ပိုပြီး ဗမာတွေအကြိုက်ဖြစ်မယ့်အစားအစာလေး အခရာက တွေ့ရှိထားတာကတော့ Ramen..Ramen..Ramen ပါပဲရှင့်။

Ramen ထဲကမှ ဂျပန်မှာစားနေရသလိုခံစားရမယ့် Ramen ကောင်းကောင်းရတဲ့ဆိုင်လေး တွေ့ထားလို့။ ကောင်းဆို ဘာမှပြောစရာအပိုအလိုမရှိကွက်တိ။

ဆိုင်လေးကလည်း လျို့ဝှက်ဖွင့်ထားသလို ၃၂လမ်း၊ အပေါ်ဘလောက်ထဲမှာ တကယ့်သေးသေးလေး။ အပေါ်ထပ်၊ အောက်ထပ်၂ထပ်ရှိတယ်။ အပေါ်ထပ်လေးက စားပွဲခုံပုလေးတွေနဲ့ ပုဆစ်တုပ်ထိုင်ရတာ။ အဲ့အပေါ်မှာထိုင်မိရင် ကိုယ်ရန်ကုန်မှာဆိုတာ ခနလေးမေ့သွားမယ်။

Ramen ၄ မျိုးလောက်ရတယ်။ တခြား ထမင်း Set တွေ၊ တန်ပူရာကြော်တွေနဲ့ ဂျပန်အစားအစာတွေရတယ်။

မှာလိုက်မိတဲ့ထဲက အကောင်းဆုံးလို့ ခံစားရတာ Spicy Ramen ပဲ။ Ramen ထဲမှာ ကြက်ဥ၊ မျှစ်နု၊ ရေညှိဖတ်တွေ၊ နှမ်းနဲ့ ကြက်သွန်မြိတ်ဖတ်လေးတွေကို နှမ်းဆီနံ့သင်းနေတဲ့ Ramen အရည်စပ်စပ်လေးနဲ့ အိုးး….စားကောင်းလိုက်တာဆိုတာ ဒီ Ramen အရသာက တကယ် လျှာပေါ်ဆွဲပဲ။ ၅၅၀၀ တဲ့။

ကြက်ဥလိပ်လေးကတော့ ပူပူလေး။ အပြင်ပန်းက အိအိလေးနဲ့ အထဲကတော့ အနှစ်လေးတွေ ပျော်ကျနေတာ။ လေးဆိမ့်ဆိမ့်လေးနဲ့ စားကောင်းတယ်။ ၂၈၀၀ တဲ့။

ဒီမှာနာမည်ကြီးတဲ့ထဲ ဂေါ်ဖီရယ်၊ ဝက်သားနဲ့ ကြက်ဥရောကြော်ထားတဲ့ Omelette လေးလည်းရှိတယ်။ Mayonnaise လေးနဲ့ အိဆိမ့်နေတာပဲ။ သူကျ ၃၈၀၀ တဲ့။

ဆိုင်ရောက်လို့ ဘာစားရမလဲ အကြံအိုက်နေရင်တော့ မစားမချင်စားစေချင်တာလေးတွေဆို-
(၁) Ramen
(၂) ကြက်ဥလိပ်
(၃) ကြက်သားအချိုကြော်
(၄) Pork Omelette
(၅)ကြက်ဆာတေးနဲ့
(၆) ဝက်သားဂျင်းအချိုချက်လေးတွေ စားလို့ကောင်းတယ်နော်။

ဈေးက အတန်ကြီးမဟုတ်သလို ဈေးအကြီးကြီးလို့လည်း ပြောလို့မရဘူး။

လူအများကြီးမဆန့်သလို ကျယ်ကျယ်ပြန့်ပြန့်လည်းမရှိဘူး။ ဒါပေမယ့် ရန်ကုန်မှာနေရင်းကို ဂျပန်အငွေ့အသက်တွေ အများကြီး ပျံ့လွင့်နေတဲ့ ဒီဆိုင်လေးက ဂျပန်စာကောင်းကောင်း၊ Ramen ကောင်းကောင်းကြိုက်တဲ့သူတွေကို ညွှန်ချင်ပါတယ်။

ဆိုင်နာမည်လေးက Wabi Sabi တဲ့။ အမှတ် ၂၂၅၊ ၃၂ လမ်း အပေါ်ဘလောက်မှာရှိပါတယ်။ မနက် ၁၁ နာရီခွဲကနေ ည ၁၀ နာရီခွဲထိဖွင့်တယ်။ အပိုမပြောဘူး။ Ramen ကောင်းကောင်းကို ဂျပန်မှာစားရသလိုစားဖို့ဆို ဒီဆိုင်လေးက ရှယ်ပါပဲဗျို့။