[Zawgyi]



Kendall Jenner

Kendall Jenner

Kendall Jenner

Kendall Jenner


Kendall Jenner

Kendall Jenner

Kendall Jenner

Kendall Jenner


Kendall Jenner

Kendall Jenner


Kendall Jenner

Kendall Jenner


Kendall Jenner

Kendall Jenner


Kendall Jenner

Kendall Jenner



Su  Yi Htet (Akhayar)

[Unicode]

Victoria’s Secret Fashion Show လျှောက်လမ်းပေါ်က Kendall Jenner ရဲ့ ဝတ်စုံများ

Victoria’s Secret 2018 Fashion Show ကို နိုဝင်ဘာလ ၈ ရက်နေ့က နယူးယောက်ခ်မြို့မှာ နာမည်ကျော် စူပါမော်ဒယ်လ်တွေနဲ့ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ဒီနှစ် Victoria’s Secret 2018 Fashion Show ရှိုးပွဲမှာဆိုရင် နာမည်ကျော် စူပါမော်ဒယ်လ်တွေ နှစ်စဉ်အစဉ်အလာမပျက်ပါဝင်ခဲ့သလို Kendall Jenner တစ်ယောက်လည်း VS Runway ပေါ်ကို တကျော့ပြန် ပြန်လည်ခြေချလာပြီဖြစ်ပါတယ်။ Kendall Jenner ဟာ သူမရဲ့ La Perla Contract ကြောင့် တစ်နှစ်နှုတ်ထွက်ထားရတာကနေ ဒီနှစ်မှာ ပြန်လည် ပါဝင်ခဲ့တာပါ။

Kendall Jenner

Kendall Jenner

Kendall Jenner

Kendall Jenner

ဒီနှစ် Show မှာတော့ Kendall Jenner က ဝတ်စုံနှစ်မျိုးကို ဝတ်ဆင်ခဲ့ပြီးတော့ ပထမ တစ်စုံက အနက်ရောင် Lingerie ဝမ်းဆက်၊အနက်ရောင်တောင်ပံမှာ ကြယ်တွေနဲ့ အလှဆင်ထားတဲ့ ဝတ်စုံဖြစ်ပါတယ်။

Kendall Jenner

Kendall Jenner

Kendall Jenner

Kendall Jenner

နောက်တစ်စုံက အကွက် Lingerie Set ဖြစ်ပြီးတော့ အနီရောင်စကပ်အကွက် အပေါ်က ထပ်ထားသလို အောက်နားမှာ အကွက်နောက်တွဲအမြီးပုံစံကိုပါ ဆက်ထားတာ တွေ့ရမှာပါ။

Kendall Jenner

Kendall Jenner

ဒီနှစ် Show ဟာ Kendall Jenner သုံးကြိမ်မြောက်ပါဝင်လျှောက်ခဲ့တဲ့ Show ဖြစ်ပြီးတော့ စစချင်း VS Show မှာ Kendall ပါခဲ့တာ ၂၀၁၅ ခုနှစ်တုန်းကဖြစ်ပါတယ်။

Kendall Jenner

Kendall Jenner

အဲဒီတုန်းကတော့ အပြာဖျော့ Lingerie Set နဲ့ ရောင်စုံ Rainbow ဆန်ဆန် Corset ပုံစံ Two-piece ကို ဝတ်ဆင်ခဲ့တာပါ။

Kendall Jenner

Kendall Jenner

ဒုတိယမြောက် ပါဝင်ခဲ့တဲ့ 2016 Victoria’s Secret Show မှာ Kendall ဝတ်ခဲ့တဲ့ ပထမဝတ်စုံက အဖြူနဲ့ အနက် Two-Piece Set ဖြစ်ပြီးတော့ အနက်ရောင် ငှက်မွှေးတောင်ပံနဲ့ ဒေါက်ဖိနပ် တွဲဖက်ထားတဲ့ ဝတ်စုံဖြစ်ပါတယ်။

Kendall Jenner

Kendall Jenner

ဒုတိယဝတ်စုံကတော့ အနီရောင် Lingerie ဝမ်းဆက်ကိုမှ ခပ်ကြီးကြီး မိုးပြာရောင်နဲ့အနီရောင် ရောစပ်ထားတဲ့ Turquoise Wing နဲ့ တွဲဖက်ထားတာပါ။

Kendall Jenner ဝတ်ဆင်ခဲ့တဲ့ဝတ်စုံတွေထဲက ဘယ်ဝတ်စုံကို အကြိုက်ဆုံးဖြစ်လဲဆိုတာ ရွေးကြည့်လိုက်ပါဦးနော်။

Su Yi Htet (Akhayar)