[Zawgyi]

Apple ရဲ႕ Face ID ကိုယွဥ္ၿပိဳင္သြားမယ့္ Vivo ရဲ႕ 3D Sensing နည္းပညာ

Android Smartphone ေတြရဲ႕ ေရွ႕ေျပးလို႔ပဲ တင္စားရမလား နည္းပညာသစ္ေတြ ဆက္တိုက္မိတ္ဆက္ေပးေနတာ Vivo ပဲ ျဖစ္ပါတယ္။ Under Display Fingerprint Sensor ပါၿပီး Bezel Less Display သုံးထားတဲ့ “Nex” Smartphone မိတ္ဆက္ထားတာ ပူပူေႏြးေႏြးပဲ ရွိပါေသးတယ္။ မၾကာေသးခင္ကလည္း 5G အသုံးျပဳႏိုင္မယ့္ 5G mm-Wave Antenna Arrays နည္းပညာကို Vivo က ပထမဦးဆုံး Qualcomm နဲ႔ ပူးတြဲ ဖန္တီးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အခုဆိုရင္ Apple ရဲ႕ Face ID ထက္ေတာင္ ပိုၿပီး ေစ့ေစ့ေပါက္ေပါက္ လုပ္ထားတယ္လို႔ ေျပာရေလာက္ေအာင္ TOF 3D Sensing  နည္းပညာကို AI (Artificial Intelligent) နည္းပညာနဲ႔ ဖန္တီးလိုက္ၿပီ ျဖစ္ပါတယ္။

Vivo’s Nex Smartphone

iPhone X ရဲ႕ Face ID မွာ သုံးခဲ့တဲ့ Sensor Point အေရတြက္ထက္ ၁၀ ဆ ပိုမ်ားတဲ့ 3D depth-sensing System သုံးထားၿပီး Sensor Point ေပါင္း ၃၀၀,၀၀၀ ပါဝင္မွာပါ။ Vivo ရဲ႕ Idea ဟာ Sensor ကို Selfie ကင္မရာေအာက္ ျမဳပ္ႏွံထားမွာျဖစ္ၿပီး Facial Recognition လုပ္ဖို႔ Sensor က အလင္းလႈိင္းတစ္ခု ထုတ္လႊတ္ေပးလိုက္မွာပါ။ ဒီ အလင္းလႈိင္းဟာ မ်က္ႏွာကို ဖတ္ေနတဲ့အေလွ်ာက္ Sensor ဆီ တုံ႔ျပန္မႈရွိေနမွာ ျဖစ္တဲ့အတြက္ အလင္းလႈိင္း Sensor ဆီ ျပန္ေရာက္ခ်ိန္ TOF (Time of Flight ) ကို တြက္ခ်က္ၿပီး 3D depth-sensing System က မွတ္သားေပးမွာျဖစ္ပါတယ္။

Structure Light Technology

ဒီလို Facial Recognition လုပ္နိင္တဲ့ နည္းပညာကို “Structured Light” နည္းပညာလို႔ သိပၸံနယ္ပယ္မွာ သုံးစြဲေလ့ရွိၿပီး ဒါကို OPPO အေနနဲ႔ ကုမၸဏီရဲ႕ 2018 ထုတ္ Smartphone ေတြမွာ ထည့္သြင္းသြားဖို႔ အစီအစဥ္ရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ လက္ေတြ႕မွာ ခက္ခဲတဲ့နည္းပညာ စိန္ေခၚမႈေတြ ရွိေနတဲ့အတြက္ Smartphone ထုတ္လုပ္သူ အမ်ားစု ဒီနည္းပညာပိုင္းမွာ မစြန္႔စားခ်င္ၾကတာ ျဖစ္ပါတယ္။

ဒီတစ္ပတ္ထဲ Shanghai ၿမိဳ႕မွာ ျပဳလုပ္သြားတဲ့ MWC ပြဲမွာေတာ့ Vivo က TOF 3D Sensor သ႐ုပ္ျပပြဲျပဳလုပ္ခဲ့ၿပီး Android Smartphone ထုတ္လုပ္သူအားလုံးထဲမွာ ေရွ႕ဆုံးက ဦးေဆာင္ေနသလို Apple ရဲ႕ Face ID ကို တိုက္႐ိုက္ယွဥ္ၿပိဳင္သြားေတာ့မယ့္ နည္းပညာကုမၸဏီ ျဖစ္လာခဲ့ပါတယ္။ တစ္ျခား Facial Recognition လုပ္ႏိုင္တဲ့ Biometric Scanning နည္းပညာနဲ႔ Portrait Selfies ႐ိုက္ကူးႏိုင္တဲ့ Application ေတြထက္ TOF 3D Sensing နည္းပညာဟာ Gesture နဲ႔ Motion Recognition ေတြ ေထာက္လွမ္းႏိုင္ဦးမွာပါ။ သ႐ုပ္ျပသြားတဲ့ထဲမွာ ၃ မီတာ အကြာေဝးထိ 3D Sensor အလုပ္လုပ္မွာ ျဖစ္သလို တစ္ျခား အရာဝတၳဳေတြ Scan ဖတ္တဲ့အခါ Augmented Reality (AR) Application ကို သုံးႏိုင္ဦးမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Vivo-booth-at-MWC-Shanghai-2018

Vivo ရဲ႕ Senior Executive ျဖစ္သူ Alex Feng က “TOF 3D Sensing နည္းပညာကို A.I နည္းပညာနဲ႔ ေပါင္းစပ္ၿပီး အနာဂတ္ခရီး ခ်ဲ႕ထြင္သြားေတာ့မွာပါ။” လို႔ နည္းပညာ တစ္ေခတ္ဆန္းသြားဦးမယ့္ Vivo ရဲ႕ Ideas ကို လွစ္ဟျပခဲ့ပါေသးတယ္။ ဒါကေတာ့ ဥာဏ္ရည္တု A.I အတြက္ အလွအပနဲ႔ ပတ္သက္လို႔ လူခႏၶာကိုယ္တစ္ခုလုံးကို Scan ဖတ္စစ္ေဆးၿပီး ေက်ာ့ရွင္းလွပတဲ့ ခႏၶာကိုယ္အလွကို A.I က ဖန္တီးႏိုင္ဖို႔ သင္ၾကားေစမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္နဲ႔ လိုက္ဖက္မယ့္ အဝတ္အစားေတြပါ တြဲဝတ္ႏိုင္ဖို႔ TOF 3D Sensing နည္းပညာကို A.I နဲ႔ ေလ့လာသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Vivo က မိတ္ဆက္လိုက္တဲ့ TOF 3D Sensor နည္းပညာဟာ “သီအိုရီ တစ္ခုအတြက္ သာမန္သက္ေသျပခ်က္ေတာင္ မဟုတ္ေတာ့ပါဘူး” ကြၽမ္းက်င္သူေတြရဲ႕ ခ်ီးက်ဴးမႈရထားတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ဒီနည္းပညာကို Smartphone ေတြမွာ ဘယ္အခ်ိန္အသုံးျပဳသြားမယ္လို႔ ေျပာၾကားထားျခင္းမရွိေသးပါဘူး။

Kyaw Zaw (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Apple ရဲ့ Face ID ကိုယှဥ်ပြိုင်သွားမယ့် Vivo ရဲ့ 3D Sensing နည်းပညာ

Android Smartphone တွေရဲ့ ရှေ့ပြေးလို့ပဲ တင်စားရမလား နည်းပညာသစ်တွေ ဆက်တိုက်မိတ်ဆက်ပေးနေတာ Vivo ပဲ ဖြစ်ပါတယ်။ Under Display Fingerprint Sensor ပါပြီး Bezel Less Display သုံးထားတဲ့ “Nex” Smartphone မိတ်ဆက်ထားတာ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။ မကြာသေးခင်ကလည်း 5G အသုံးပြုနိုင်မယ့် 5G mm-Wave Antenna Arrays နည်းပညာကို Vivo က ပထမဦးဆုံး Qualcomm နဲ့ ပူးတွဲ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် Apple ရဲ့ Face ID ထက်တောင် ပိုပြီး စေ့စေ့ပေါက်ပေါက် လုပ်ထားတယ်လို့ ပြောရလောက်အောင် TOF 3D Sensing  နည်းပညာကို AI (Artificial Intelligent) နည်းပညာနဲ့ ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။

Vivo’s Nex Smartphone

iPhone X ရဲ့ Face ID မှာ သုံးခဲ့တဲ့ Sensor Point အရေတွက်ထက် ၁၀ ဆ ပိုများတဲ့ 3D depth-sensing System သုံးထားပြီး Sensor Point ပေါင်း ၃၀၀,၀၀၀ ပါဝင်မှာပါ။ Vivo ရဲ့ Idea ဟာ Sensor ကို Selfie ကင်မရာအောက် မြုပ်နှံထားမှာဖြစ်ပြီး Facial Recognition လုပ်ဖို့ Sensor က အလင်းလှိုင်းတစ်ခု ထုတ်လွှတ်ပေးလိုက်မှာပါ။ ဒီ အလင်းလှိုင်းဟာ မျက်နှာကို ဖတ်နေတဲ့အလျှောက် Sensor ဆီ တုံ့ပြန်မှုရှိနေမှာ ဖြစ်တဲ့အတွက် အလင်းလှိုင်း Sensor ဆီ ပြန်ရောက်ချိန် TOF (Time of Flight ) ကို တွက်ချက်ပြီး 3D depth-sensing System က မှတ်သားပေးမှာဖြစ်ပါတယ်။

Structure Light Technology

ဒီလို Facial Recognition လုပ်နိင်တဲ့ နည်းပညာကို “Structured Light” နည်းပညာလို့ သိပ္ပံနယ်ပယ်မှာ သုံးစွဲလေ့ရှိပြီး ဒါကို OPPO အနေနဲ့ ကုမ္ပဏီရဲ့ 2018 ထုတ် Smartphone တွေမှာ ထည့်သွင်းသွားဖို့ အစီအစဥ်ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ခက်ခဲတဲ့နည်းပညာ စိန်ခေါ်မှုတွေ ရှိနေတဲ့အတွက် Smartphone ထုတ်လုပ်သူ အများစု ဒီနည်းပညာပိုင်းမှာ မစွန့်စားချင်ကြတာ ဖြစ်ပါတယ်။

ဒီတစ်ပတ်ထဲ Shanghai မြို့မှာ ပြုလုပ်သွားတဲ့ MWC ပွဲမှာတော့ Vivo က TOF 3D Sensor သရုပ်ပြပွဲပြုလုပ်ခဲ့ပြီး Android Smartphone ထုတ်လုပ်သူအားလုံးထဲမှာ ရှေ့ဆုံးက ဦးဆောင်နေသလို Apple ရဲ့ Face ID ကို တိုက်ရိုက်ယှဥ်ပြိုင်သွားတော့မယ့် နည်းပညာကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ တစ်ခြား Facial Recognition လုပ်နိုင်တဲ့ Biometric Scanning နည်းပညာနဲ့ Portrait Selfies ရိုက်ကူးနိုင်တဲ့ Application တွေထက် TOF 3D Sensing နည်းပညာဟာ Gesture နဲ့ Motion Recognition တွေ ထောက်လှမ်းနိုင်ဦးမှာပါ။ သရုပ်ပြသွားတဲ့ထဲမှာ ၃ မီတာ အကွာဝေးထိ 3D Sensor အလုပ်လုပ်မှာ ဖြစ်သလို တစ်ခြား အရာဝတ္ထုတွေ Scan ဖတ်တဲ့အခါ Augmented Reality (AR) Application ကို သုံးနိုင်ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Vivo-booth-at-MWC-Shanghai-2018

Vivo ရဲ့ Senior Executive ဖြစ်သူ Alex Feng က “TOF 3D Sensing နည်းပညာကို A.I နည်းပညာနဲ့ ပေါင်းစပ်ပြီး အနာဂတ်ခရီး ချဲ့ထွင်သွားတော့မှာပါ။” လို့ နည်းပညာ တစ်ခေတ်ဆန်းသွားဦးမယ့် Vivo ရဲ့ Ideas ကို လှစ်ဟပြခဲ့ပါသေးတယ်။ ဒါကတော့ ဥာဏ်ရည်တု A.I အတွက် အလှအပနဲ့ ပတ်သက်လို့ လူခန္ဓာကိုယ်တစ်ခုလုံးကို Scan ဖတ်စစ်ဆေးပြီး ကျော့ရှင်းလှပတဲ့ ခန္ဓာကိုယ်အလှကို A.I က ဖန်တီးနိုင်ဖို့ သင်ကြားစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်နဲ့ လိုက်ဖက်မယ့် အဝတ်အစားတွေပါ တွဲဝတ်နိုင်ဖို့ TOF 3D Sensing နည်းပညာကို A.I နဲ့ လေ့လာသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Vivo က မိတ်ဆက်လိုက်တဲ့ TOF 3D Sensor နည်းပညာဟာ “သီအိုရီ တစ်ခုအတွက် သာမန်သက်သေပြချက်တောင် မဟုတ်တော့ပါဘူး” ကျွမ်းကျင်သူတွေရဲ့ ချီးကျူးမှုရထားတာဖြစ်ပြီး လက်ရှိအချိန်မှာ ဒီနည်းပညာကို Smartphone တွေမှာ ဘယ်အချိန်အသုံးပြုသွားမယ်လို့ ပြောကြားထားခြင်းမရှိသေးပါဘူး။

Kyaw Zaw (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။