[Zawgyi] 


20MP Selfie Camera




www.akhayar.com

[Unicode] 

စိတ်ကျေနပ်စရာ Selfie တွေအတွက် 20MP Selfie Camera နဲ့ပွဲထွက်လာတော့မယ့် Vivo Y95

Social Media ပေါ်မှာ Selfie ပုံတင်တဲ့ Trend ကလည်း မသေးပါဘူး။ လူငယ်တွေကြားမှာရော လူကြီးတွေကြားမှာပါ နည်းမျိုးစုံ၊ ပုံမျိုးစုံ၊ Idea မျိုးစုံသုံးပြီး Selfie တွေရိုက်တင်ပြီး Online ပေါ်က သူငယ်ချင်းတွေနဲ့အတူ ပျော်စရာတွေဖန်တီးမျှဝေဖန်တီးကြပါတယ်။ ဒီလို Trend မှာ စီးမျောနေချင်ရင်တော့ Selfie Camera ကောင်းကောင်းပါတဲ့ဖုန်းတစ်လုံးက လက်ထဲ ရှိနေမှဖြစ်မှာပါ။ 

20MP Selfie Camera

အဲ့ဒီအတွက် ပြည်တွင်းဈေးကွက်မှာ နာမည်ရပြီးသားဖြစ်သလို လူငယ်ပရိသတ်တွေကြားမှာ လူကြိုက်များတဲ့ Vivo အနေနဲ့တော့ Y95 အသစ်ကို မိတ်ဆက်ပေးလာတော့မှာပါ။ အဲ့ဒီ Y95 မှာတော့ Selfie Camera ကို 20MP အထိထည့်ပေးထားမယ်လို့ သိရပါတယ်။ ဒါကတော့ Mid-Range ဖုန်းတွေထဲမှာ တွေ့ရတာနည်းတဲ့အချက်ဖြစ်လို့ Vivo ပရိသတ်ကြီးအတွက် စိတ်ဝင်စားစရာပါပဲ။ 

Vivo Y95 က Mid-Range ဖုန်းတစ်လုံးဖြစ်နေပေမယ့် RAM 4GB နဲ့ Battery 4030mAh ပါဝင်ဦးမယ်လို့ သိရပါသေးတယ်။ Storage ကတော့ 64GB ဖြစ်လို့ ဓာတ်ပုံတွေကိုတော့ ကောင်းကောင်းသိမ်းထားလို့ရပါတယ်။ နောက်ကျောဖက်မှာတော့ 13MP + 2MP Dual Camera ကို တပ်ဆင်ပေးထားမှာဖြစ်သလို AI Feature တွေဖြစ်တဲ့ AI Framing Lines ၊ AI Portrait Framing နဲ့ AI Scene Identification တွေပါ သုံးနိုင်မှာပါ။

Display အနေနဲ့တော့ Halo FullView Display ကိုသုံးပေးထားလို့ Immersive Experience ကိုရနိုင်ပါတယ်။ Qualcomm Snapdragon 439 Proceossor ကိုသုံးပေးထားတယ်လို့လည်း သိရပါတယ်။ Y95 ကတော့ မကြာခင်ပဲ Vivo Fan တွေအတွက် ဈေးကွက်ထဲကို ရောက်လာတော့မှာကြောင့် စောင့်ကြည့်ရမယ့် ဖုန်းတစ်လုံးပါပဲ။ 

www.akhayar.com