[Zawgyi] 





www.akhayar.com 

[Unicode] 

ပြည်တွင်းဈေးကွက်မှာ မကြာခင်စတင်ရောင်းချတော့မယ် Vivo Y95

Vivo ရဲ့ Mid-Range ဖူန်းတွေအဖြစ် ပြည်တွင်းဈေးကွက်မှာ Y Series တွေက နေရာရပြီးသားပါ။ လူငယ်တွေကြားမှာတော့ Vivo ဆိုတာ ရင်းနှီးပြီးသား Brand ဖြစ်နေတာကြောင့် သိပ်ပြီးပြောနေစရာတော့မလိုတော့ပါဘူး။ 

မကြာခင်မှာပဲ Vivo က Y Series ထဲက ဖုန်းအသစ်ဖြစ်တဲ့ Vivo Y95  ကို စတင်ရောင်းချတော့မယ်လို့ သိရပါတယ်။ စတင်ရောင်းချမယ့်ဈေးကတော့ ၃၂၉၀၀၀ ကျပ်နဲ့ စတင်ရောင်းချသွားမယ်လို့ သတင်းထွက်နေတာပါ။ Vivo Y95 မှာတော့ အားသာချက်အနေနဲ့ RAM 4GB ပါဝင်မှာဖြစ်ပြီးတော့ Qualcomm Snapdragon 439 Processor ကိုသုံးပေးထားပါတယ်။ 

Vivo ဖုန်းတွေမှာ တွေ့နေကျအတိုင်း လူငယ်တွေသဘောကျမယ့် Selfie Camera ကောင်းကောင်းကိုလည်း Y95 မှာတွေ့ရမှာဖြစ်ပါတယ်။ 20MP Camera ကိုတပ်ပေးထားလို့ Selfie သမားတွေကတော့ Y95 ကို သဘောကျမယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ Vivo Y95 မှာတော့ 6.22 Inch Halo FullView Display ကိုလည်း သုံးပေးထားတာကြောင့် Flagship ဖုန်းတွေမှာလို Immersive ဖြစ်တဲ့ခံစားချက်ကိုလည်း ရနိုင်မှာပါ။

Y95 တွေကိုတော့ Starry Black နဲ့ Aurora Red ဆိုပြီး အရောင် ၂ မျိုးနဲ့ ရနိုင်မှာပါ။ Starry Black ကတော့ Vivo V11 မှာတွေ့ရတဲ့ Starry Nitght အရောင်နဲ့နီးစပ်ပြီး Aurora Red ကတော့ ညနေခင်းဆည်းဆာရဲ့ ကောင်းကင်ပန်းချီကားတစ်ချပ်ကိုမြင်နေရတဲ့ခံစားမှုမျိုးကို ပေးနိုင်မှာပါ။ 

www.akhayar.com