
Vivo Apex


Vivo Apex`


Vivo Apex


Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

ပြီးခဲ့တဲ့ MWC 2018 ပွဲမှာ လူအများကို အံ့အားသင့်စေခဲ့တဲ့ Screen-to-Body Ratio 98% ရှိပြီး လုံးဝ Full Screen Display နဲ့ Vivo Apex စမတ်ဖုန်းတစ်လုံးကို Vivo ကနေ မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ အချိန်ကတော့ Vivo က အဆိုပါ Apex စမတ်ဖုန်းက Prototype အဆင့်မှာပဲရှိသေးတယ်လို့ ပြောကြားခဲ့ပေမယ့် အခုအချိန်မှာတော့ တရားဝင်ထုတ်လုပ်ရောင်းချတော့မယ့်ပုံပါပဲ။

Vivo Apex

အခုနောက်ဆုံးမှာ Vivo ကနေ လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ Event တစ်ခုကို မိတ်ဆက်သွားမယ်လို့ ကြေညာခဲ့ပြီး အဆိုပါ ပွဲမှာ Vivo Apex စမတ်ဖုန်းကို တရားဝင်မိတ်ဆက်သွားမယ့်ပုံပါပဲ။

Vivo Apex`

Vivo Apex စမတ်ဖုန်းဟာဆိုရင် 5.99″ Full HD+ Resolution OLED Display ကို အသုံးပြုထားပြီးတော့ ဘေးဘောင်တွေက 1.8mm နဲ့ ဖုန်းအောက်ခြေဘောင်က 4.3mm ရှိတဲ့အတွက် အခုလိုမျိုး 98% Screen-to-Body Ratio ကို ရရှိလာတာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Vivo Apex စမတ်ဖုန်းက Under-Display Fingerprint လည်း တပ်ဆင်ထားတာဖြစ်ပါတယ်။ Selfie Camera ကိုတော့ ထုတ်နိုင်သွင်းနိုင်အောင်ပြုလုပ်ခဲ့ရပါတယ်။

Vivo Apex

Vivo အနေနဲ့ အခုလိုမျိုး Apex စမတ်ဖုန်းကို တရားဝင်ရောင်းချတော့မယ်ဆိုရင် လာမယ့် အနာဂတ်မှာ Bezel-less ဖုန်းတွေရဲ့ ယှဉ်ပြိုင်မှုကတော့ ပိုပြီးပြင်းထန်လာတော့မှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com