[Zawgyi] 




AI Selfie


www.akhayar.com


[Unicode] 

Vivo V9 Blue နဲ့ FunTouch OS က ဘာကြောင့်စွဲမက်စရာကောင်းတာလဲ

Vivo V9 တွေကတော့ လက်ရှိအချိန်မှာ Fashion နဲ့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတွေကြား ရေပန်းစားနေပါပြီ။ Vivo V9 Blue ဟာလည်း ဈေးကွက်ထဲမှာ ဝယ်ယူလို့ရနေပြီဖြစ်တာကြောင့် ရွေးချယ်စရာ အရောင်တစ်ခုအဖြစ် သင့်အတွက် အဆင်သင့်ရှိနေပါတယ်။ 

Vivo V9 ကတော့ လက်ရှိအချိန်ပြည်တွင်းဈေးကွက်ထဲမှာဝယ်လို့ရနိုင်တဲ့ Vivo ဖုန်းအနေနဲ့ အလှဆုံး ဖုန်းတစ်လုံးဆိုရင် မမှားပါဘူး။ လက်ထဲမှာ ကိုင်ရတာ အဆင်ပြေတဲ့အနေအထားမှာရှိသလို တန်ဖိုးကြီးစမတ်ဖုန်းတစ်လုံးကို ကိုင်ထားရတဲ့ အရသာကိုလည်း သင်ခံစားနိုင်မှာပါ။ လှပ သသပ်တဲ့ ဖုန်းရဲ့ ကိုယ်ထည်နဲ့ ကြီးမားတဲ့ FullView Display တွေကြောင့် Vivo V9 က သင့်လက်ထဲမှာ မြင်တာနဲ့သိသာတဲ့ Vivo ဖုန်းတစ်လုံးအဖြစ် ရှိနေမှာပါ။ အဲ့ဒီလို လှပတဲ့ Design နဲ့ Display ကို ပိုလှပအောင်ထောက်ပံပေးထားတာကတော့ Vivo ရဲ့ FunTouch OS 4.0 ပါ။ 

FunTouch OS 4.0 ကတော့ Android 8.1 ပေါ်မှာ အခြေခံပြီး ဖန်တီးထားတာပဲဖြစ်ပါတယ်။ FunTouch ကို Vivo V9 အတွက် လှပတဲ့ Icon တွေနဲ့အတူ Gesture တွေကအစ အသေးစိတ်ဖန်တီးပေးထားတာပဲဖြစ်ပါတယ်။ V9 ရဲ့ FullView Display အတွက် အဆင်အပြေဆုံးဖြစ်မယ့် Gesture တွေကိုလည်း FunTouch OS 4.0 မှာထည့်ပေးထားပါတယ်။ Display ရဲ့အောက်ပိုင်းမှာ ပါနေကျ Navigation Button တွေကို ဖျောက်ထားလို့ ရပြီး Gesture တွေနဲ့ အစားထိုးအသုံးပြုနိုင်ပါတယ်။ Gesture တွေနဲ့အစားထိုးလိုက်တာကြောင့် Screen ပေါ်မှာ ခလုတ်တွေကို ဖယ်ထားလို့ရသွားပါတယ်။ 

AI Selfie

နောက်ထပ် FunTouch OS ရဲ့ ထူးခြားချက်တွေအနေနဲ့ကတော့ AI ပါဝင်လာတာပဲဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတွေအတွက်တော့ တကယ်ကို သဘောကျစရာကောင်းတဲ့ AI Selfie Feature က FunTouch OS 4.0 မှာ V9 အတွက်ပါဝင်လာပါတယ်။ အရင်ကလို ပျင်းစရာကောင်းတဲ့ Selfie တွေကိုရိုက်မယ့်အစား V9 မှာပါတဲ့ Selfie AI Feature တွေ တဝကြီးသုံးပြီး ဓာတ်ပုံတွေကို စိတ်ကြိုက် ပြင်လို့ရတာ သဘောကျစရာကောင်းပါတယ်။ Selfie ရိုက်တာ ဝါသနာကြီးသူတွေအတွက်တော့ Vivo V9 ရဲ့ Selfie AI ထဲက Feature ဖြစ်တဲ့ Selfie Light ကြောင့် သင့် Selfie တွေက အရင်ကထက် ပိုပြီး ကြည့်ကောင်းသလို ပိုပြီးလည်း ပြင်လို့ရလာပါပြီ။ Vivo V9 ကတော့ FunTouch OS ရဲ့ Feature တွေကြောင့် ပိုပြီးသုံးလို့ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်လာပါတယ်။ သင့်ဟာ လှပပြီး အသုံးပြုလို့ကောင်းတဲ့ Software ကိုသဘောကျတယ်ဆိုရင်တော့ Vivo V9 ပေါ်က FunTouch OS ကို သဘောကျမယ်ဆိုတာ သေချာပါတယ်။ 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။