ျမန္မာႏုိင္ငံက လူငယ္ေတြၾကားထဲမွာ Vivo စမတ္ဖုန္း အမွတ္တံဆိပ္က ကင္မရာပိုင္းေကာင္းမြန္တဲ့အတြက္ နာမည္ၾကီးေနတာပဲျဖစ္ပါတယ္။ ျပီးခဲ့တဲ့ႏွစ္တုန္းက Vivo ကေန Vivo V7 နဲ႔ Vivo V7+ စမတ္ဖုန္းေတြကို ထုတ္လုပ္ေပးခဲ့ျပီး အဆုိပါ စမတ္ဖုန္းေတြကလည္း 24MP Selfie Camera ေတြအျပင္ FullView Display ေတြေၾကာင့္ ေအာင္ျမင္မႈရရွိခဲ့တာျဖစ္ပါတယ္။

ႏွစ္သစ္တစ္ႏွစ္ေရာက္ရွိလာျပီးေနာက္မွာေတာ့ စမတ္ဖုန္းကုမၸဏီေတြကလည္း သူတို႔ရဲ႕ စမတ္ဖုန္းအသစ္ေတြကို မိတ္ဆက္လာၾကပါတယ္။ အဲ့ဒီအတြက္ စမတ္ဖုန္းအသစ္ေတြကို ဝယ္ယူျပီး အဆင့္ျမွင့္တင္တဲ့သူေတြအတြက္ကေတာ့ ဒီအခ်ိန္က ဖုန္းဝယ္ဖိုိ႔အေကာင္းဆံုးလုိ႔ေတာင္ေျပာလို႔ရပါတယ္။ အဲ့ဒီလုိမ်ိဳးပဲ အခုအခ်ိန္မွာ မႏွစ္တုန္းက Vivo V7 ၊ V7+ စမတ္ဖုန္းေတြနဲ႔ နာမည္ၾကီးခဲ့တဲ့ Vivo ကုမၸဏီကလည္း လာမယ့္ ဧျပီလ ၂၈ ရက္ေန႔မွာ Vivo V9 စမတ္ဖုန္းအသစ္ကို ျမန္မာႏုိင္ငံမွာ မိတ္ဆက္သြားမယ္လုိ႔ တရားဝင္ေၾကျငာလုိက္ပါတယ္။

လတ္တေလာမွာ သိရတဲ့သတင္းေတြအရေတာ့ Vivo V9 စမတ္ဖုန္းဟာ Display ပိုင္းမွာ ၾကီးမားတဲ့ေျပာင္းလဲမႈေတြရွိလာမွာျဖစ္ျပီး Notch ပါဝင္တဲ့ စမတ္ဖုန္းတစ္ခုျဖစ္လာမွာျဖစ္သလုိပဲ ကင္မရာပိုင္းလည္း အဆင့္ျမွင့္တင္ထားမွာျဖစ္တယ္လုိ႔ သိရပါတယ္။ V7 စမတ္ဖုန္းတုန္းက 24MP Selfie Camera အစား AI Camera လုိ႔လည္း ေျပာင္းလဲအသံုးျပဳလာတာကို ေတြ႔ရပါတယ္။ အဲ့ဒီအတြက္ Vivo V9 က Selfie Camera ပိုင္းလည္းပိုျပီးေကာင္းမြန္လာမယ္လုိ႔ ယူဆရပါတယ္။

Vivo V9 စမတ္ဖုန္းက ဧျပီလ ၂၈ ရက္ေန႔မွာ ရန္ကုန္ျမိဳ႕ Melia Hotel မွာ Official Launching Event ကို ျပဳလုပ္သြားမွာျဖစ္တဲ့အတြက္ ေစ်းဘယ္ေလာက္ရွိမယ္၊ စြမ္းေဆာင္ရည္ဘယ္ေလာက္လဲဆိုတာေတြကို မၾကာခင္အတိအက်သိႏုိင္ေတာ့မွာပါ။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

မြန်မာနိုင်ငံက လူငယ်တွေကြားထဲမှာ Vivo စမတ်ဖုန်း အမှတ်တံဆိပ်က ကင်မရာပိုင်းကောင်းမွန်တဲ့အတွက် နာမည်ကြီးနေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက Vivo ကနေ Vivo V7 နဲ့ Vivo V7+ စမတ်ဖုန်းတွေကို ထုတ်လုပ်ပေးခဲ့ပြီး အဆိုပါ စမတ်ဖုန်းတွေကလည်း 24MP Selfie Camera တွေအပြင် FullView Display တွေကြောင့် အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။

နှစ်သစ်တစ်နှစ်ရောက်ရှိလာပြီးနောက်မှာတော့ စမတ်ဖုန်းကုမ္ပဏီတွေကလည်း သူတို့ရဲ့ စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်လာကြပါတယ်။ အဲ့ဒီအတွက် စမတ်ဖုန်းအသစ်တွေကို ဝယ်ယူပြီး အဆင့်မြှင့်တင်တဲ့သူတွေအတွက်ကတော့ ဒီအချိန်က ဖုန်းဝယ်ဖို့အကောင်းဆုံးလို့တောင်ပြောလို့ရပါတယ်။ အဲ့ဒီလိုမျိုးပဲ အခုအချိန်မှာ မနှစ်တုန်းက Vivo V7 ၊ V7+ စမတ်ဖုန်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ Vivo ကုမ္ပဏီကလည်း လာမယ့် ဧပြီလ ၂၈ ရက်နေ့မှာ Vivo V9 စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံမှာ မိတ်ဆက်သွားမယ်လို့ တရားဝင်ကြေငြာလိုက်ပါတယ်။

လတ်တလောမှာ သိရတဲ့သတင်းတွေအရတော့ Vivo V9 စမတ်ဖုန်းဟာ Display ပိုင်းမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေရှိလာမှာဖြစ်ပြီး Notch ပါဝင်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာမှာဖြစ်သလိုပဲ ကင်မရာပိုင်းလည်း အဆင့်မြှင့်တင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ V7 စမတ်ဖုန်းတုန်းက 24MP Selfie Camera အစား AI Camera လို့လည်း ပြောင်းလဲအသုံးပြုလာတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက် Vivo V9 က Selfie Camera ပိုင်းလည်းပိုပြီးကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။

Vivo V9 စမတ်ဖုန်းက ဧပြီလ ၂၈ ရက်နေ့မှာ ရန်ကုန်မြို့ Melia Hotel မှာ Official Launching Event ကို ပြုလုပ်သွားမှာဖြစ်တဲ့အတွက် ဈေးဘယ်လောက်ရှိမယ်၊ စွမ်းဆောင်ရည်ဘယ်လောက်လဲဆိုတာတွေကို မကြာခင်အတိအကျသိနိုင်တော့မှာပါ။

Zawyè (Akhayar) 

www.akhayar.com