



Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

လူငယ်ကြိုက် ကင်မရာပိုင်းနဲ့ ဒီဇိုင်းပိုင်း အထူးကောင်းမွန်တဲ့ Vivo စမတ်ဖုန်းကုမ္ပဏီကနေ ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့မှာ ရန်ကုန်မြို့ Melia Hotel မှာ Vivo V9 စမတ်ဖုန်းအသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Vivo V9 စမတ်ဖုန်းက ယခင် Vivo V7 စမတ်ဖုန်းလိုမျိုးပဲ FullViewTM Display ကို အသုံးပြုလာပေမယ့် 90% Screen to Body Ratio အထိ ရှိလာတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Screen Size ကလည်း 6.3″ အထိ ရှိလာပါတယ်။

ဒါ့အပြင် Vivo V9 စမတ်ဖုန်းဟာ AI လို့ ခေါ်တဲ့ ညဏ်ရေတုနည်းပညာတွေကိုလည်း ထည့်သွင်းပြီး AI Face Beauty ၊ AI Smart Engine နဲ့ AI Selfie Lighting စနစ်တွေကို အသုံးပြုတွေအနေနဲ့ ခံစားနိုင်မယ်လို့ သိရပါတယ်။ ကင်မရာအနေနဲ့လည်း AI စနစ်နဲ့ အဆင့်မြှင့်တင်ထားတဲ့ 24MP Selfie Camera အပြင် Back Camera ကိုလည်း 16MP + 5MP Dual Camera ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Vivo V9 စမတ်ဖုန်းရဲ့ AI Face Beauty ဟာဆိုရင် အသုံးပြုမယ့်သူရဲ့ အသက်အရွယ်၊ ကျား၊ မ၊ အရေပြား၊ အခြေအနေ၊ အရောင်အဆင်း နဲ့ ပတ်ဝန်းကျင်အခြေအနေတွေအကုန်လုံးကို ထောက်လှမ်းပေးပြီ အကောင်းဆုံးသော Selfie ပုံတွေရရှိအောင် ရိုက်ကူးပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် AI စနစ်ကြောင့် Vivo V9 ရဲ့ Face Unlock စနစ်ကလည်း ပိုပြီး လုံခြုံစိတ်ချရလာပါတယ်။

အခု Vivo V9 စမတ်ဖုန်းဟာ AI စနစ်ကို အများအပြားအသုံးပြုထားပြီးတော့ ငယ်ရွယ်တဲ့သုံးစွဲသူတွေကို AI စနစ်ကို ခံစားစေနိုင်မှာဖြစ်ပါတယ်။ အခုလိုမျိုး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Vivo V9 စမတ်ဖုန်းကို အခု ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၄ ရက်နေ့အတွင်း Pre-order တင်ထားနိုင်ပြီဖြစ်ပြီး မေလ ၅ ရက်နေ့က စတင်ပြီး ငွေကျပ် ၃၉၉,၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Zawyè (Akhayar) 

www.akhayar.com