[Zawgyi] 


Vivo V9 Blue

Vivo V9 Blue


Vivo V9 Blue


www.akhayar.com


[Unicode] 

သင့်အတွက် နောက်ထပ်ရွေးချယ်စရာဖြစ်လာတဲ့ Vivo V9 Blue

သင်က အရောင်တွေနဲ့ပတ်သက်လို့ တောက်ပမှုကိုသဘောကျသူဆိုရင်တော့ Vivo V9 Blue Edition ကို သင်သဘောကျမှာသေချာပါတယ်။ ကြီးမားတဲ့ FullView Display နဲ့ AI ပါတဲ့ Dual Camera တွေပါဝင်တာကြောင့် Vivo V9 က လက်တလော လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ဖုန်းတစ်လုံးဖြစ်နေပါတယ်။ 

Vivo V9 Blue

Vivo V9 Blue

6.3 Inch FullView Display ကတော့ Vivo က သင့်အတွက် ဖန်တီးပေးထားတဲ့ Display Design ပါ။ Display ကိုအရင်ကထက်ပိုကြီးလာစေဖို့ Camera နဲ့ Sensor နေရာတွေရဲ့ ဘေးအထိ နေရာယူပေးထားပါတယ်။ ဖုန်းအရွယ်အစားကြီးလာတာမဟုတ်ဘဲ Display ကိုပဲ ပိုကြီးလာအောင်လုပ်ပေးထားတာကြောင့် လက်ထဲမှာကိုင်ရတာ အဆင်ပြေပါတယ်။ ခရီးသွားရင်း Video ကြည့်တာ၊ အပြင်ရောက်နေတုန်း စာဖတ်တာ၊ Web Browsing လုပ်တာတွေအပြင် Game ဆော့တဲ့အချိန်မှာပါ FullView Display က သင့်ကို ပျော်ရွှင်မှုတွေပေးနိုင်ပါတယ်။ ဖုန်းပေါ်မှာ Video ကြည့်ရတာ သဘောကျသူတွေအတွက်တော့ Vivo V9 က ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ 

Vivo V9 Blue

Full HD+ Resolution ရှိတဲ့ FullView Display ပေါ်မှာ သင့်ရဲ့ အမှတ်တရတွေကို ပြန်ကြည့်ရတာလည်း ကျေနပ်စရာပါ။ အမှတ်တရတွေက ဓာတ်ပုံရိုက်သိမ်းထားလို့ရသလို Video နဲ့လည်း သိမ်းထားလို့ရပါတယ်။ သင်သိမ်းထားချင်တဲ့အတိုင်း Vivo V9 ရဲ့  16MP+5MP Dual Camera နဲ့ Selfie Camera တွေက သင့်ကို ကူညီပေးမှာပါ။ သင့်ရဲ့ဓာတ်ပုံတွေကို အရင်ကထက်ပိုပြီးသဘာဝဆန်ဆန်လှပနေစေဖို့အတွက် AI HDR Feature ကို V9 မှာထည့်ပေးထားပါတယ်။ အလင်းအမှောင်ပိုင်းကို V9 ရဲ့ AI က သင့်အတွက် အလိုအလျောက် ချိန်ညှိပေးမှာဖြစ်တာကြောင့် တစ်ချက်တည်းနဲ့ ပုံကောင်းတစ်ပုံရဖို့ လွယ်ကူလာပါပြီ။ Front Camera ကတော့ 24MP ဖြစ်တဲ့အတွက် သင်ရိုက်သမျှ Selfie ဓာတ်ပုံတွေက ကြည်လင်ပြတ်သားနေမယ့်အပြင် AI နည်းပညာတွေကြောင့် အရောင်အဆင်းနဲ့ အလင်းအမှောင်ပိုင်းမှာ အမှားအယွင်းနည်းတာကို သင်ကိုယ်တိုင်ခံစားနိုင်မှာပါ။ Vivo V9 ရဲ့ အပြာရောင်ကလည်း သင့်ကို တခြားလူတွေကြားထဲမှာ တောက်ပနေစေမယ့်အရောင်ဖြစ်နေတာကြောင့် သင်သဘောကျမယ့် ဖုန်းတစ်လုံးဖြစ်လာနိုင်တာ အမှန်ပါပဲ။ 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။