[Zawgyi]







အခရာ

www.akhayar.com

[Unicode]

Vivo V9 Sapphire Blue က အလိုက်ဖက်ဆုံးရွေးချယ်မှု ဖြစ်လာမလား

စမတ်ဖုန်းတစ်လုံးကိုဝယ်တော့မယ်ဆိုရင် Design နဲ့ပတ်သက်လို့ စဉ်းစားဖြစ်တဲ့အချက်တွေ အများကြီးရှိနိုင်ပါတယ်။ နားကြပ်ပေါက်ထားတဲ့နေရာ၊ Screen Design နဲ့ Camera ထားပုံအပြင် နောက်ဆုံး ဆုံးဖြတ်ချက်အနေနဲ့ အရောင်ကို စဉ်းစားဖြစ်ကြတာများပါတယ်။ အရောင်ကိုစဉ်းစားတဲ့အခါမှာ သင့်ရဲ့စိတ်နေစိတ်ထားနဲ့ လိုက်ဖက်တဲ့အရောင်ဖြစ်နိုင်သလို သင့်ရဲ့နေစဉ်ဘဝ ဖက်ရှင်ပိုင်းအတွက် အထောက်အကူဖြစ်စေမယ့်အရောင်ကို စဉ်းစားရွေးချယ်တာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။

Vivo ရဲ့ အသစ်မိတ်ဆက်ထားတဲ့ V9 စမတ်ဖုန်းကတော့ Design ပိုင်း၊ Camera ပိုင်း စိတ်ဝင်စားသူတွေကြားမှာ ရေပန်းစားနေပါတယ်။ အကြောင်းကတော့ ခေတ်နဲ့အမီလိုက်လျောညီထွေဖြစ်စေမယ့် မျက်နှာပြင်ပြည့် Full View Display ကိုအသုံးပြုရမှာဖြစ်သလို အရည်အသွေးပြည့်ဝတဲ့ Selfie Camera ကိုလည်း လှပတဲ့ Notch နဲ့အတူထည့်သွင်းပေးထားပါသေးတယ်။ ဒါ့အပြင် AI Smart Engine ကလည်း သင့်ရဲ့ဓါတ်ပုံတွေကို တစ်မူထူးခြားဆန်းသစ်စွာနဲ့ လှပနေစေဦးမှာပါ။

ဖုန်းတစ်လုံးမှာ အဘက်ဘက်က ပြည့်စုံနေပြီဆိုရင် နောက်ဆုံးအနေနဲ့စဉ်းစားဖြစ်တာက ဖုန်းရဲ့အရောင်ပါ။ အရောင်ရွေးချယ်မှုအပိုင်းဟာ ဖုန်းဝယ်ယူဖြစ်ခြင်း၊ မဝယ်ယူဖြစ်ခြင်းအတွက် ၇၀ ရာခိုင်နှုန်းလောက်အထိ သက်ရောက်မှုရှိပါတယ်။ ဒါဆိုရင်တော့ ရွေးချယ်စရာအရောင်များလေလေ ကိုယ့်အတွက်ဝယ်ယူနိုင်မယ့် အခွင့်အရေးများလေလေပါပဲ။

Vivo V9 မှာတော့ တမူထူးခြားတဲ့ Sapphire Blue အရောင်ကိုမှ FIFA World Cup Edition အဖြစ်ထုတ်လုပ်ပေးထားပါတယ်။ ပုံမှန်မြင်တွေ့နေကြအရောင်မျိုးမဟုတ်ဘဲ အရောင်တလက်လက်နဲ့ လှပသန့်ရှင်းတဲ့အပြာရောင်ကို အသုံးပြုမယ်ဆိုရင် တစ်ကယ်ကိုပြီးပြည့်စုံတဲ့ ရွေးချယ်မှုမျိုးဖြစ်နိုင်ပါတယ်။ Limited Edition ဖြစ်တဲ့အတွက် အရေအတွက်ပိုင်းမှာ အကန့်အသတ်ရှိနိုင်တာမို့ Vivo ရဲ့ V9 Sapphire Blue ကို အမြန်ပြေးဝယ်ဖို့ လိုပါလိမ့်မယ်။ Vivo V9 Sapphire Blue ကိုတော့ ၄၁၉,ဝဝဝ ကျပ် (လေးသိန်းတစ်သောင်းကိုးထောင်) နဲ့ VIVO Showroom ဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ကြောင်း သိရပါတယ်။

Photo Credit – Vivo Myanmar

အခရာ

www.akhayar.com