Vivo ရဲ့ V5 Matte Black ကို လေ့လာသုံးသပ်ခြင်း

Vivo ရဲ့ထုတ်ခဲ့သမျှဖုန်းတွေထဲမှာ V5 ကတော့ နာမည်တော်တော်ရခဲ့တဲ့ အမျိုးအစားပါ။ မကြာသေး တဲ့ရက်ပိုင်းအတွင်းမှာလည်း Vivo က V5 Matte Black (Limited Edition) ကိုထပ်မံမိတ်ဆက်ပေးခဲ့ပါတယ်။ ငွေကျပ် သုံးသိန်းကျော်လောက်သာ ကျသင့်မယ့် ဒီဖုန်းမှာဘာတွေထူးခြားချက်ရှိသလဲဆိုတာကို လေ့လာသုံး သပ်ကြည့်ရအောင်။

ကင်မရာ

Facebook သုံးစွဲမှုနဲ့အတူ Selfie ဆွဲတာကလည်း လူကြီးလူငယ်တွေကြားထဲမှာ တော်တော်ခေတ်စားလာတဲ့အရာတစ်ခုပါ။ ဒီဖုန်းရဲ့ အရှေ့ကင်မရာက 20MP အထိအထောက်ပံ့ပေးထားသလို အလင်းစနစ်ကိုထောက်ပံ့ပေးနိုင်ပါတယ်။ ဒီလို ကင်မရာအနေအထားအရ ဘယ်လိုအခြေအနေမှာပဲ Selfie ဆွဲဆွဲ ကောင်းမွန်တဲ့ဓါတ်ပုံတွေရရှိနိုင်မှာကတော့ သေချာပါတယ်။ အလင်းစနစ်ပါဝင်တဲ့အတွက် ညဘက် Nightout ထွက်တဲ့အချိန်အမျိုး မှာပဲဖြစ်ဖြစ် ပါတီတွေ၊ ညစာစားပွဲတွေမျိုးမှာပဲဖြစ်ဖြစ် တခြားဖုန်းတွေလို မှောင်နေမှာကို ဂရုစိုက်စရာမလိုပါဘူး။V5 မှာ တစ်ခါတည်းပါဝင်လာတဲ့ Beauty 6.0 ဆိုတဲ့ Feature က အခြား Editing ဆော့ဝဲလ်တွေ ထပ်မံအသုံးပြုစရာမလိုလောက်အောင်ကို ကောင်းမွန်ပါတယ်။ မျက်နှာမှာရှိတဲ့ ဝက်ခြံနဲ့အရာအလှဖျက်နေတဲ့အရာတွေကိုချောမွတ်လှပသွားအောင် ဒီဆော့ဝဲလ်က စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် Vivo က V5 ကို “Perfect Selfie”ဆိုတဲ့ကြွေးကြော်သံနဲ့ ပွဲထုတ်လာခဲ့တယ်ထင်ပါတယ်။ ကျောဖက်ကင်မရာကတော့ 13 MP ပါ။

မျက်နှာပြင်အရွယ်အစားနဲ့ဖုန်းဒီဇိုင်း

အမည်းရောင်ပြောင်လဲ့လဲ့သတ္တုကိုယ်ထည်နဲ့ ဘောင်တွေကိုကွေးညွတ်ထားတဲ့ ဒီဇိုင်းကတော့ လူတိုင်းနှစ်သက်နိုင်တဲ့ဒီဇိုင်းမျိုးပါ။ Matte Black မတိုင်ခင် V5 စီးရီးကို Crown Gold နဲ့ Rose Gold ဆိုတဲ့အရောင်တွေနဲ့ထုတ်ခဲ့ဖူးပါတယ်။ မျက်နှာပြင်အရွယ်အစားက 5.5” HD ဖြစ်ပြီးတော့ Resolution က 1280 x 720 Pixles ပါ။ ဖုန်းတစ်လုံးလုံးရဲ့အလေးချိန်က 154 g ရှိတာမို့လို့ ပေါ့ပါးတယ်လို့လည်း ဆိုချင်ဆိုနိုင်ပါတယ်။

အတွင်းပိုင်းဖွဲ့စည်းမှု

Octa-Core 64 Bits ပရိုဆက်ဆာနဲ့ RAM 4 GB ပါဝင်ပါတယ်။ ဒေတာသိမ်းဆည်းနိုင်တဲ့ပမာဏက 32 GB ဆိုပေမယ့် External Card ကနေတစ်ဆင့် 128 GB အထိ တိုးချဲ့နိုင်ပါတယ်။ OS အနေနဲ့ AndroidMarshmallow 6.0 ကိုအခြေခံထားတဲ့ Funtouch OS 2.6 ဖြစ်သလို ဖုန်းရဲ့ဘတ္ထရီက 3000 mAh အထိ အထောက်အပံပေးပါတယ်။ Dual Sim အသုံးပြုနိုင်ပြီး ကွန်ရက်အနေနဲ့လည်း 4G LTE အထိရနိုင်ပါတယ်။ အလယ်အလတ်ဖုန်းတစ်လုံးအနေနဲ့ ပြည့်စုံတယ်လို့ ပြောနိုင်ပါတယ်။

အခြားထူးခြားမှုများ

V5 မှာ Multitasking ကိုအထောက်အပံ့ပေးထားတဲ့အတွက် ရုပ်ရှင်ကြည့်နေရင်း မက်ဆေ့ခ်ျဝင်လာခဲ့ရင်တောင်မှ အနှောက်အယှက်မဖြစ်ပါဘူး။ တပြိုင်နက် ဖုန်းစကရင်ပေါ်မှာ အလုပ်နှစ်ခုလုပ်နိုင်ပါတယ်။ Fingerprint Sensor က 360 ဒီဂရီအထောက်အပံ့ပေးလို့ ဘယ်လိုအနေအထားကမဆို ဖုန်းကို Unlock လုပ်ရတာလွယ်ကူပါတယ်။ နောက်ပြီးကြာမြင့်ချိန်ကလည်း 2 စက္ကန့်လောက်သာရှိပါတယ်။ Vivo ရဲ့ ကိုယ်ပိုင် Hi-Fi စနစ်ကြောင့်လည်း ဖုန်းရဲ့အသံအရည်အသွေးဟာ သီချင်းနားထောင်ရင်တော်တော်ကောင်းမွန်တာကို တွေ့ရပါတယ်။ အထူးခြားဆုံးကတော့ ဖုန်းကထွက်လာတဲ့ရောင်စဉ်တွေကြောင့် မျက်လုံးထိခိုက်မှုမရှိအောင်ကာကွယ်ပေးတဲ့ စနစ်ပါ။ ဖုန်းကိုကြာကြာသုံးခဲ့ရင်တောင်မှာV5 မှာ မျက်လုံးကို အန္တရာယ်မဖြစ်စေပါဘူး။

High-end ဖုန်းတွေကို မယှဉ်နိုင်ပေမယ့် V5 မှာကိုယ်ပိုင်အရည်အသွေးတွေရှိနေပါတယ်။ Selfie ကိုနှစ်သက်တယ်၊ ဖုန်းဒီဇိုင်းလှလှလေးနဲ့လည်း စတိုင်ကျချင်တယ်ဆိုရင်တော့ ငွေကျပ်သုံးသိန်း ကျော်ကျော်လောက်ပဲ ကျသင့်တဲ့ Vivo ရဲ့ V5 ဟာရွေးချယ်သင့်တဲ့ဖုန်းတစ်လုံးပါ။

This Article is endorsed by Vivo.

မင်းသုခ (အခရာ)

(www.akhayar.com)