Vivo V5 Black နဲ့အတူ အနုပညာရှင်တွေ အလှခြင်းပြိုင်ခဲ့ကြတဲ့ Novotel ကပွဲ

Vivo ရဲ့ V5 ဖုန်းကတော့ ဈေးကွက်မှာနာမည်ရပြီးသားဖုန်းတစ်လုံးပါ။ ဒီနေ့ Novotel က Sprot Bar မှာကျင်းပတဲ့ပွဲကတော့  V5 Black Limited Edition ကို မိတ်ဆက်တဲ့ပွဲတစ်ခုဖြစ်ပါတယ်။

ဒီပွဲကိုဝင်ဝင်ခြင်း စသတိထားမိတာက မီဒီယာတွေဝိုင်းဓါတ်ပုံရိုက်တာကိုခံနေရတဲ့ Presenter မလေး ထရီဇာပါ။ သတ္တုကိုယ်ထည်နဲ့အတူ လှပတဲ့ထောင့်ချိုးတွေပါဝင်တဲ့ V5 Black က ထရီဇာရဲ့အပြုံးကို ကျော်လွှားဖို့ကြိုးစားခဲ့ပါတယ်။

Vivo ဖုန်းလား၊ ထရီဇာ အပြုံးလား

Vivo ဖုန်းလား၊ ထရီဇာ အပြုံးလား

V6 Black မှာက 20MP ရှိတဲ့ Selfie ကင်မရာပါဝင်ပါတယ်။ နောက်ပြီးတော့ တကယ့်စတူဒီကြီးတွေမှာရိုက်တဲ့အတိုင်း အလင်းစနစ်လည်း ရနိုင်ပါသေးတယ်။ ဒါကို အဲလစ်အုန်းက မယုံသင်္ကာဖြစ်ပြီးတော့ Selfie ခိုးဆွဲနေတယ်ထင်ပါတယ်။ ဒါကို ကျွန်တော်အမိအရ မှတ်တမ်းတင်လိုက်နိုင်ခင်ဗျ။  အဲလစ်အုန်း Vivo နဲ့ Selfie ရိုက်ထားတဲ့ပုံနဲ့ ကျွန်တော့် DSLR ကင်မရာနဲ့ရိုက်ထားပုံက အစပိုင်း သိပ်မကွာပါဘူး။ ဒါပေမယ့် Vivo မှာတစ်ခါတည်းပါတဲ့ Beauty 6.0 နဲ့ချက်ချင်းပြင်လိုက်တော့ မျက်လုံးထဲမှာ သူ့ပုံက ပိုလှသွားသလိုပဲ။ တကယ်တော့အဲလစ်က လှပြီးသားပါ။

ကောင်းမွန်လွန်းတဲ့ Selfie စနစ်ကို ခိုးဝှက်စမ်းသပ်နေတဲ့ အဲလစ်အုန်း

Vivo ဖုန်းတွေမှာက အသံအရည်အသွေးကို ကြည်လင်ပြတ်သားစေတဲ့ Hi-fi စနစ်ပါပါတယ်။ ကိုလွှမ်းပိုင်ကတော့ ပြုံးစိပြုံးစိနဲ့ ဘာကို သဘောကျနေလဲမသိပါဘူး။ Vivo ရဲ့ Hi-fi နဲ့ ကိုယ့်သီချင်းကိုယ်နားထောင်မိသွားလို့များလားမသိပါဘူး။

Vivo ရဲ့ Hifi အသံစနစ်ကို သဘောကျလို့ပြုံးနေတာလား ကိုလွှမ်းပိုင်

ဝိုင်းစု ပိုစတာအရှေ့မှာလာရပ်တဲ့အချိန်မှာတော့ ဘယ်သူမှ 20 MP Selfie တွေ၊ ကွေးညွတ်ပြီး လှပတယ်ဆိုတဲ့ Vivo ရဲ့ကောက်ကြောင်းတွေအကြောင်းကို စိတ်မဝင်စားတော့ပါဘူး။ ဝိုင်းစုက စူးရှရှအကြည့်နဲ့အတူ ပရိသတ်အားလုံးရဲ့ အာရုံကိုညှို့ယူခဲ့ပါတယ်။ ဝိုင်းစုကလည်း အမည်းဝမ်းဆက်၊ Vivo ဖုန်းက အနက်ဆိုတော့ကင်မရာတွေအောက်မှာ ဖုန်းပေါ်က Vivo တံဆိပ်က ပိုပြီးတောင် အရောင်လဲ့လာသလိုပါပဲ။

ဝိုင်းစုရဲ့ စူးရှရှအကြည့်

ပိုင်တံခွန်၊ သုတ၊ အိမ်ဂျယ်လမုံ၊ သက်လုံးပုံ၊ ချွန်းချွန်းတို့နဲ့အတူ အခြားအနုပညာရှင်တွေ ဒီပွဲကိုတက်ရောက်ခဲ့ပေမယ့် ကျွန်တော်သေချာမှတ်တမ်းမတင်နိုင်ခဲ့ပါဘူး။ နောက်ပွဲတွေကြရင် ပြည့်ပြည့်စုံစုံမှတ်တမ်းတင်နိုင်အောင်ကြိုးစားပါ့မယ်။ Vivo ရဲ့ V5 Black Limited Edition ကဈေးနှုန်း သုံးသိန်းဝန်းကျင်သာ ရှိတာမို့လို့ ဒီဇိုင်းလှလှနဲ့ ကင်မရာကောင်းကောင်းလိုချင်တဲ့သူတွေအတွက်တော့ ရွေးချယ်သင့်တဲ့ဖုန်းတစ်လုံးလို့ အကြံပြုပါရစေ။

Vivo V5 Black Limited Edition ရဲ့ ပွဲပိုစတာတစ်ခု

မင်းသုခ (အခရာ)

(www.akhayar.com)