[Zawgyi]

Vivo ကေတာ့ ၂၀၁၈ အတြက္ ထုတ္ကုန္အသစ္အဆန္းေတြနဲ႔ အတူ Design အသစ္ေတြ၊ နည္းပညာအယူအဆအသစ္ေတြကို ထုတ္ျပလာခဲ့တဲ့အျပင္ ကမၻာ့ဖလားမွာလည္း Official Smartphone Sponsor အျဖစ္ပါဝင္ခဲ့ပါေသးတယ္။ Vivo ရဲ႕  NEX ကေတာ့ ၂၀၁၈ အတြင္း လူအမ်ားစိတ္ဝင္စားမႈရရွိသြားခဲ့တဲ့ဖုန္းျဖစ္ခဲ့သလို Flagship ဖုန္းေတြထဲမွာ နည္းပညာဖက္ကၾကည့္ရင္ စိတ္ဝင္စားဖို႔ေကာင္းသလို၊ Design အရလည္း အျမင္ဆန္းေနေစတာေၾကာင့္ Vivo ကိုအရင္ကထက္လူအမ်ားပိုသတိထားမိေစခဲ့ပါတယ္။

Vivo V11 Teaser

NEX မွာ Vivo က Flagship ဖုန္းျဖစ္တာနဲ႔အညီ In-Display Fingerprint Scanner လို နည္းပညာကို ထည့္ေပးလာပါတယ္။ In-Display Fingerprint Scanner ေၾကာင့္ ဖုန္းရဲ႕ေနာက္ေက်ာဖက္မွာ ပါေနက် Fingerprint Scanner ကို ထည့္စရာမလိုေတာ့တာေၾကာင့္ ဖုန္းေတြက အျမင္ပုိင္းမွာ အရင္ကထက္ပိုၾကည့္ေကာင္းလာပါတယ္။ အဲ့ဒီလို Flagship ဖုန္းမွာပဲေတြ႕ရတဲ့ နည္းပညာကို Vivo က V Series အတြက္ ပထမဦးဆံုးအႀကိမ္အျဖစ္ V11 မွာ In-Display Fingerprint Scanner ကိုထည့္သြင္းေပးလာတာပဲျဖစ္ပါတယ္။

Vivo V11 In-Display Fingerprint Scanner

Vivo V11 မွာ In-Display Fingerprint လို Flagship Feature ပါတာတင္မဟုတ္ဘဲ Display မွာေနာက္ထပ္ အားသာခ်က္ေတြလည္း ရွိေနပါေသးတယ္။ အဲ့တာကေတာ့ V11 ရဲ႕ Display က OLED ျဖစ္လာၿပီး Notch ကိုလည္း Vivo က အရင္က V Series ေတြထက္ ပိုေသးေအာင္လုပ္ေပးထားတဲ့အခ်က္ပဲျဖစ္ပါတယ္။ Display ကေတာ့ V Series ဖုန္းေတြထဲမွာ အျမင္ပိုင္း၊ Design ပိုင္းနဲ႔နည္းပညာပိုင္းမွာေျပာင္းလဲမႈအရွိဆံုးအျဖစ္မၾကာခင္မွာေတြ႕ရေတာ့မွာပါ။

New Notch Design

အခုလို In-Display Fingerprint Scanner ပါတဲ့ Vivo V11 ကို မၾကာခင္ ျပည္တြင္းေစ်းကြက္အတြက္ တရားဝင္မိတ္ဆက္ေပးသြားမယ္လို႔လည္း သိရပါတယ္္။ V11 ကို ျမန္မာႏိုင္ငံအတြက္ ဘာအေရာင္ေတြရႏိုင္မလဲ၊ Storage ဘယ္ေလာက္ပါတဲ့ Version ေတြကို ဝယ္လို႔ရမလဲ၊ ေစ်းကေရာ ဘယ္ေလာက္ရွိမလဲဆိုတဲ့အခ်က္ေတြကို Product Launch လုပ္မယ့္အခ်ိန္မွပဲသိရမွာပါ။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

In-Display Fingerprint Scanner ပါတဲ့ Vivo V11 ဖုန်းကို မကြာခင်ပြည်တွင်းဈေးကွက်အတွက် မိတ်ဆက်တော့မယ်

Vivo ကတော့ ၂၀၁၈ အတွက် ထုတ်ကုန်အသစ်အဆန်းတွေနဲ့ အတူ Design အသစ်တွေ၊ နည်းပညာအယူအဆအသစ်တွေကို ထုတ်ပြလာခဲ့တဲ့အပြင် ကမ္ဘာ့ဖလားမှာလည်း Official Smartphone Sponsor အဖြစ်ပါဝင်ခဲ့ပါသေးတယ်။ Vivo ရဲ့  NEX ကတော့ ၂၀၁၈ အတွင်း လူအများစိတ်ဝင်စားမှုရရှိသွားခဲ့တဲ့ဖုန်းဖြစ်ခဲ့သလို Flagship ဖုန်းတွေထဲမှာ နည်းပညာဖက်ကကြည့်ရင် စိတ်ဝင်စားဖို့ကောင်းသလို၊ Design အရလည်း အမြင်ဆန်းနေစေတာကြောင့် Vivo ကိုအရင်ကထက်လူအများပိုသတိထားမိစေခဲ့ပါတယ်။

Vivo V11 Teaser

NEX မှာ Vivo က Flagship ဖုန်းဖြစ်တာနဲ့အညီ In-Display Fingerprint Scanner လို နည်းပညာကို ထည့်ပေးလာပါတယ်။ In-Display Fingerprint Scanner ကြောင့် ဖုန်းရဲ့နောက်ကျောဖက်မှာ ပါနေကျ Fingerprint Scanner ကို ထည့်စရာမလိုတော့တာကြောင့် ဖုန်းတွေက အမြင်ပိုင်းမှာ အရင်ကထက်ပိုကြည့်ကောင်းလာပါတယ်။ အဲ့ဒီလို Flagship ဖုန်းမှာပဲတွေ့ရတဲ့ နည်းပညာကို Vivo က V Series အတွက် ပထမဦးဆုံးအကြိမ်အဖြစ် V11 မှာ In-Display Fingerprint Scanner ကိုထည့်သွင်းပေးလာတာပဲဖြစ်ပါတယ်။

Vivo V11 In-Display Fingerprint Scanner

Vivo V11 မှာ In-Display Fingerprint လို Flagship Feature ပါတာတင်မဟုတ်ဘဲ Display မှာနောက်ထပ် အားသာချက်တွေလည်း ရှိနေပါသေးတယ်။ အဲ့တာကတော့ V11 ရဲ့ Display က OLED ဖြစ်လာပြီး Notch ကိုလည်း Vivo က အရင်က V Series တွေထက် ပိုသေးအောင်လုပ်ပေးထားတဲ့အချက်ပဲဖြစ်ပါတယ်။ Display ကတော့ V Series ဖုန်းတွေထဲမှာ အမြင်ပိုင်း၊ Design ပိုင်းနဲ့နည်းပညာပိုင်းမှာပြောင်းလဲမှုအရှိဆုံးအဖြစ်မကြာခင်မှာတွေ့ရတော့မှာပါ။

New Notch Design

အခုလို In-Display Fingerprint Scanner ပါတဲ့ Vivo V11 ကို မကြာခင် ပြည်တွင်းဈေးကွက်အတွက် တရားဝင်မိတ်ဆက်ပေးသွားမယ်လို့လည်း သိရပါတယ်။ V11 ကို မြန်မာနိုင်ငံအတွက် ဘာအရောင်တွေရနိုင်မလဲ၊ Storage ဘယ်လောက်ပါတဲ့ Version တွေကို ဝယ်လို့ရမလဲ၊ ဈေးကရော ဘယ်လောက်ရှိမလဲဆိုတဲ့အချက်တွေကို Product Launch လုပ်မယ့်အချိန်မှပဲသိရမှာပါ။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။