[Zawgyi]


Halo FullView Display


Halo FullView Display








Min Than Htike (Akhayar)

www.akhayar.com


[Unicode]

Fast Charging နဲ့ Halo FullView တို့ပေါင်းထည့်ပေးထားတဲ့ Vivo V11 ၊ V11i

Vivo က V11 ဖုန်းတွေကို ပြည်တွင်းဈေးကွက်မှာ သယ်ဆောင်လာပေးခဲ့တာ အခုဆိုရင် လူငယ်တွေကြား အကောင်းဆုံး V Series ဖုန်းအဖြစ် နေရာယူထားပြီးပါပြီ။ V11 ဖုန်းအသစ်တွေမှာတော့ ပြောင်းလဲလာတဲ့ Design အသစ်တွေနဲ့ အဆင့်မြှင့်တင်ထားတဲ့ Hardware Feature အသစ်တွေကို တွေ့ရပါတယ်။ 

Halo FullView Display

V11 ဖုန်းအသစ်တွေက V Series ရဲ့နောက်စာမျက်နှာအတွက် ပထမဆုံးစတင်ထုတ်လုပ်ပေးလိုက်တဲ့ Device တွေဖြစ်တာကြောင့် Design ပိုင်းမှာ ပိုပြီး အနာဂတ်ဆန်လာပါပြီ။ ဖုန်းတစ်လုံးရဲ့ အတွေ့အကြုံကို သိသိသာသာ အဆင့်မြှင့်တင်ပေးနိုင်တာ အမြင်ပိုင်းပါ။ အမြင်ပိုင်းဆိုင်ရာ အတွေ့အကြုံကို အဆင့်မြှင့်တင်ပေးနိုင်ဖို့အတွက် Vivo က V11 ဖုန်းတွေမျာ ပိုကျယ်ပြန့်တဲ့ Display ကိုတပ်ပေးလာပါတယ်။ 

Halo FullView Display

V11 နဲ့ V11i မှာတွေ့ရတဲ့ Display တွေကိုတော့ Halo FullView Display လို့ Vivo က နာမည်ပေးထားပါတယ်။ Halo FullView တွေက အရင်ထက် ပိုပြီးကျယ်ပြန့်လာတာကြောင့် အမြင်ပိုင်းဆိုင်ရာအတွေ့အကြုံကို ပိုပြီးကောင်းလာစေပါတယ်။ ဖုန်းရှေ့မျက်နှာပြင်ရဲ့ 91.27% ကို Display က နေရာယူထားတာကြောင့် Video ကြည့်တဲ့အခါနဲ့ Game ဆော့တဲ့အခါမှာ အရင်ကထက် ပိုကောင်းတဲ့အတွေ့အကြုံကို ပေးနိုင်လာပါတယ်။ 

Halo FullView Display with Small Notch

ဒီလို Halo FullView အတွေ့အကြုံကို ရအောင်လုပ်ပေးနိုင်တာကတော့ အပေါ်ဖက်မှာပါတဲ့ Notch ကို ပိုပြီးသေးအောင် လုပ်ပေးလာနိုင်တာကြောင့်ပါ။ 25MP Selfie Camera နဲ့ Proximity Sensor တွေအတွက် အခုလို သေးငယ်တဲ့ Notch ထဲမှာ ရအောင်ထည့်ပေးထားတာကြောင့် Display အတွက် ပိုပြီးကောင်းသွားစေပါတယ်။ အခုလို Notch ကိုသေးအောင်လုပ်တဲ့အခါမှာ Earpiece ကိုလည်း နေရာရွှေ့ရပါသေးတယ်။ Earpiece ကိုတော့ ဖုန်းရဲ့ အပေါ်ဖက်ဘောင်အစွန်းမှာ ပြောင်းထည့်ပေးထားတာကြောင့် Display အတွေ့အကြုံကို အားဖြည့်ပေးရာရောက်ပါတယ်။ 

Dual-Engine Fast Charging

Display ရဲ့ဘေးဖက်ဘောင်တွေကိုလည်း 1.76mm အထိ သေးငယ်အောင် လုပ်ပေးထားတာကြောင့် လက်ထဲမှာကိုင်ထားတဲ့အခါ Display ကြီးကိုပဲ ကိုင်ထားရသလို ဖြစ်နေစေတဲ့အပြင် ကျစ်လစ်တဲ့ ဖုန်းကိုယ်ထည် Design ကိုလည်း ဖော်ဆောင်ပေးရာရောက်ပါတယ်။ Vivo V11 ဖုန်းတွေမှာတော့ အခုလို ကောင်းမွန်တဲ့ Display အတွေ့အကြုံတွေကို အချိန်အကြာကြီးပေးနိုင်စေဖို့အတွက် V11 မှာ 3400mAh Battery နဲ့ V11i မှာ 3315mAh ရှိတဲ့ Battery တွေကို ထည့်ပေးထားပါတယ်။ 

Dual-Engine Fast Charging

ဒီ Battery တွေကို အားသွင်းတဲ့အခါလည်း အချိန်အကြာကြီးပေးနေစရာမလိုအောင် Vivo က V11 ဖုန်းတွေမှာ Fast Charging စနစ်တွေကိုလည်း ထည့်ပေးထားပါသေးတယ်။ Vivo ရဲ့ ကိုယ်ပိုင် နည်းပညာဖြစ်တဲ့ Dual-Engine Fast Charging စနစ်ကို V11 မှာထည့်သွင်းပေးထားသလို V11i မှာတော့ 9V/2A Fast Charging နဲ့အားသွင်းနိုင်မှာဖြစ်တာကြောင့် အဆင်ပြေစေပါတယ်။ V11 ဖုန်းတွေကတော့ အခုအချိန်မှာ အကောင်းဆုံး V Series ဖုန်းတွေအဖြစ် ရှိနေပြီဖြစ်ပါတယ်။ Vivo Fan တွေအတွက်တော့ ရွေးချယ်စရာတွေ ပိုများလာပါပြီ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။