Vivo ကေန ျပီးခဲ့တဲ့ ဇြန္လ ၂၇ ရက္ေန႔မွာ တရုတ္ႏုိင္ငံ ရွန္ဟုိင္းျမိဳ႕မွာျပဳလုပ္တဲ့ MWC 2018 ပြဲမွာ လက္ရွိ 3D Sensing နည္းပညာေတြထက္ ပိုျပီး အဆင့္ျမင့္မားတဲ့ Time of Flight (TOF) လုိ႔ ေခၚတဲ့ 3D Sensing နည္းပညာအသစ္ကို မိတ္ဆက္ခဲ့ပါတယ္။ အခု TOF 3D Sensing နည္းပညာက 3D Face Scanning ၊ AR နဲ႔ အျခားေသာ လူေနမႈဘဝေတြမွာပါ အဆင့္ျမွင့္ေပးေပးႏုိင္မယ္လုိ႔ သိရပါတယ္။

Vivo TOF 3D Sensing Technology

Vivo ရဲ႕ TOF 3D Sensing နည္းပညာက ဘယ္လုိအလုပ္လုပ္သလဲဆုိရင္ အဆိုပါ 3D Sensor ကေန အကြာအေဝ ၃ မီတာအတြင္းက အရာဝတၳဳကို အလင္းထုတ္လႊတ္ျပီးေတာ့ အဆုိပါအရာဝတၳဳကေန ျပန္လာတဲ့့အလင္းကို မူတည္ျပီး တြက္ခ်က္မႈေတြကို ျပဳလုပ္တာပဲျဖစ္ပါတယ္။ အခုနည္းပညာဟာ မ်က္ႏွာ၊ လႈပ္ရွားမႈေတြအျပင္ 3D Photography နဲ႔ AR ပိုင္းေတြမွာပါ ေနာက္လာမယ့္မ်ိဳးဆက္ စမတ္ဖုန္းေတြအထိ ျဖန္႔က်က္သြားမွာပဲျဖစ္ပါတယ္။

Vivo Nex

Vivo ရဲ႕ Senior Vice President ျဖစ္တဲ့ Alex Feng ရဲ႕ေျပာၾကားခ်က္အရေတာ့ မႏွစ္တုန္းက Vivo ကေန In-Display Fingerprint နည္းပညာကို ျပသခဲ့သလုိပဲ အခုအခ်ိန္မွာလည္း ေနာက္ထပ္ေဖာက္ထြက္လာတဲ့နည္းပညာတစ္ခုျဖစ္တဲ့ TOF 3D Sensing နည္းပညာကို AI နဲ႔ ေပါင္းစပ္ျပီး အသံုးျပဳသူေတြကို အမွန္တကယ္ အသိညဏ္ရည္ျမင့္မားတဲ့ အနာဂတ္တစ္ခုကို ရရွိေစမယ္လုိ႔ ေျပာၾကားခဲ့ျပီး ပိုေကာင္းတဲ့အနာဂတ္အတြက္ ဆက္လက္ျပီး ျဖစ္ႏုိင္တဲ့အရာတုိင္းကို ရွာေဖြသြားမယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

Vivo 2018 Shanghai MWC

Vivo ရဲ႕ ယခု TOF 3D Sensing နည္းပညာက ဘာလုိ႔ တျခား 3D Sensing နည္းပညာေတြထက္ သာလြန္ေနသလဲဆိုရင္ Sensor Point ေပါင္း ၃ သိန္းပါဝင္ေနတာျဖစ္ျပီးေတာ့ အဆုိပါ ပမာဏက လက္ရွိအေကာင္းဆံုးေသာ စမတ္ဖုန္းေတြမွာ အသံုးျပဳေနတဲ့ Structured Light နည္းပညာထက္ Sensor Point ၁၀ ဆ ပိုျပီး မ်ားျပားတဲ့အတြက္ ၁၀ ဆ ပိုျပီး တိက်မယ္လုိ႔ေတာင္ေျပာလုိ႔ရပါတယ္။ ဒါ့အျပင္ Sensor ေတြေနရာယူမယ္လည္း နည္းပါးတဲ့အတြက္ Structured Light နည္းပညာထက္ ပိုေသးငယ္ျပီး ပိုရုိးရွင္းတယ္လုိ႔ ေျပာလုိ႔ရပါတယ္။ အဲ့ဒီအတြက္ ဒီနည္းပညာကို အသံုးခ်လာႏုိင္တဲ့ စမတ္ဖုန္းေတြ၊ Application ေတြလည္း ပိုျပီးမ်ားျပားလာေတာ့မွာပါ။

အခု Vivo ရဲ႕ TOF 3D Sensing နည္းပညာက Concept တစ္ခုတင္မဟုတ္ေတာ့ဘဲ စမ္းသပ္မႈေတြ၊ Applications ေတြနဲ႔ တြဲဖက္အလုပ္လုပ္ႏုိင္မႈရွိမရွိကိုပါ စမ္းသပ္စစ္ေဆးျပီးျပီလုိ႔သိရပါတယ္။

Vivo TOF 3D Sensing Demo

TOF 3D Sensing စနစ္ဟာ မ်က္ႏွာကိုတင္ Scan ျပဳလုပ္ေပးမွာမဟုတ္ဘဲ အသံုးျပဳသူရဲ႕ ကိုယ္ခႏၶာကိုပါ Scan ျပဳလုပ္ႏုိင္တဲ့အတြက္ Mixed Reality ဂိမ္းေတြ၊ ၊ Applications ေတြမွာပါ ေကာင္းေကာင္းအသံုးခ်လာႏုိင္ေတာ့မွာျဖစ္ပါတယ္။

Vivo TOF 3D Sensing Demo

Vivo ရဲ႕ TOF 3D Sensing စနစ္ကို ေျပာရမယ္ဆုိရင္ အဆံုးအစမရွိေသးပဲေနာက္ပိုင္းမွာ Object တစ္ခုလံုးကို 3D Modelling လုပ္ႏုိင္တာ၊ ပညာေရးနဲ႔ ေဆးပညာပိုင္းမွာပါ အသံုးခ်လာႏုိင္တဲ့အထိ စြမ္းေဆာင္ရည္ျမင့္မားလာႏုိင္ပါတယ္။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Vivo ကနေ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာပြုလုပ်တဲ့ MWC 2018 ပွဲမှာ လက်ရှိ 3D Sensing နည်းပညာတွေထက် ပိုပြီး အဆင့်မြင့်မားတဲ့ Time of Flight (TOF) လို့ ခေါ်တဲ့ 3D Sensing နည်းပညာအသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အခု TOF 3D Sensing နည်းပညာက 3D Face Scanning ၊ AR နဲ့ အခြားသော လူနေမှုဘဝတွေမှာပါ အဆင့်မြှင့်ပေးပေးနိုင်မယ်လို့ သိရပါတယ်။

Vivo TOF 3D Sensing Technology

Vivo ရဲ့ TOF 3D Sensing နည်းပညာက ဘယ်လိုအလုပ်လုပ်သလဲဆိုရင် အဆိုပါ 3D Sensor ကနေ အကွာအဝေ ၃ မီတာအတွင်းက အရာဝတ္ထုကို အလင်းထုတ်လွှတ်ပြီးတော့ အဆိုပါအရာဝတ္ထုကနေ ပြန်လာတဲ့အလင်းကို မူတည်ပြီး တွက်ချက်မှုတွေကို ပြုလုပ်တာပဲဖြစ်ပါတယ်။ အခုနည်းပညာဟာ မျက်နှာ၊ လှုပ်ရှားမှုတွေအပြင် 3D Photography နဲ့ AR ပိုင်းတွေမှာပါ နောက်လာမယ့်မျိုးဆက် စမတ်ဖုန်းတွေအထိ ဖြန့်ကျက်သွားမှာပဲဖြစ်ပါတယ်။

Vivo Nex

Vivo ရဲ့ Senior Vice President ဖြစ်တဲ့ Alex Feng ရဲ့ပြောကြားချက်အရတော့ မနှစ်တုန်းက Vivo ကနေ In-Display Fingerprint နည်းပညာကို ပြသခဲ့သလိုပဲ အခုအချိန်မှာလည်း နောက်ထပ်ဖောက်ထွက်လာတဲ့နည်းပညာတစ်ခုဖြစ်တဲ့ TOF 3D Sensing နည်းပညာကို AI နဲ့ ပေါင်းစပ်ပြီး အသုံးပြုသူတွေကို အမှန်တကယ် အသိညဏ်ရည်မြင့်မားတဲ့ အနာဂတ်တစ်ခုကို ရရှိစေမယ်လို့ ပြောကြားခဲ့ပြီး ပိုကောင်းတဲ့အနာဂတ်အတွက် ဆက်လက်ပြီး ဖြစ်နိုင်တဲ့အရာတိုင်းကို ရှာဖွေသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Vivo 2018 Shanghai MWC

Vivo ရဲ့ ယခု TOF 3D Sensing နည်းပညာက ဘာလို့ တခြား 3D Sensing နည်းပညာတွေထက် သာလွန်နေသလဲဆိုရင် Sensor Point ပေါင်း ၃ သိန်းပါဝင်နေတာဖြစ်ပြီးတော့ အဆိုပါ ပမာဏက လက်ရှိအကောင်းဆုံးသော စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ Structured Light နည်းပညာထက် Sensor Point ၁၀ ဆ ပိုပြီး များပြားတဲ့အတွက် ၁၀ ဆ ပိုပြီး တိကျမယ်လို့တောင်ပြောလို့ရပါတယ်။ ဒါ့အပြင် Sensor တွေနေရာယူမယ်လည်း နည်းပါးတဲ့အတွက် Structured Light နည်းပညာထက် ပိုသေးငယ်ပြီး ပိုရိုးရှင်းတယ်လို့ ပြောလို့ရပါတယ်။ အဲ့ဒီအတွက် ဒီနည်းပညာကို အသုံးချလာနိုင်တဲ့ စမတ်ဖုန်းတွေ၊ Application တွေလည်း ပိုပြီးများပြားလာတော့မှာပါ။

အခု Vivo ရဲ့ TOF 3D Sensing နည်းပညာက Concept တစ်ခုတင်မဟုတ်တော့ဘဲ စမ်းသပ်မှုတွေ၊ Applications တွေနဲ့ တွဲဖက်အလုပ်လုပ်နိုင်မှုရှိမရှိကိုပါ စမ်းသပ်စစ်ဆေးပြီးပြီလို့သိရပါတယ်။

Vivo TOF 3D Sensing Demo

TOF 3D Sensing စနစ်ဟာ မျက်နှာကိုတင် Scan ပြုလုပ်ပေးမှာမဟုတ်ဘဲ အသုံးပြုသူရဲ့ ကိုယ်ခန္ဓာကိုပါ Scan ပြုလုပ်နိုင်တဲ့အတွက် Mixed Reality ဂိမ်းတွေ၊ ၊ Applications တွေမှာပါ ကောင်းကောင်းအသုံးချလာနိုင်တော့မှာဖြစ်ပါတယ်။

Vivo TOF 3D Sensing Demo

Vivo ရဲ့ TOF 3D Sensing စနစ်ကို ပြောရမယ်ဆိုရင် အဆုံးအစမရှိသေးပဲနောက်ပိုင်းမှာ Object တစ်ခုလုံးကို 3D Modelling လုပ်နိုင်တာ၊ ပညာရေးနဲ့ ဆေးပညာပိုင်းမှာပါ အသုံးချလာနိုင်တဲ့အထိ စွမ်းဆောင်ရည်မြင့်မားလာနိုင်ပါတယ်။

Zawyè (Akhayar) 

www.akhayar.com